ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ Emotional Stress ဒဏ်ကို ရှောင်မရအောင် ခံစားနေကြတာပါ။ အတော်များများက စိတ်ဖိစီးလာရင် မေ့ပစ်ဖို့ ကြိုးစားကြပေမယ့် နည်းလမ်းတကျ လွှတ်မချနိုင်တာကြောင့် စိတ်ဖိစီးမှုဒဏ်ကို ပိုပြီး ခံစားနေကြရပါတယ်။ စိတ်ဖိစီးမှုကြုံနေတဲ့သူတွေအတွက် စိတ်သက်သာရာ ရပြီး အေးချမ်းဖို့ တတ်ကျွမ်းသူတွေရဲ့ အကြံဉာဏ်ကို အသုံးချကြည့်မယ်ဆိုရင် Stress ကို ရင်ဆိုင်ရာမှာ ပိုပြီး ထိရောက်မှုရှိနိုင်ပါတယ်။

(၁) ခပ်ကင်းကင်းနေ

man-sitting-happily-playing-guitar-forest-alone

Photo: Freepik

ကိုယ့်ကို စိတ်ဖိစီးစေတဲ့ လူတွေ ၊ အရာဝတ္ထုတွေနဲ့ ခပ်ဝေးဝေးနေခြင်းကလည်း စိတ်ဖိစီးမှုကို သက်သာရာ ရစေပါတယ်။ ကိုယ့်ကို နာကျင်အောင် လုပ်နေတဲ့ လူတစ်ယောက်ကို ချစ်နေတယ်ဆိုရင်လည်း ဒီလို နာကျင်ရတဲ့ ဆက်ဆံရေးမျိုးက ခွာဖို့ ဖြစ်ပါတယ်။ လူတော်တော်များများဟာ အဆင်ခြင်မဲ့ ချစ်ခဲ့ပြီး ရက်စက်တဲ့အချစ်ရေးကို မစွန့်ခွာနိုင်တဲ့ အခက်အခဲ ရှိတတ်ကြပါတယ်။ တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ်ရော ၊ ကိုယ့်ကို စိတ်ပင်ပန်းစေတဲ့သူတွေနဲ့ပါ ခွာ နေတတ်တဲ့နည်းကို သိမှ စိတ်အေးချမ်းရပါလိမ့်မယ်။

(၂) ကျေးဇူးတင်တတ်အောင်နေ

cyclist-finish-line

Photo: Freepik

ဘယ်လို အခြေအနေမှာဖြစ်ဖြစ် နှလုံးသွင်းမှန်တဲ့သူက နေရထိုင်ရ သက်သာတာပါပဲ။ ကြုံလာတဲ့ အဖြစ်အပျက်တွေပေါ် ကောင်းကွက်ကို ရှာကြည့်ပြီး စိတ်သက်သာရာရအောင် နေထိုင်တဲ့သူတွေဟာ စိတ်ဖိစီးမှုရဲ့ ရိုက်ခတ်ခြင်းက ကင်းလွတ်ရာရပါတယ်။ ဒါကြောင့် Stress မပိချင်ရင် အကောင်းမြင်ပါလို့ ပြောချင်ပါတယ်။

(၃) ပစ္စုပ္ပန်ကို အာရုံစိုက်

company-official-looking-through-window-office

Photo: Freepik

လူတော်တော်များများ စိတ်ဒုက္ခခံစားရတဲ့ အကြောင်းအရင်းဟာ လွန်ပြီးတဲ့ ကိစ္စတွေကြောင့် တနုံ့နုံ့ စိတ်ဒဏ်ရာတူးဆွမိတာနဲ့ ဖြစ်မလာသေးတဲ့ ကိစ္စရပ်တွေအပေါ် ကြောင့်ကြစိတ်များနေတာကြောင့် ဖြစ်တတ်ပါတယ်။ လက်ရှိပစ္စုပ္ပန်အခြေအနေလေးမှာပဲ နေထိုင်တတ်လေလေ လက်တွေ့ဘဝကို ပိုကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်လေလေပါပဲ။ လက်ရှိအချိန်လေးကို စိတ်နှစ်ထားသူဟာ ပြဿနာတစ်ခုကို ဖုံးထားတဲ့ အတားအဆီးတွေကို ကျော်ကြည့်နိုင်စွမ်း ရှိပါတယ်။ စိတ်ဓါတ် ကြံ့ခိုင်တဲ့သူတွေဟာ ပြီးခဲ့တဲ့ကိစ္စတွေကြောင့် ခေါင်းရှုပ်မခံသလို မသေချာတဲ့ မနက်ဖြန်အတွက် မောပန်းမနေအောင် လေ့ကျင့်ထားတဲ့သူတွေပဲ ဖြစ်ပါတယ်။

(၄) မိတ်ဆွေသစ်တွေ ရှာ

diverse-excited-best-friends-giving-high-five-together-cafe-meeting

Photo: Freepik

စစ်မှန်တဲ့ မိတ်ဆွေတွေဟာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အကြပ်အတည်းတွေကို ရင်ဆိုင်ရာမှာ ထိရောက်တဲ့ အကြံဉာဏ်တွေ ပေးနိုင်ပါတယ်။ အနည်းဆုံးတော့ ကိုယ်စိတ်လေနေတာကို အကြံကောင်း ဉာဏ်ကောင်းပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် မိတ်ဆွေသစ်တွေ ဖွဲ့ပါ။ မိတ်ဆွေတွေနဲ့ တရင်းတနှီးနေထိုင်ပြောဆိုခြင်းဟာ စိတ်ဒဏ်ရာတွေ သက်သာစေမယ့် ကုထုံးတစ်ခုလည်း ဖြစ်ပါတယ်။