ကိုယ့်ရဲ့ရှိရင်းစွဲအသက်ထက် ရုပ်ကပိုပြီးနုပျိုတယ် ထင်ရချင်ပါသလား။ ဒါဆိုရင်တော့ အကောင်းဆုံး အကြံပေးချင်တာက သင့်အသားအရေကို ပိုဂရုစိုက်ဖို့ပါပဲ။ အရွယ်တင်ပြီး တင်းရင်းစိုပြေတဲ့ အသားအရေဟာ သင့်ကို ရှိရင်းစွဲအသက်ထက် ပိုပြီး ပျိုမြစ်နုနယ်စေမှာ အမှန်ပါပဲ။ ဒါကြောင့် အမြဲနုပျိုတဲ့အသားအရေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ ပြောပြပေးမှာပါ။

(၁) ရေဓာတ်ဖြည့်ပါ

Man Drinking Water Bottle

Photo : Business Insider

အသားအရေ နုပျိုပြီး ကြည်လင်ဝင်းပဖို့ဆိုရင် ရေဓာတ်လုံလုံလောက်လောက်လိုပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ရေကို လုံလောက်အောင် အမြဲသောက်သုံးပေးဖို့ လိုသလို Skin Moisturizer မျိုးလည်း သုံးပေးသင့်ပါတယ်။

(၂) အိပ်ရေးဝဝအိပ်ပါ

Man Sleeping On Bed

Photo : Psychology Today

အိပ်စက်မှုကလည်း အသားအရေပေါ် သက်ရောက်မှု ရှိပါတယ်။ အိပ်ရေးဝအောင် အိပ်စက်အနားယူခြင်းဟာာ ခန္ဓာကိုယ်ကို အလိုအလျောက် ပြန်သန်စွမ်းအောင် ပြုပြင်နေတာဖြစ်ပြီး အိုမင်းရင့်ရော်မှုမြန်ဆန်ခြင်းကို တားဆီးပေးပါတယ်။ ဒါကြောင့် တစ်နေ့ကို ၇ နာရီ အနည်းဆုံးပြည့်ဝအောင်အိပ်ပေးပါ။

(၃) တစ်ရက်နှစ်ကြိမ် မျက်နှာသစ်ပါ

Man washing face

Photo : Men’s Health

အသားအရေထိန်းသိမ်းတဲ့ အလေ့အထနဲ့ပတ်သတ်ပြီး ထွေထွေထူးထူးစဉ်းစားနေစရာမလိုပဲ အိမ်မှာတင် ပုံမှန်ဂရုစိုက်ပေးရုံနဲ့ အရွယ်တင်နိုင်ပါတယ်။ အလွယ်ဆုံးကတော့ မျက်နှာပုံမှန်သစ်ပြီး မျက်နှာချေးချွတ်တာမျိုး လုပ်ပါ။ ဒါတွေက အသားအရေကို စိုပြေစေပြီး ဆဲလ်အသေတွေကိုလည်း ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

(၄) အသီးအရွက်များများစားပါ

Portrait Man Eating Healthy Food

Photo : The Trent

လတ်ဆတ်တဲ့ အသီးအရွက် စိမ်းစိမ်းစိုစိုတွေများများစားပေးခြင်းက ကိုယ်ခန္ဓာအလေးချိန် ထိန်းညှိရာလည်း ရောက်သလို ကိုယ်တွင်းအဆိပ်အတောက်တွေလည်း ဖယ်ရှားပေးပါတယ်။ အသားအရေကိုလည်း ကြည်လင်ဝင်းပစေပြီး အမြဲပဲနုပျိုလန်းဆန်းနေစေဖို့ အထောက်အကူဖြစ်စေပါတယ်။

Featured Photo : Dreamstime