ကိုယ့်ကိုယ်ကိုယ် ကျေနပ်ယုံကြည်မှု ရှိလာဖို့အတွက် အရေးကြီးတဲ့ အချက်က ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ပါပဲ။ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ကိုယ့်ရဲ့ အသွင်အပြင်ပေါ် စိတ်ချယုံကြည်မှုအပြည့်နဲ့ လှုပ်ရှားနေနိုင်ဖို့ဆိုရင် ဒီနည်းလမ်းလေးတွေ သိဖို့ လိုမှာပါ။

(၁) အဝတ်အစားအရောင် မှန်ပါစေ

Photo: Business Insider

ဆံပင်နက်ပြီး အသားလတ်ရင် နက်ပြာ ၊ အညို ၊ စိမ်းပြာရင့် ၊ အဖြူနဲ့ အနက် ကာလာတွေ ဝတ်သင့်ပါတယ်။ ဆံပင်နက်ပြီး အသားမည်းရင်တော့ စိမ်းပြာနု ၊ အပြာ ၊ ခရမ်းနဲ့ မီးခိုးဖျော့ကာလာတွေ ဝတ်သင့်ပါတယ်။ ပုံမှန်အသားညိုပြီး ဆံပင်အညိုရောင် ရှိသူတွေဟာ မိုးပြာရောင် ၊ သံလွင်စိမ်းရောင် ၊ မီးခိုးရင့်ရောင် ၊ အဖြူရောင်နဲ့ အပြာမှိုင်းရင့်မျိုး ရွေးချယ်သင့်ပါတယ်။

(၂) ရေမွှေးအနံ့ ရွေးချယ်မှု မှန်ပါစေ

Photo: Business Insider

အဝတ်အစားအပြင် ရေမွှေးနံ့ကလည်း ဆွဲဆောင်အားကောင်းဖို့ အရေးပါတဲ့ အရာဖြစ်ပါတယ်။ အနံ့သိပ်မပြင်းတဲ့ သဘာဝသစ်တောသစ်ပင်အနံ့လိုမျိုး ခပ်သင်းသင်းလေးတွေ ရွေးသင့်ပါတယ်။

(၃) လယ်သာဖက်ရှင်တွေ ဝတ်ပါ

Photo: ohindustry

လယ်သာထုတ်ကုန်တွေဟာ ယောင်္ကျားဆန်ပြီး ပိုပြီး ဆွဲဆောင်မှု ရှိပါတယ်။ ဒါ့ကြောင့် နေ့စဉ်အသုံးအဆောင်ထဲမှာ လယ်သာဂျက်ကတ် ၊ လယ်သာ ပိုက်ဆံအိတ်နဲ့ လယ်သာကျောပိုးအိတ်လေးတွေ သုံးပေးသင့်ပါတယ်။

(၄) မုတ်ဆိတ်ထားပါ

Photo: beardcorner

နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေးကို အပြောင်ရိတ်ထားတာထက် တစ်ပတ် ၁၀ ရက်လောက် မရိတ်ဘဲ ထားတာကလည်း သင့်ကို ဆွဲဆောင်မှု ပိုမြင့်စေပါတယ်။