လူတစ်ယောက်အတွက် ကျန်မားရေးကအရမ်းကိုအရေးကြီးပါတယ်။ ကျန်းမာခြင်းလို့ ပြောလိုက်ရင် ခန္ဓာကိုယ်ကျန်းမာရေးအပြင် စိတ်ကျန်းမာရေးကိုပါသတိရဖို့လိုပါတယ်။ စိတ်ရောကိုယ်ပါကျန်းမာမှသာ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝတစ်ခုပိုင်ဆိုင်နိုင်မှာပါ။ ဒီနေ့မှာတော့ ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝရဖို့ သိထားသင့်တဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကို ပြောပြပေးချင်ပါတယ်။

(၁) ကိုယ်လက်လှုပ်ရှားမှုရှိပါစေ

Source : CSUF News Center

ကိုယ်လက်လှုပ်ရှားမှုဆိုတာ ကျန်းမာပျော်ရွှင်တဲ့လူနေမှုဘဝအတွက် ခြေလှမ်းအစတစ်ခုလို့ ဆိုနိုင်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရုံသာမက စိတ်ဖိစီးမှုတွေပါလျော့ကျသက်သာစေဖို့ ဆိုရင် နေ့စဉ် ၄၅ မိနစ်လောက်အချိန်ပေးပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုဆိုတာ Gym ကစားမှမဟုတ်ပါဘူး လမ်းလျောက်ခြင်း ပြေးခြင်း စက်ဘီးနင်းခြင်း စတဲ့ကိုယ်လက်လှုပ်ရှားနည်းတွေပြုလုပ်ပေးလို့လည်းရပါတယ်။

(၂) ရေဓာတ်ပြည့်ဝပါစေ

Source : NewsBeezer

ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝနေဖို့ကလည်း အရမ်းကိုအရေးကြီးပါတယ်။ ခန္ဓာကိုယ်ရေဓာတ်ဆုံးရှုံးခြင်းက ကောင်းမွန်တဲ့လက္ခဏာတစ်ခုမဟုတ်သလို ခေါင်းကိုက်ခြင်း အားအင်ကုန်ခမ်းခြင်း မောပန်းနွမ်းနယ်ခြင်း ကိုယ်ခံအားကျခြင်းစတဲ့ မကျန်းမာခြင်းတွေ ဖြစ်လာစေနိုင်လို့ပါ။ ဒါကြောင့် ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ရေဓာတ်ပမာဏကို ဖြည့်တင်းခြင်းဖြင့် ကျန်းမာတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၃) မနက်စာမှန်ပါစေ

Source : Tyent USA

ယနေ့ခေတ်လူအများစုက မနက်စာကိုကျော်သွားလေ့ရှိကြပါတယ်။ တနေ့တာလုံးခွန်အားအပြည့်နဲ့ တက်ကြွလန်းဆန်းစွာဖြတ်သန်းနိုင်ဖို့အတွက်ဆို မနက်စာက အရေးကြီးပါပဲ။ မနက်စာမစားတာက ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေများစွာဖြစ်စေနိုင်တာကြောင့် လူတိုင်းလူတိုင်း မနက်ခင်းမှာ အာဟာရပြည့်ဝတဲ့ မနက်စာတစ်ပွဲကို အချိန်ပေးပြီး စားသုံးဖို့ အကြံပြုချင်ပါတယ်။

(၄) စိတ်ဖိစီးမှုနည်းပါစေ

Source : Duns

စိတ်ဖိစီးမှုဆိုတာ လူတိုင်းမလိုချင်တဲ့အရာတစ်ခုပါ။ စိတ်ဖိစီးမှုဒဏ်ကြောင့် စိတ်ရောကိုယ်ပါပင်ပန်းမှုတွေကိုခံစားရစေတာကြောင့် အားလုံးက စိတ်ဖိစီးမှုကင်းတဲ့ ဘဝမှုမျိုးကိုပဲ လိုချင်ကြတာဖြစ်ပါတယ်။ သို့သော်လည်း စိတ်ဖိစီးမှုတွေက မလိုချင်လည်းရောက်လာတက်တဲ့အမျိုးပါ။ ကိုယ်လုပ်နိုင်တာတစ်ခုက အတက်နိုင်ဆုံး စိတ်ဖိစီးမှုနည်းအောင်နေထိုင်ဖို့ပါပဲ။ စိတ်ဖိစီးမှုနည်းဖို့ဆိုရင် နေ့စဉ်တရားထိုင်တာမျိုး စိတ်ကိုလေ့ကျင့်ခန်းလုပ်တာမျိုး အိပ်ရေးဝဝအိပ်စက်အနားယူတာမျိုး လေ့ကျင့်ခန်းလုပ်တာမျိုး စတဲ့အရာတွေလုပ်ဆောင်ပေးနိုင်ပါတယ်။