ယောင်္ကျားလေးအများစုကတော့ ကိုယ့်အရပ်ကို နည်းနည်းဖြစ်ဖြစ် ပိုရှည်ချင်သူတွေ ဖြစ်ကြပါတယ်။ ပင်ကိုယ်က ပုနေရင် ပိုလို့တောင် အရပ်ရှည်ချင်ကြမှာပါ။ အရပ်ရှည်ဖို့အတွက် လေ့ကျင့်ခန်းနဲ့ အစားအသောက်တွေ နဲ့ ပြုပြင်ပေးရသလိုပဲ အဝတ်အစားဝတ်နည်းနဲ့လည်း ကိုယ့်အရပ်ကို အမြင်အားဖြင့် ရှည်လာတယ်လို့ ထင်အောင် လုပ်လို့ရပါတယ်။
(၁) Fit ဖြစ်တဲ့ အဝတ်အစား ဝတ်ပါ

Photo: Dmarge
ဒီစကားကို အကြိမ်ပေါင်းများစွာ ကြားဖူးကြမှာပါ။ ဒီလို အကြိမ်ကြိမ် ကြားဖူးတယ်ဆိုကတည်းက မမှားဘူးလို့ မှန်းလို့ ရမှာ ဖြစ်ပါတယ်။ အဝတ်အစားဟာ ဝတ်ဆင်သူနဲ့ အံကျဖြစ်နေမှ ကြည့်ကောင်းတာပါ။ နောက်တစ်ချက်က Fitting ကျတဲ့ ဖက်ရှင်ဟာ လူရဲ့ အရပ်အမောင်းကို ပြောင်းလိုက်ပါတယ်။ အထူးသဖြင့် ဆိုဒ်ကြီး ဂိုက်ကြီး အဝတ်အစားတွေ ဝတ်တဲ့ အခါမျိုးနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။
ဘောင်းဘီကို ခြေမျက်စိဖုံးရုံ ရှည်ပြီး ဘောင်းဘီအကျယ်ဟာ သင့်ခြေသလုံး ၊ ပေါင် ၊ တင်ပါးတွေနဲ့ ချပ်ချပ်ရပ်ရပ် ရှိဖို့လည်း လိုပါတယ်။ အရပ်ပုတဲ့သူဟာ ခြေဖဝါးထိ ပုံကျနေတဲ့ ဘောင်းဘီမျိုး လုံးဝရှောင်သင့်ပါတယ်။ ဒီလို ဝတ်တာဟာ သင့်အောက်ပိုင်းကို ပိုပြီး တိုတယ်လို့ မြင်စေပါတယ်။ ရှပ်အင်္ကျီဆိုရင်လည်း ပုခုံး ၊ လက်မောင်း နဲ့ ခါး အရွယ်အစားတွေ မှန်ဖို့ လိုပါတယ်။
(၂) အဖြူအမည်းကာလာ သုံးပါ

Photo: Hugo Boss
ပိန်ပြီး သွယ်တယ်လို့ ထင်စေချင်ရင် Contract ဖြစ်တာ နည်းတဲ့ Monochrome ကာလာမျိုးတွေ သုံးသင့်ပါတယ်။ Low Contrast ဆိုတာကတော့ အပေါ်အောက် အရောင်တစ်ခုနဲ့ တစ်ခု သိပ်ခွဲလို့ မရတာမျိုးပါ။ ဥပမာ- အရောင်ရင့်ဆိုရင်လည်း အပေါ်အောက် ဆင်ဆင် ၊ အရောင်ဖျော့ဆိုရင်လည်း ဒီအတိုင်းပါပဲ။ ကာလာအုပ်စုဆင်တဲ့ အရောင်မျိုး ရွေးတာလည်း ရပါတယ်။ ဒါမှမဟုတ် အနက်ရင့် တီရှပ်နဲ့ နက်ပြာရောင် ဘောင်းဘီ ၊ အရောင်ခပ်ဖျော့ဖျော့ရှပ်နဲ့ ကာကီရောင် Pant တို့ တွဲဝတ်တာမျိုးပါ။
(၃) ထောင်လိုက်စင်း ဝတ်ပါ

Photo: Freepik
အရပ်ပုတဲ့ ယောင်္ကျားလေးတွေ အရပ်ရှည်သယောင် ဖြစ်စေဖို့ လူသိအများဆုံး စည်းမျဉ်းတစ်ခုက ရှပ်အင်္ကျီအစင်းဝတ်မယ်ဆိုရင် ထောင်လိုက်စင်းတွေ ဝတ်ဖို့ ပါပဲ။ အလျားလိုက် ကန့်လန့်စင်းဝတ်စုံမျိုးက အမြင်အာရုံမှာ ပုသွားသယောင် လှည့်စားနိုင်လို့ ရှောင်ရမှာပါ။ ဘောင်းဘီကို ခါးပတ်မသုံးဘဲ ဝတ်ရင်လည်း ကိုယ်ခန္ဓာ အချိုးအစား ပိုပြီး မတ်လာပါတယ်။ လူကလည်း ခပ်မတ်မတ် နေဖို့တော့ လိုပါတယ်။
(၄) ပုံပြောင်းစေမယ့် ပစ္စည်းတစ်ချို့ သုံးပါ

Photo: Orciani
အရပ်ရှည်သယောင် ဖြစ်လာစေမယ့် အရာတွေထဲမှာ နက်ခ်တိုင်ရဲ့ အရွယ်အစားလည်း ပါပါတယ်။ လူအများစုအတွက် နက်ခ်တိုင်ရဲ့ အကျယ်ဟာ အများဆုံးမှ ၃.၂၅ လက်မပဲ ရှိပေမယ့် သင်က အရပ်ပုတယ်ဆိုရင် နက်ခ်တိုင်အကျယ် ၂.၅ လက်မနဲ့၂.၇၅ လက်မအကြားပဲ ရှိသင့်ပါတယ်။နောက်တစ်ခုက သင့်လက်ကောက်ဝတ်နဲ့ လိုက်ဖက်တဲ့ နာရီအိုး အရွယ်အစား သုံးတာပါ။
အင်္ကျီ ကော်လာစွန်းဟာ ၂.၂၅ လက်မပဲ ရှိသင့်ပါတယ်။ ခါးပတ် ဝတ်ရမယ်ဆိုရင့်လည်း ခါးပတ်ခေါင်း မထူသင့်သလို ခါးပတ်ကြိုးကို ၁.၅ လက်မထက် မကြီးတာ ရွေးပါ။ ခါးပတ်ကလည်း သင်ဝတ်ထားတာနဲ့ အရောင်ချင်း သိပ်မကွာသင့်ပါဘူး။ ခါးပတ်ဟာ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းကို ခွဲခြားထားတာ ဖြစ်လို့ အကောင်းဆုံးက ခါးပတ်မသုံးရင် ပိုပြီး အရပ်ရှည်လာသယောင် ထင်စေနိုင်ပါတယ်။
(၅) Shoes တွေ ဝတ်ပါ

Photo: Huffpost
Point ပါတဲ့ Shoes တွေ ဝတ်တာ သင့်အရပ်ကို ချက်ချင်း ရှည်စေပါတယ်။ Shoe ဝတ်ချိန်မှာလည်း ဘောင်းဘီနဲ့ ဖိနပ်အရောင်ချင်း ဟပ်မိပါစေ။ ဘောင်းဘီအနက်နဲ့ Sneaker အဖြူဆိုရင်လည်း သင့်အရပ်အမောင်းပေါ် အမြင်ပြောင်းစေလို့ ရှောင်ရှားသင့်ပါတယ်။
