အခုချိန်မှာ အိမ်ကနေ အလုပ်လုပ်ကြသူတွေ များတော့ အလုပ်အစည်းအဝေးတွေကိုလည်း Video Conferencing နဲ့ပဲ လုပ်တာ များပါတယ်။ ရုပ်သံအစည်းအဝေးကလည်း ပုံမှန် အစည်းအဝေးတွေလိုပဲ အရေးကြီးပါတယ်။ အစည်းအဝေးမှာ ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ်အဆင့်အတန်းလိုက်ပြီး ပြောဆိုနေထိုင်ရသလို Video Conferencing မှာလည်း ကိုယ့်ကို Impression ကောင်းအောင် လုပ်သင့်ပါတယ်။

(၁) သပ်သပ်ရပ်ရပ် ဝတ်ပါ

Photo: Freepik

Formal Meeting တွေလိုပဲ အစည်းအဝေးတက်ချိန်မှာ ဖြစ်ကတက်ဆန်း မဝတ်ဖို့ လိုပါတယ်။ အိမ်မှာနေရင်း အစည်းအဝေး လုပ်တာ ဖြစ်ပေမယ့် အိမ်နေရင်း အဝတ်အစားနဲ့ Video Conferencing တက်တာမျိုး မဖြစ်သင့်ပါဘူး။ သက်တောင့်သက်သာရှိပြီး ကြည့်လို့လည်း ကောင်းစေမယ့် ရှပ်အင်္ကျီသန့်သန့်လေး ဝတ်တာမျိုးတော့ လုပ်သင့်ပါတယ်။

(၂) ကာလာလေးတွေ သတိထားပါ

Photo: USA Today

Video Conferencing ဆိုတာ ကင်မရာရုပ်ထွက်သိပ်မကောင်းတာဖြစ်လို့ ကိုယ်ဝတ်တဲ့ အဝတ်အစား ၊ ကိုယ်အစည်းအဝေးထိုင်နေတဲ့ အခန်းအလင်းအမှောင်နဲ့ ကာလာကို ဂရုစိုက်သင့်ပါတယ်။ လိမ္မော်ရောင်နဲ့ အဝါလို ကာလာကြီးတွေ အစား Solid Black ကာလာနဲ့ အရောင်ရင့်ကာလာမျိုးတွေ သုံးသင့်ပါတယ်။ အခန်းကိုလည်း အလင်းပိုဝင်အောင် လုပ်ထားမယ်ဆိုရင် webcam မှာ အသားအရေပါ ပိုကြည်သွားတယ်လို့ ခံစားရစေမှာပါ။

(၃) နည်းနည်းပါးပါး လိမ်းပါ

Photo: glassdoor

ကင်မရာရှေ့မှာ မျက်နှာအဆီပြန်ကြီးနဲ့ မဖြစ်အောင် မျက်နှာလေးဘာလေးသစ် ၊ Facial Product နည်းနည်းပါးပါးလေး သုံးမယ်ဆိုရင် ကြည့်လို့ ပိုကောင်းသွားမှာပါ။ ဆံပင်လေးဘာလေးလည်း သေချာဖြီးသင်ပြီးမှ Video Conferencing လုပ်သင့်ပါတယ်။ ဒါမှသာ ပိုပြီး ကြည့်ကောင်းမှာ ဖြစ်သလို ကိုယ့်ကိုယ်ကိုယ်လည်း ပိုပြီး စိတ်ထဲမှာ ယုံကြည်မှုရသွားမှာပါ။