COVID – 19 ဂယက်ကြောင့် အိမ်ထဲကအိမ်ပြင်မထွက်ရဲကြတဲ့ အခုလိုအချိန်ဟာ စုံတွဲတွေအတွက်တော့ အခက်အခဲဆုံးအချိန်တွေဖြစ်မယ်ထင်ပါတယ်။ တစ်ရက်မတွေ့ရရင်မနေနိုင်ပါဘူးဆိုတဲ့ စုံတွဲတွေအနေနဲ့ အခုရောဂါဆိုးကြီးဖြစ်လာတာကြောင့် နောက်ထပ်ဘယ်နှစ်လလောက် မတွေ့ရပဲ နေကြရအုန်းမယ်ဆိုတာ မသိနိုင်ပါဘူး။ဒါပေမယ့် စိတ်မပူပါနဲ့ ဒီနေ့မှာတော့ စုံတွဲတွေအနေနဲ့ လူချင်းမတွေ့ရပေမယ့် ရင်ခုန်သံချင်းနှီးစပ်နေစေဖို့ လုပ်ဆောင်သင့်တဲ့အရာလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) ဂရုစိုက်မှုတွေလျော့မသွားပါစေနဲ့

Source : Time

လူချင်းမတွေ့ရပေမယ့်လည်း တစ်ယောက်အပေါ်တစ်ယောက် ဂရုစိုက်မှုတွေလျော့မသွားရင် အချစ်တွေကရှင်သန်လက်ဆတ်နေအုန်းမှာပါ။ သတိရတဲ့အတိုင်း ဖုန်းဆက်ပါ။ စာတို SMS လေးတွေပို့ပေးပါ။ လက်ရှိ COVID ရောဂါနဲ့ ပတ်သတ်ပြီး ကိုယ်သိထားတဲ့ ဆောင်ရန်ရှောင်ရန်အချက်လေးတွေပြောပြပေးပါ။ ဒီလိုဂရုစိုက်မှုလေးတွေရှိမယ်ဆိုရင် ဝေးနေပေမယ့်လည်း တစ်ယောက်အပေါ် တစ်ယောက် ချစ်ခြင်းမေတ္တာတွေပိုတိုးစေမှာပါ။

(၂) အချိန်တစ်ခုသတ်မှတ်ပါ

 

 

Source : HER WORLD

အိမ်မှာနေရတယ်ဆိုပေမယ့် အိမ်ကနေအလုပ်လုပ်ရတဲ့အချိန်တွေရှိမယ်။ အိမ်မှုကိစ္စဝိုင်းဝန်းလုပ်ကိုင်ပေးရတာမျိုးတွေရှိမယ်။ သီးသန့်ကိုယ်ပိုင်အချိန်လေးတွေလည်းရှိမယ်။ ဒါကြောင့် အချိန်တိုင်းအဆက်သွယ်လုပ်နေလို့တော့ အဆင်မပြေပါဘူး။ ဘယ်အချိန်တွေမှာ စကားပြောကြမယ် လိုင်းပေါ်ကနေ Video Call တွေခေါ်ပြီးအလွမ်းသယ်ကြမယ် အွန်လိုင်းဂိမ်းတွေအတူတူဆော့ကြမယ် စသည်ဖြင့် သီးသန့်အချိန်လေးတစ်ခုသတ်မှတ်ထားမယ်ဆိုရင်တော့ တခြားသောအလုပ်ဝန် အိမ်မှုကိစ္စဝန်တွေမပိစေပဲ အေးအေးဆေးဆေး အဆက်သွယ်လုပ်လို့ရနိုင်မှာဖြစ်ပါတယ်။

(၃) စပရိုက်လုပ်ပါ

Source : Washington Post

ဒီလိုအချိန်ကြီးမှာ စပရိုက်လုပ်လို့ရပါ့မလားလို့ထင်ကောင်းထင်နေပါလိမ့်မယ်။ ကိုယ်လည်းအိမ်ထဲကအိမ်ပြင်မထွက်ရပဲ ချစ်သူကောင်မလေးကို စပရိုက်တိုက်လို့ရပါတယ်။ဒါကဘာလဲဆိုတော့ မိန်းကလေးအများစုက အစားအသောက်ခုန်မင်သူတွေဆိုတာ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ သူတို့ကြိုက်တက်တဲ့ မုန့်လေးဖြစ်ဖြစ် Bubble Tea ဖြစ်ဖြစ် စားစရာတစ်ခုခုကို သူမမသိအောင် Delivery နဲ့လှမ်းမှာပြီးပို့ပေးလိုက်ပါ။ ဒါဆိုကိုယ်လည်း အပြင်ထွက်စရာမလိုပဲ ချစ်သူကို စပရိုက်လုပ်နိုင်ပြီပေါ့။

(၄) ယုံကြည်မှုတည်ဆောက်ပါ

Source ; RingsCollection

ဘာပဲဖြစ်ဖြစ် အခုလိုဝေးကွာနေချိန်မှာ တစ်ယောက်ကိုတစ်ယောက် သံသယကင်းကင်းနဲ့ ယုံကြည်မှုပြည့်ဝနေဖို့အရေးကြီးပါတယ်။ ဘယ်လိုအရေးကိစ္စပေါ်လာပေါ်လာ ကိုယ့်ချစ်သူကို သတင်းပို့ပါ။မဖြစ်မနေ အပြင်သွားရမယ်ဆိုရင်လည်း ဖုန်းဆက်တာ စာပို့တာဖြစ်ဖြစ် အကျိုးကြောင်းပြောပြထားပါ။တစ်ယောက်အပေါ်တစ်ယောက် သံသရကင်းနေမှလည်း အခုလိုဝေးကွာနေချိန်မှာ အချစ်တွေကပိုခိုင်မြဲမှာပါ။