ကွီးတို့ တယောက်ယောက်နဲ့ တွဲနေပြီလား။သူ့ကိုရောတကယ်ချစ်လား။ဒါမှမဟုတ် ကြိုက်ပဲကြိုက်တာလား။ကြိုက်တာနဲ့ချစ်တာမှာ မတူညီတဲ့အချက်တွေအများကြီးရှိပါတယ်။ကွီးတို့ ကိုယ်တိုင်ကောင်မလေးကို ချစ်တာလာကြိုက်တာလားမသဲကွဲဖြစ်နေပြီလား။ စိတ်မပူပါနဲ့။ Kwee page ကနေပြီးတော့ တယောက်ယောက်ကိုချစ်မိနေပြီဆိုတာသေချာစေတဲ့ အချက်တွေကို အလင်းပြပေးမှာပါ။

ပိုပြီးသန်မာလာမယ်

Source: Airbnb Overiast

ဟုတ်ပါတယ်။ကိုယ်ချစ်တဲ့သူနဲ့ အတူတူနေရရင် စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ အရင်ကထက်ပိုပြီးတတ်ကြွသန်မာလာတာ ခံစားရပါလိမ့်မယ်။ကိုယ့်ကိုကိုယ်အထင် ကြီးလေးစားမှုနဲ့ ယုံကြည်မှုလည်းတိုးစေပါတယ်။ပြဿနာသေးသေးလေးတွေကကွီးတို့အတွက် စိတ်ရှုပ်စရာမဟုတ်တော့ပါဘူး။ဘာလို့လဲဆိုတော့ ကွီးဆီမှာအဲ့ဒါတွေထက်ပိုပြီး ဂရုစိုက်ရမဲ့သူရှိနေတဲ့ အတွက်ကြောင့်ပါ။

အချိန်တွေမေ့လာမယ်

Source: Yahoo Finance

ကိုယ်ချစ်တဲ့ သူနဲ့အတူနေရရင် အချိန်တွေကုန်မှန်းမသိကုန်သွားကြပါတယ်။နှစ်ယောက်အတူ ရှိမနေရင်တောင်မှ တယောက်နဲ့တယောက်စာတိုတွေပိုကြတယ် ဖုန်းတွေပြောကြတဲ့အချိန်မှာလည်း ဘယ်အချိန်ရှိနေပြီလဲဆိုတာ မေ့လာပါမယ်။ သူတို့နဲ့ အချိန်ဖြုန်းလေလေ ကွီးရဲ့အချိန်တွေကို သူတို့နဲ့ပဲကုန်ဆုံးချင်လေလေ ဖြစ်လာပါလိမ့်မယ်။

အရင်ကထက်ပိုတတ်ကြွနေမယ်

Source: Amaven

ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ အရင်ကထက်ပိုပြီး တတ်ကြွနေတယ်ခံစားနေရပြီလား။တယောက်ယောက်ကို တကယ်ချစ်မိနေပြီဆိုရင် ဒီခံစားချက်မျိုးခံစားရတတ်ပါတယ်။လုပ်ငန်းခွင်တွေမှာလည်း အရင်ကထက် ပိုပြီးတော့ တတ်ကြွနေမှာပါ။ကွီးကိုယ်တိုင်ဒါတွေကို သတိမထားမိပေမဲ့ ကွီးတို့ အနားမှာရှိတဲ့လူတွေက ဒါကိုသတိထားမိနေပါလိမ့် မယ်။

 

သူ့ကိုဦးစားပေးလာမယ်

Source : Shutterstock

ကိုယ့်ရဲ့ပျော်ရွှင်မှုထက် သူ့ရဲ့ပျော်ရွှင်မှုကို ဦးစားပေးရွေးချယ်ပေးလာမယ်။အပြင်မှာ တယောက်ထဲ တခုခုစားနေပြီဆိုရင်တောင် သူ့ကိုချက်ခြင်းသတိရလာမယ်။သူနဲ့ သွားတွေ့ရမယ်ဆိုရင် သူငယ်ချင်းတွေနဲ့ ချိန်းထားတာတွေ မသွားတော့ဘူး။အဝတ်အစားလှလှလေးတွေ တွေ့ရင်သူ့အတွက်ဝယ်ပေးလာမယ်။ဒါဆိုရင်တော့ သေချာနေပါပြီ။

သူပို့ထားတဲ့စာတိုလေးတွေပြန်ဖက်မိနေမယ်

Source: Learn What To Say To Girls

အရင်တုန်းကပို့ထားတဲ့ စာတိုလေးတွေ ဒါမှမဟုတ် သူနဲ့အရင်ကရိုက်ထားတဲ့ ပုံလေးတွေကို ခဏခဏပြန်ကြည့်မိနေမယ်။ အလုပ်အားပြီးဆိုတာနဲ့ သူ့ပုံလေးတွေသူတင်ထားတဲ့ ပို့စ်လေးတွေပဲ ထိုင်ဖက်မိနေပြီဆိုရင်တော့ သူ့ကိုချစ်မိနေပြီဆိုတာ သေချာနေပါပြီ။

သူ့အကြောင်းပိုသိချင်လာမယ်

Source: Stocksy United

တယောက်တယောကို ချစ်မိနေပြီဆိုရင် သူတို့အကြောင်းတွေ သိချင်လာတတ်ပါတယ်။ သူဘာကြိုက်တတ်လဲ။ရုပ်ရှင်ကြည့်ရတာဝါသနာပါလာ။သူ့အကြိုက်ဆုံးပန်းကဘာပန်းလဲ။ သူ့ရဲ့အကြိုက်ဆုံး သရုပ်ဆောင်ကဘယ်သူဖြစ်မလဲ စသဖြင့်သိချင်လာပါလိမ့်မယ်။သူ့ရဲ့ အနာဂတ်ရည်မှန်းချက်တွေ ကလေးဘဝတုံးက အကြောင်းအရာတွေ စသဖြင့် အကုန်လုံးကို သိချင်လာပါလိမ့်မယ်။

ဒီအချက်တွေတော်တော်များများရှိနေပြီဆိုရင်တော့ ကွီးတို့အနေနဲ့ သူ့ကိုတကယ်ချစ်မိနေပြီဆိုတာ လက်ခံလို့ရပါပြီ။