ခံတွင်းနဲ့သွားကျန်းမာရေးက ခန္ဓာကိုယ်ကျန်းမာရေးနဲ့ပက်သက်လာရင် အရေးကြီးတဲ့အစိတ်အပိုင်းမှာပါဝင်ပါတယ်။ ခံတွင်းသန့်ရှင်းရေးအားနည်းခြင်းက ခံတွင်းရောဂါတွေအပြင် နှလုံးရော၊ ကင်ဆာနဲ့ ဆီးချိုအထိပါ ဖြစ်ပွားစေနိူင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာ ခံတွင်းကျန်းမာရေးကို ဂရုစိုက်သင့်ပြီဖြစ်ကြောင်း သိနိူင်တဲ့အချက်တွေကို ဖော်ပြပေးသွားမှာပါ။
သွားကိုက်ခြင်း
Source: emergencyservice
သွားကိုက်တာက အဖြစ်များတဲ့ ခံတွင်းကျန်းမာရေး ပြဿနာတစ်ခုပါ။ သွားကိုက်ပြီဆို ပါးတွေရောင်၊ သွားဖုံးတွေရောင်ပြီး အစားမစားနိုင်၊ ဆန်ပြုတ်သောက်ရတာပါပဲ။ သွားပိုးစားခြင်းကြောင့်ဖြစ်တတ်ပေမယ့် သွားဖုံးရောဂါရှိနေတဲ့ လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။
ခံတွင်းနံ့ဆိုးခြင်း
Source: Westermeier Martin Dental Care
ခံတွင်းနံ့ဆိုးတယ်ဆိုတာ ကိုယ်စားလိုက်တဲ့ အစာတွေကြောင့်၊ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်တာကြောင့်၊ တံထွေးခန်းခြောက်တာကြောင့်၊ ဆေးလိပ်သောက်တာကြောင့် ၊ တခြားရောဂါတွေကြောင့် စတဲ့အကြောင်းရင်း တွေပါဝင်ပါတယ်။ သွားတိုက်ပြီးတာတောင် ခံတွင်းနံ့ဆိုးနေတာ တာရှည်လာရင် သွားဖုံးရောဂါလက္ခဏာဖြစ်နေနိုင်ပါတယ်။
သွားကျဉ်ခြင်း
Source: Pediatric-Dentist
အပူ ၊ အအေး ဘာပဲသောက်သောက် သွားကျဉ်ရတယ်ဆိုရင် သွားမှာပျက်စီးနေပြီ၊ ကျိုးပဲ့နေပြီ၊ သွားကြွေလွှာတွေပါးကုန်ပြီး ဒါမှမဟုတ် သွားအမြစ်ကိုပါ ထိခိုက်နေပြီဆိုတဲ့ ရလဒ်တွေအထိ ဖြစ်လာနိုင်တဲ့လက္ခဏာအစပါ။
သွားမှာ ပြဿနာပေါ်လာခြင်း
Source: 7 Dimensions Medical Center
သွားပဲ့ခြင်း၊ သွားကျိုးခြင်း၊ သွားကရှည်ထွက်လာသလိုဖြစ်ခြင်း တို့လို ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ သွားကရှည်ထွက်လာသလိုထင်ရတာက သွားဖုံးတွေကျုံ့သွား တိုသွားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါတွေက သွားဖုံးရောဂါရဲ့လက္ခဏာဖြစ်နေနိုင်ပေမယ့် သွားကျွတ်တဲ့ အဆင့်ကိုရောက်ရင်တော့ အန္တရာယ်အဆင့်ကိုရောက်နေပြီဖြစ်ပါတယ်။ သွားဖုံးတစ်ရှူးတွေနဲ့မေးရိုးကို ထိခိုက်လာနိုင်တာကြောင့် အမြန်ဆုံးကုသဖို့လိုပါတယ်။ အသက်ရှူလမ်းကြောင်းရောဂါတွေ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ တခြားရောဂါတွေဖြစ်လာနိုင်လို့ပါပဲ။
သွားအရောင်ပြောင်းလာခြင်း
Source: Live Science
သွားအရောင်ပြောင်းလာစေတဲ့ အကြောင်းရင်းထဲမှာ ကော်ဖီ၊ လက်ဖက်ရည်သောက်တာများလို့၊ ဆေးလိပ်သောက်လို့၊ အသက်အရွယ်ကြောင့်၊ မျိုးဗီဇကြောင့်၊ ထိခိုက်မှု (သို့) ဆေးဝါးတွေကြောင့်စတဲ့ အကြောင်းရင်းတွေလည်းပါဝင်ပါတယ်။