ခြောက်သွေ့ချမ်းအေးတဲ့ ဆောင်းရာသီသည် သင့်ရဲ့အသားအရေကို ခြောက်သွေ့ကြမ်းတမ်းစေနိုင်သလိုပဲ သင့်ရဲ့ဆံကေသာကိုလည်း ပျက်စီးကြမ်းတမ်းစေပါတယ်။ ဒီလိုပျက်စီးနေတဲ့ ဆံကေသာနဲ့ ဦးရေပြားတို့ကို ဆောင်းတွင်းမှာ ကျန်းမာနေစေဖို့ရန်အတွက် ကူညီပေးမယ့် နည်းလမ်းကောင်းလေးတွေကို ဒီဆောင်းပါးလေးကနေတဆင့် ဝေမျှပေးလိုက်ရပါတယ်။

ရေနွေးနဲ့ ရေချိုးခြင်း

tips for men with damaged hair in winter

ဆောင်းတွင်းက အေးလွန်းတော့ ရေချိုးတဲ့အခါ ရေနွေးနဲ့ စပ်ချိုးတာပဲဖြစ်ဖြစ် ရေပူစက်သုံးပြီး ချိုးတာပဲဖြစ်ဖြစ် ပြုလုပ်တတ်ကြပါတယ်။ ဒီလို ရေပူနဲ့ ရေချိုး ခေါင်းလျှော်တဲ့အခါ ဦးရေပြားနဲ့ ဆံကေသာရဲ့ သဘာဝအဆီဓာတ်ကို ပျက်စီးဆုံးရှုံးသွားစေပြီး ဦးရေပြားနဲ့ ဆံကေသာကို ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ ဒါ့ကြောင့် အလွန်အမင်းပူလွန်းတဲ့ ရေနွေးနဲ့ ရေချိုး ခေါင်းလျှော်မယ့်အစား ကြက်သီးနွေး ရေနွေးဖြင့်သာ ရေချိုး ခေါင်းလျှော်သင့်ပါတယ်။

ဆံကေသာကို အစိုဓာတ်ထိန်းပေးမယ့် ခေါင်းလျှော်ရည်နဲ့ Conditioner အသုံးပြုပါ

tips for men with damaged hair in winter

ရေရဲ့အပူချိန်ကို မှန်ကန်အောင် ထိန်းညှိပြီးတဲ့နောက်မှာတော့ ကိုယ် အသုံးပြုမယ့် ခေါင်းလျှော်ရည်နဲ့ Conditioner ကိုလည်း မှန်ကန်အောင် ရွေးချယ်သင့်ပါတယ်။ ခေါင်းလျှော်တဲ့အခါမှာလည်း ဦးရေပြားကို နှိပ်နယ်ပေးခြင်းအားဖြင့် ဆံကေသာ မွှေးညှင်းပေါက်များ ကျန်းမာလာမှာဖြစ်ပြီး ဆံကေသာလည်း စိုပြေကျန်းမာလာမှာဖြစ်ပါတယ်။ ဗောက်လည်း ထတော့မှာမဟုတ်ပါဘူး။

ခေါင်းလျှော်ရည် တစ်ခုတည်း မနိုင်တော့တဲ့အခါ သဘာဝဆီ အသုံးပြုပါ

tips for men with damaged hair in winter

စောစောက အချက် (၂) ချက်စလုံးကို ပြုလုပ်ပေမယ့်လည်း ဆံကေသာက ကြမ်းတမ်းခြောက်သွေ့ဆဲဆိုရင်တော့ ဒီနည်းလမ်းကို အသုံးပြုပါ။ ခေါင်းလျှော်ခါနီး မိနစ် ၂၀၊ ၃၀ အလိုမှာ ဆံကေသာကို အရင်းကနေ အဖျားအထိ အုန်းဆီ (သို့) သံလွင်ဆီ လိမ်းကျံကာ နှိပ်နယ်ပေးလိုက်ပါ။ ထို့နောက် ခေါင်းလျှော်ချလိုက်ပါ။ မနက်နိုးနိုးချင်း ခေါင်းလျှော်လေ့ရှိသူများကတော့ ညအိပ်ရာဝင်ခါနီးမှာ လိမ်းကျံ နှိပ်နယ်ပေးကာ အိပ်ရာဝင်နိုင်ပါတယ်။

ခေါင်းလျှော်ပြီးနောက် ဆံပင်အခြောက်ခံတဲ့အခါ

tips for men with damaged hair in winter

သင့်ဆံကေသာကိုလည်း ဆီထည့်ပြီးပြီ။ ခေါင်းလျှော်ရည်နဲ့ Conditioner အသုံးပြုပြီး ခေါင်းလျှော်ပြီးပြီ။ ရေချိုးခန်းက ထွက်လာပြီးတာနဲ့ ဆံကေသာကို သဘက်နဲ့ ကြမ်းကြမ်းတမ်းတမ်း သုတ်ပစ်နေပြီလား။ ဒါဆိုရင်တော့ သင့်ဆံကေသာ ပျက်စီးကျိုးကြေပြီး အဖျားနှစ်ခွ ဖြစ်တတ်ပါတယ်။

ဆံကေသာသည် စိုစွတ်နေတဲ့အချိန်မှာ ထိခိုက်ရှလွယ်မှုအရှိဆုံးပါပဲ။ ဒါ့ကြောင့် အခုချိန်ကစပြီး ဆံပင်အခြောက်ခံတဲ့အခါ သင့်ရဲ့လက်နဲ့ပဲ ရေများကို လှုပ်ခါကာ သဘာဝအတိုင်း အခြောက်ခံလိုက်ပါ။ မိနစ်အနည်းငယ်ခန့် လေနဲ့ အခြောက်ခံပြီးတဲ့နောက်မှာတော့ သဘက်နဲ့ ညင်သာစွာ သုတ်ပေးနိုင်ပါတယ်။

Source: Fantasticsams.com

Featured Image Source: Byrdie.com