စိတ်ကျန်းမာရေးဟာ လူတစ်ယောက်အတွက် အရမ်းကိုအရေးကြီးပါတယ်။ စကားပုံရှိတဲ့အတိုင်း စိတ်ချမ်းသာမှ ကိုယ်ကျန်းမာတာပါ။ စိတ်ချမ်းသာစွာနေထိုင်နိုင်ဖို့ရာ မိမိကိုယ်တိုင်လိုက်နာကျင့်သုံးရမယ့် အချက်လေးတွေရှိပါတယ်။

Source : Discover Magazine

(၁) လူရယ်လို့ဖြစ်လာပြီဆိုရင် အမှားနဲ့မကင်းနိုင်ကြပါဘူး။ သင့်အနေနဲ့ အတိတ်ကာလတွင် အမှားတခုခုလုပ်ခဲ့ဖူးတယ်ဆိုရင် အဲ့ဒီအမှားအတွက်နဲ့ တစ်သက်လုံး စိတ်ဆင်းရဲပြီး ရှက်ကြောက်နေစရာမလိုပါဘူး။ အတိတ်က မကောင်းတဲ့အမှားတွေကနေ သင်ခန်းစာယူပါ။ လက်ရှိ ပစ္စုပ္ပန်ကာလမှာ အကောင်းဆုံးဖြစ်အောင် ကျင့်ကြံနေထိုင်ပါ။ တစ်စုံတစ်ယောက်အပေါ်မှာ မကောင်းတဲ့စိတ်တွေ မုန်းတီးစိတ်တွေ ရှိခဲ့မယ်ဆိုရင်လည်း စွန့်လွှတ်ပစ်လိုက်ပါ။ သင့်စိတ်ထဲမှာ ပေါ့ပါးသွားပါလိမ့်မယ်။

Source : HBW-TV

(၂) လေ့ကျင့်ခန်းလုပ်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူဖြစ်စေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ စိတ်ကိုပျော်ရွှင်စေတဲ့ ဟောမုန်းတွေကို ဦးနှောက်ကနေထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းတွေက စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး စိတ်ဖိစီးမှုတွေကို လျှော့ကျစေပါတယ်။ စက်ဘီးစီးတာ၊ ရေကူးတာ၊ လမ်းလျှောက်တာ စတဲ့လေ့ကျင့်ခန်းလေးတွေကို နေ့စဉ်မဟုတ်ရင်တောင် တစ်ပက်ကို (၃) (၄) ရက်လောက် ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

Source : LiveAbout

(၃) စိတ်ဖိစီးမှုတွေ စိတ်ညစ်စရာတွေနဲ့ ကြုံလာခဲ့ရင် ထိုင်ပြီးတော့ စိတ်ဆင်းရဲနေမယ့်အစား စိတ်ထွက်ပေါက်တစ်ခုဖန်တီးပေးတာက ပိုပြီးအကျိုးရှိပါတယ်။ ဒီလိုမျိုး စိတ်ညစ်စရာအတွေးအာရုံတွေကို ပျော်ရွှင်မှုဖြစ်စေတဲ့ ဘက်ကို လှည့်ပြောင်းပေးလိုက်ခြင်းက စိတ်ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ အားလပ်ရက်မှာ မိမိဝါသနာပါတဲ့ အရာတွေ ရွေးလုပ်လို့လည်း ရသလို ကိုယ်စိတ်ဝင်စားတဲ့ လုပ်ငန်းခွင်ထဲကို ဝင်ရောက်လုပ်ကိုင်တာဖြစ်စေ ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှုကို ဖန်တီးလုပ်ယူလို့ ရပါတယ်။