အများက အားကိုးရလောက်တဲ့ ယောင်္ကျားတစ်ယောက်ကို Alpha Male လို့လည်း ခေါ်ကြပါတယ်။ တစ်နည်းအားဖြင့် အင်အားကောင်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမြင့်မားတဲ့ အုပ်စုခေါင်းဆောင်လိုမျိုး လူတွေကို Alpha Male လို့ ခေါ်လေ့ရှိပါတယ်။ ယောင်္ကျားတစ်ယောက်အတွက် ကျားကျားလျားလျား အားကိုးလောက်တဲ့ ယောင်္ကျားတစ်ယောက်ဖြစ်ဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ပေးရမယ့် တာဝန်တွေထဲက တစ်ခုပါပဲ။ ဒီလို ယောင်္ကျားပီသတဲ့ Alpha Male တစ်ယောက်ဖြစ်လာဖို့အတွက် လိုက်နာသင့်တဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ပါ

man-jumping-impossible-possible-cliff-sunset-background-business-concept-idea

Photo: Freepik

Challenge လုပ်တယ်ဆိုတာ ကိုယ့်ကို တားထားတဲ့ ဘောင်တွေကို ကျော်ဖို့ ကြိုးစားလိုက်တာပါပဲ။ လူသားမျိုးနွယ် တိုးတက်အောင်မြင်တယ်ဆိုတဲ့ နောက်ကွယ်က မောင်းနှင်နေတဲ့ မောင်းနှင်အားကလည်း Challenge လို့ ခေါ်တဲ့ စိန်ခေါ်မှုပဲ ဖြစ်ပါတယ်။ ယောင်္ကျားပီသသူတစ်ယောက် ဖြစ်လာဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သက်တောင့်သက်သာဖြစ်အောင် ထားနေတဲ့ Comfort Zone ကနေ ထွက်ပြီး တစ်နေ့ချင်း စိန်ခေါ်ကြည့်ပါ။ ဥပမာ – မလုပ်ဖူးသေးတဲ့ ကိုယ်ကာယလှုပ်ရှားမှုသစ်တစ်ခု လုပ်ကြည့်တာ ၊ မနက်တိုင်း ၁၅ မိနစ်အနည်းဆုံး ကြာအောင် တရားထိုင်တာ ၊ အိပ်ရာကနေ စောစောထတာ ၊ ကိုယ့်အတွက် အသုံးဝင်မယ့် ပညာရပ်သစ်တစ်ခုခု သင်တာမျိုး ဖြစ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် ပိုအားကိုးပါ

asian-man-standing-front-big-lock-hole-door

Photo: Freepik

ယောင်္ကျားပီသတဲ့သူတွေဟာ ကိုယ်လုပ်နိုင်တဲ့အရာတွေအတွက် သူများဆီက အကူအညီဘယ်တော့မှ မတောင်းတတ်တဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တာဟာ လွတ်လပ်မှုနဲ့ သိက္ခာအပြည့်ရှိပါတယ်။ ဒီနှစ်မျိုးစလုံးဟာ ယောင်္ကျားပီသသူတို့ရဲ့ အမှတ်လက္ခဏာတွေထဲက တချို့ပဲ မဟုတ်လား။ ဒါကြောင့် Alpha Male စရိုက်နဲ့ နေချင်ရင် တခြားသူတွေဆီက အကြံဉာဏ်နဲ့ ဝေဖန်မှုကို လက်ခံပါ။ ဒါပေမယ့် ကိုယ်ပိုင်အတွေးအခေါ်နဲ့ နေထိုင်ပါ။ ဆုံးဖြတ်ပါလို့ ပြောချင်ပါတယ်။

(၃) လူကြီးစိတ် ထားပါ

businessman-dreamily-looks-window-office

Photo: Freepik

လူကြီးစိတ်ဆိုတာ ကလေးမဆန်တော့တဲ့ ရင့်ကျက်သူတိ့ စိတ်နေစိတ်ထားမျိုးကို ပြောတာ ဖြစ်ပါတယ်။ ယောင်္ကျားပီပီ ရင်ဆိုင်ရမယ့် ခရီးမှာ ကလေးစိတ်နဲ့ ဖြတ်သန်းလို့ မဖြစ်တော့ပါဘူး။ ကိုယ်ကြီးပြင်းရာနေရာနဲ့ သိပ်ကွာခြားလွန်းတဲ့ နေရာမှာ ရှင်သန်နိုင်အောင် ကြိုးစားရပါမယ်။ ကိုယ်နဲ့ ယဉ်ကျေးမှုချင်း လုံးလုံးလျားလျား ကွဲပြားတဲ့နေရာသစ်ဆီ တစ်ယောက်တည်း ခရီးထွက်ကြည့်ပါ။ ပြဿနာတွေကို လူကြီးတစ်ယောက်စိတ်နဲ့ ဖြေရှင်းပါ။ စိတ်ခံစားချက်မလွယ်တော့တဲ့ ရင့်ကျက်ပြီး သဘောထားမှန်ကန်တဲ့ လူကြီးတစ်ယောက်ရဲ့ စိတ်မျိုးနဲ့ ဘဝကို ရင်ဆိုင်ကြည့်ပါ။

(၄) ကိုယ့်အစွမ်းအစနဲ့ တစ်ခုခု ဖန်တီးပါ

improvement-list-new-year-resolution-conceptual

Photo: Freepik

ကိုယ်နေထိုင်နေတဲ့ ကမ္ဘာကြီးဆီက ရယူခဲ့တာတွေအတွက် ထိုက်တန်တဲ့ တစ်ခုခု ပြန်ပေးဖို့ ကြိုးစားကြည့်ပါ။ ဥပမာ- ကိုယ်တတ်ထားတဲ့ ပညာနဲ့ လူတွေရဲ့ ဘဝကို လုံးလုံးလျားလျား တိုးတက်ကောင်းမွန်အောင် ပြောင်းလဲပစ်တာမျိုး ၊ လူတွေ အကျိုးရှိစေမယ့် ကမ်ပိန်းတစ်ခုခု ဒါမှမဟုတ် လှုပ်ရှားမှုတစ်ခု လုပ်တာမျိုး ဖြစ်ပါတယ်။

စာရေးရတာ ဝါသနာပါသူဆိုရင် စာအုပ်တစ်အုပ်ရေးတာ ၊ ဂီတအစွမ်းအစရှိသူဆိုရင် ဂီတသံစဉ်ကောင်းတစ်ခု ဖန်တီးထားခဲ့တာမျိုး ဖြစ်ပါတယ်။ ရိုးသားတဲ့ စိတ်စေတနာအခံနဲ့ အများအကျိုးအတွက် ကောင်းမြတ်တဲ့အရာတစ်ခု လုပ်ခဲ့ခြင်းဟာ ယောင်္ကျားပီသခြင်းဆိုတာထက် ပိုပါတယ်။ ဒါဟာ လူသားတစ်ယောက်အတွက် သူထမ်းနိုင်တဲ့ တာဝန်ကို တတ်စွမ်းသမျှ အလှပဆုံးနဲ့ အသေသပ်ဆုံး ထမ်းရွက်ခဲ့တာလည်း ဖြစ်ပါတယ်။