ဆွဲဆောင်မှုရှိတာ၊ သြဇာတိက္ကမ နဲ့ပြည့်စုံတာတွေ့ မွေးရာပါ စွမ်းရည်တွေမဟုတ်ပါဘူး။အချိန် အတိုင်းအတာတခုအထိ လေ့ကျင့်ယူပြီးမှ ရတဲ့စွမ်းရည်တွေပါ။ ဒီနေ့မှာတော့ ယောကျာ်းများအနေနဲ့ တခြားလူတွေအပေါ် သြဇာသတ်ရောက်ဖို့၊ လွှမ်းမိုနိုင်ဖို့ကြိုးစားတဲ့နေရာမှာ လုပ်မိတတ်တဲ့အမှားတွေကိုစုစည်းတင်ဆက်ပေးမှာပါ။ ပြီးတော့ ဘာတွေလုပ်သင့်လဲ့၊ ရှောင်ရှားသင့်လဲဆိုတာတွေကို အလင်းပြပေးသွားမှာပါ။
(၁) စကားတိုးတိုးပဲပြောတာ သို့ ယုံကြည်မှုရှိရှိမပြောတာ

Source : Freepik
စကားတိုးတိုးပဲပြောတဲ့သူတွေရဲ့ စကားလုံးတွေကို သဲသဲကွဲကွဲ ကြားရဖို့ အလွယ်ခက်ခဲပါတယ်။ဒီလိုလုပ်တာက ကိုယ်ပြောတဲ့ စကားလုံးတွေအပေါ် သံသယဝင်နေတာ ဒါမှမဟုတ် ရှတ်ကြောက်တတ်တဲ့သူအဖြစ် လူအများက ထင်သွားပါလိမ့်မယ်။ ဘာအကြောင်းအရာပဲပြောပြော ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပြောပါ။ ကိုယ်ပြောနေတဲ့သူရဲ့ မျက်လုံးကို တည့်တည့်ကြည့်ပြီးပြောပါ။ အကြာကြီးတော့ စိုက်မကြည့်မိပါစေနဲ့။
(၂) ကိုယ့်ကိုယ်ကို ကောင်းစွာမိတ်မဆက်တက်တာ

Source : Freepik
တစိမ်းတွေနဲ့ တွေ့တဲ့အချိန်မှာ မိမိကိုယ်ကိုမိတ်ဆက်ခြင်းက လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ လူတော်တော်များများကတော့ လက်လေးဝှေ့ပြလိုက်ပြီးတော့ ချောင်ကြတဲ့ နေရာတွေမှာ တိတ်ဆိတ်စွာသွားထိုင်တတ်ကြပါတယ်။ ဒါကလုပ်ရတာ လွယ်ကူတာကိုး။ဘာကြောင့်မလုပ်သင့်လဲ – ကိုယ့်အနားမှာ ရှိတဲ့သူတွေကို စိတ်ဝင်စားမှု မရှိဘူးဆိုတာ ပေါ်လွင်စေတယ်။ လူအများရဲ့ လစ်လျူရှု့မှု့ကို ခံရမယ်။ဘာလုပ်ရမလဲ – “ဟိုင်း၊ ဟယ်လို၊ နေကောင်းလား၊ တွေ့ရတာဝမ်းသာပါတယ်” စသဖြင့်ပြောပါ။ ပြီးတော့ လူတိုင်းနဲ့ လက်စွဲနှုတ်ဆက်ပါ။ မျက်လုံးခြင်းဆုံ (eye contact) လုပ်ဖို့လည်းမမေ့ပါနဲ့။
(၃) တခြားလူတွေ စိတ်မဝင်စားတဲ့အရာတွေကို အကျယ်တဝင်းရှင်းပြပြောဆိုနေတာ

Source : Freepik
အားကစား ကိုစိတ်မဝင်စားတဲ့သူတွေနားသွားပြီး ဘောလုံပွဲအကြောင်း၊ gym ဆော့တဲ့အကြောင်းတွေ သွားပြောနေတာက ဘယ်လိုမှအဆင်မပြေတဲ့ အရာပါ။ဘယ်သူမှ နားထောင်ချင်တဲ့ အကြောင်းအရာတွေကို ပြောနေတာက လေကုန်တာပဲ အဖတ်တင်ပါတယ်။ လူတွေက ဒီလိုလူတွေနဲ့ စကားမပြောချင်ကြဘူး။
တခြားလူတွေ ကိုယ့်ရဲ့စကားဝိုင်းထဲ ဝင်လာဖို့ဆိုရင် လူအများစု စိတ်ဝင်စားမယ်လို့ ထင်ရတဲ့ အကြောင်းအရာတွေကို ရွေးထုတ်ပြီးပြောပါ။ကွီးတို့ ပြောနေတဲ့အချိန်မှာ သူတို့က မေးခွန်းတွေ မမေးဘူးဆိုရင် ဒါက ကွီးပြောနေတဲ့ အရာတွေအပေါ်သူတို့ စိတ်ဝင်စားမှုမရှိဘူးဆိုတာ ပြနေတာပါ။ဒီလိုဖြစ်လာရင်တခြား အကြောင်းအရာတွေဖက် ခေါင်းစဉ်ပြောင်းပြောပေးပါ။
(၄) မိမိအကြောင်းပဲ ပြောနေတာ

Source : Freepik
ကွီးသူငယ်ချင်းက ပြီးခဲ့တဲ့ နေ့တွေက သူကြည့်လာတဲ့ ရုပ်ရှင်တွေအကြောင်းပြောနေမယ်။ ကွီးကလည်း သူပြောပြီးတာနဲ့ ကွီးကြည့်ထားတဲ့ ရုပ်ရှင်တွေအကြောင်း ပြန်ပြောမယ်။ ကွီးသူငယ်ချင်းပြောထားတဲ့ ရုပ်ရှင်တွေအကြောင်းတော့ တခွန်းမှာမဟ တော့ဘူး။ဒီလိုလုပ်တာ ကွီးက အတ္တကြီးတဲ့သူ၊ ပျင်းစရာကောင်းတဲ့ သူဖြစ်ကြောင်း ပြနေတာနဲ့တူပါတယ်။
မိမိအကြောင်းပြောရတာ လူတိုင်းနီးပါသဘောကြပါတယ်။ ဒါပေမယ့် အရင်ဆုံး သူတို့ပြောတဲ့ အကြောင်းအရာတွေအပေါ် စိတ်ဝင်စားမှုပြရပါမယ်။ သူတို့ပြောတဲ့ အကြောင်းအရာတွေအပေါ်မေးခွန်းတွေ မေးပေးတာက စိတ်ဝင်စားမှုပြရာရောက်ပါတယ်။ဒီလိုနဲ့ တဖြည်းဖြည်း ကိုယ်ပြောချင်တဲ့ အကြောင်းအရာတွေနောက်ကို ဆွဲခေါ်သွားလို့ ရပါတယ်။
