ကိုလူချောကြီး မဖြစ်ခဲ့တဲ့ ဘဝကို စိတ်မနာလိုက်ပါနဲ့။ လူတစ်ယောက်ရဲ့ စတိုင်ကလည်း သူ့ရဲ့ ဥပဓိရုပ်အားနည်းချက်ကို ဖာထေးနိုင်ပါတယ်။ ကိုယ့်ရုပ်ရည်ကို ပြုပြင်လို့ရမယ့်နည်းတွေ ရှိပါတယ်။

(၁) ခန္ဓာကိုယ်က စပါ

Source: topsimages.com

Body Building လုပ်ဖို့က စပြောချင်ပါတယ်။ လူမှာ Physical ပိုင်းအရ ပြုပြင်လို့ရတာ အတော်များများ ရှိပါတယ်။ Gym ကောင်းကောင်းတစ်ခုသွားပြီး Work Out လုပ်ပါ။ Six-Pack ရဖို့ ပြောနေတာ မဟုတ်ပါဘူး။ ကြွက်သားဖွဲ့စည်းမှုတင် ကြံ့ခိုင် လှပလာမှာ မဟုတ်ဘူး စိတ်ပိုင်းအရလည်း ပိုပြီး ကြံ့ခိုင်ရွှင်ပျော်တဲ့လူတစ်ယောက် ဖြစ်လာစေမှာပါ။

(၂) ကိုယ်နံ့မနံအောင် လုပ်ပါ

Source: Healthline

ဒီအချက်ကလည်း အရေးကြီးပါတယ်။ ကိုယ့်အနားကို ကပ်လာတဲ့ လူတွေ နှာခေါင်းရှုံ့ရတယ်ဆိုရင် ကိုယ့်အနေနဲ့လည်း Confidence နည်းရသလို Image လည်း ကောင်းမှာ မဟုတ်ပါဘူး။ Gym ကစားပြီးရင် ရေချိုးဖို့မမေ့ပါနဲ့။ ကြက်သွန်ဖြူ ၊ ဒညင်းသီးလို ကိုယ်နံ့ပြင်းစေတဲ့ အစားအစာတွေ ရှောင်ပါ။ အဝတ်အစားကိုလည်း သန့်သန့်ပြန့်ပြန့် ဝတ်ဆင်ပါ။ ခြေအိတ်တွေ အောက်ခံဘောင်းဘီတွေကို နေ့စဉ် လဲလှယ်ဝတ်ဆင်ပါ။

(၃) အသားအရေကိုလည်း ဂရုစိုက်ပါ

Source: DermLetter

အသားအရေ ထိန်းသိမ်းမှုကလည်း လူကို ဆွဲဆောင်မှုရှိစေတဲ့ အချက် ဖြစ်ပါတယ်။ Skin Care လုပ်တာဟာ မျက်နှာမှာ ဝက်ခြံထွက်တာတို့ မှဲ့ခြောက်တွေ အဆီပြန်တာတွေကို ရှင်းလင်းပေးနိုင်ပြီး ရုပ်ရင့်တဲ့ ဖြစ်စဉ်ကိုလည်း နှေးစေပါတယ်။

(၄) ကိုယ်နဲ့လိုက်တဲ့ မုတ်ဆိတ်ထားပါ

Source: Diydrywalls.org

မျက်နှာရဲ့ ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲလို့မရပေမယ့် မျက်နှာအသွင်ကို ပြုပြင်လို့ရပါတယ်။ မုတ်ဆိတ်ထားတာဟာ လူတစ်ယောက်ရဲ့ မျက်နှာပုံစံကို ပြောင်းလဲပေးနိုင်တဲ့ အဓိက အချက်ထဲမှာ ပါပါတယ်။ ဒီလိုပဲ ဆံပင်ပုံစံကိုလည်း ကိုယ်နဲ့လိုက်ဖက်မယ့် ဒီဇိုင်း ပြောင်းကြည့်ပါ။ လူသစ်တစ်ယောက်လို ဖြစ်သွားပါလိမ့်မယ်။

(၅) အဝတ်အစား

Source: Lexington Company

အဝတ်အစားဆင်ယင်မှုမှာ ဂျာကင်ဝတ်တာကလည်း ယောကျာ်းတစ်ယောက်ရဲ့ ရုပ်ရည်ကို ပြောင်းလဲစေနိုင်ပါတယ်။ ဖိနပ်ကိုလည်း Shoes သို့မဟုတ် Boots ကို ပိုမိုက်တဲ့ ဖက်ရှင်ဖြစ်စေမယ့် ဖိနပ်တွေ စီးကြည့်ပါ။ လူတစ်ယောက်ရဲ့ ဝတ်ဆင်မှုဟာ သူ့ကို ဆန်းသစ်စေနိုင်ပါတယ်။

(၆) ကိုယ့်ရဲ့ အပြုအမှုကို သတိထားပါ

Source: shutterstock.com

ရုပ်ချောတဲ့ သူတွေမှာတောင် ဖြစ်သလို နေတာကြောင့် ရုပ်ထွက်မလာတတ်ပါဘူး။ ဒီအချက်ဟာ ရုပ်မဖြောင့်တဲ့သူတွေအတွက် အမှတ်ရမယ့် အကွက်ပါ။ သွားလာလှုပ်ရှားတာ ၊ လူတွေနဲ့ ဆက်ဆံပြောဆိုရာမှာ ကိုယ့်ရဲ့ အပြုအမှုနဲ့ အပြောအဆိုကို စမတ်ကျအောင် ပြင်ဆင်ထားမယ်ဆိုရင် လူချစ်လူခင်များစေပါလိမ့်မယ်။

(၇) အဖွဲ့အစည်းတစ်ခုခုမှာ ပါဝင်ပါ

Source: realmenrealstyle

ဒါကတော့ မလှတဲ့ ရုပ်ကို ချောလာစေမယ့် နည်းမဟုတ်ပေမယ့် လူတစ်ယောက်ကို ပတ်ဝန်းကျင်က သတိထားမိ ၊ ချစ်ချင် လေးစားလာမိမယ့် နည်းလမ်းပါ။ အများအကျိုးဆောင်တဲ့ ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ခြင်းဟာ လူလောကအတွက်လည်း အကျိုးရှိသလို ကိုယ့်အနေနဲ့လည်း စိတ်ကောင်း စေတနာကောင်းကို ပေါင်းသင်ပြုစုနေတာပဲ ဖြစ်ပါတယ်။ စိတ်ချောတဲ့သူတွေဟာ ကြည့်ကောင်းပါတယ်။