လူတိုင်းလူတိုင်း အပူအပင်းကင်းတဲ့ဘဝမျိုးကို ပိုင်ဆိုင်ချင်ကြမယ်ထင်ပါတယ်။ ဘဝမှာ သောကကင်းကင်းနဲ့ နေ့ရက်တွေကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ဆိုတာ လွယ်တော့မလွယ်ပါဘူး။ဒါပေမယ့်ဒီနေ့ပြောပြမယ့်နည်းလမ်းလေးတွေက အပူအကင်းတဲ့ဘဝတစ်ခုရဖို့အတွက် အထောက်ကူဖြစ်စေမှာပါ။

(၁) ပိုက်ဆံစုပါ

Source : Debt Help Right Now

လစဉ်လတိုင်း ငွေကြေးစုဆောင်းတက်တဲ့အကျင့်ကို မွေးမြူထားသင့်ပါတယ်။ ငွေစုဆောင်းခြင်းက ရှေ့ရေးအတွက်စိတ်အေးရသလို ကိုယ့်အတွက်လည်းအားတစ်ခုဖြစ်စေပါတယ်။ ငွေကြေးကိစ္စနဲ့ပတ်သတ်ပြီး ပူပင်နေရတဲ့ဘဝမျိုး မလိုချင်ဘူးဆိုရင်တော့ ငွေစုဆောင်းဖို့အကြံပြုချင်ပါတယ်။

(၂) မကောင်းတဲ့လူတွေကိုလက်လွတ်လိုက်ပါ

Source : Freepik

ကိုယ့်ပတ်ဝန်းကျင်က မကောင်းတဲ့လူတွေကိုလက်လွတ်ဖို့ ဘာအတွက်မှ တုန့်ဆိုင်းမနေသင့်ပါဘူး။ ကိုယ့်အပေါ်မကောင်းတဲ့ သူငယ်ချင်းတွေ ချစ်သူရည်းစားတွေကို မိတ်ဆွေအတုတွေကို လက်လွတ်လိုက်ပါ။ ကိုယ့်အပေါ်မကောင်းတဲ့လူတွေနဲ့ ဝေးဝေးနေရခြင်းကလည်း စိတ်ချမ်းမြေ့ပျော်ရွှင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ခြင်းတမျိုးပဲဖြစ်ပါတယ်။

(၃) အားကျပါ စိတ်ဓာတ်မကျပါနဲ့

Source : Freepik

ကိုယ့်ထက်အဆင်ပြေတဲ့ဘဝတွေကို အားကျမိကြတာအမှန်ပါပဲ။ ဒါပေမယ့်တခါတလေမှာ အားကျခြင်းနဲ့အတူ သူတို့ဘဝမျိုးဘာလို့မရတာလည်း ဆိုပြီး ကိုယ့်ကိုယ်ကိုအပြစ်တင်တာမျိုးတွေလုပ်မိတက်ပါတယ်။ ဒါကြောင့် တချို့ကောင်းမွန်တဲ့ဘဝပိုင်ဆိုင်ထားသူတွေကိုကြည့်ပြီးအားကျပါ။သူတို့လိုဖြစ်အောင်ကြိုးစားပါ။ ဒါပေမယ့်သူတို့ဘဝနဲ့နှိုင်းယှဉ်ပြီးစိတ်ဓာတ်တော့မကျပါနဲ့။

(၄) ပျော်ပျော်နေပါ

The boy stood spreading both arms in the morning. happy new day. silhouette

ဘဝဆိုတာအဆင်ပြေတဲ့အချိန်တွေရှိသလို စိတ်ညစ်ရတဲ့အချိန်တွေလည်း ရှိကြစမြဲပါပဲ။ ကိစ္စတိုင်းကို တွေးပူပြီးသောကရောက်နေမယ့်အစား ပျော်ပျော်ပဲဖြတ်သန်းလိုက်တာက သင့်အတွက်ပိုကောင်းပါတယ်။ အကောင်းအဆိုး အမြဲဒွန်တွဲနေတာကို နားလည်ထားပြီး စိတ်ညစ်ရတဲ့ အချိန်တွေဆိုတာလည်း ခဏတာပဲဆိုတာ လက်ခံထားရင် ဘဝမှာပူပင်သောက တော်တော်များများ ချုပ်ငြိမ်းသွားမှာပါ။