ဝိတ်မြန်မြန် ကျစေဖို့ အတွက် နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ နည်းလမ်းတော်တော်များများက အစားဆင်ခြင်ရတာကြောင့် အရမ်းကြီး သဘောကျလောက်တဲ့ထဲမှာ မပါပါဘူး။ ဝိတ်ချတော့မယ်ဆိုရင် အရင်ဦးဆုံး ပြင်းပြတဲ့ စိတ်ဆန္ဒရှိရပါမယ်။ ဒါမှမဟုတ်ရင်တော့ အစားစားချင်စိတ်ရဲ့ အနိုင်ယူခြင်းကို ခံရတတ်ပါတယ်။

အခုပြောပြချင်တာကတော့ ဝိတ်မြန်မြန်ကျစေတဲ့ နည်းလမ်း (၃) ခုပဲဖြစ်ပါတယ်။

(၁) သကြားနဲ့ ကဆီဓာက်ပါတာတွေကို မစားပါနဲ့

Source: MDLinx

အရေးကြီးဆုံး အချက်ကတော့ သကြားနဲ့ ကဆီဓာက်ပါတာတွေကို မစားဖို့ပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် အစားစားချင်စိတ်ကို လျှော့နည်းစေပြီးတော့ ကယ်လိုရီ စားသုံးမှု နည်းသွားပါလိမ့်မယ်။ ကယ်လိုရီစားသုံးမှုနည်းလာရင် Carbohydrate တွေ လောင်ကျွမ်းမဲ့အစား ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆီတွေလောင်ကျွမ်းသွားပါလိမ့်မယ်။ နောက်ထပ်ကောင်းကျိုးတခုကတော့ အင်ဆူလင်ပါဝင်မှုနှိမ့်သွားတာပါပဲ။ ကိုယ်ခန္ဓာအတွင်းမှာ အင်ဆူလင် ပါဝင်မှုနည်းသွားရင် မလိုအပ်တဲ့ ရေနဲ့ဆိုဒီယမ်တွေ ပါဝင်မှု ကျသွားပါလိမ့်မယ်။

(၂) ပရိုတင်း၊ အဆီ နဲ့ Carbohydrate ဟင်းသီးဟင်းရွက်တွေ စားပေးပါ

Source: Woman-The Nest

ထမင်းစားတဲ့အခါမှာ ပရိုးတင်း ဒါမှမဟုတ် အဆီ နဲ့ Carbohydrate နည်းတဲ့ ဟင်းသီးဟင်းရွက်တွေ အနည်းဆုံး ဟင်းတခွက်လောက်ပါသင့်ပါတယ်။

ပရိုတင်းကို များများစားနိုင်လေ ကောင်းလေးပါ။ ပရိုတင်းဓာတ် များများစားတဲ့အခါမှာ အစားအစားချင်စိတ် ၆၀% လောက်ကို ထိန်းပေးပြီးတော့၊ ညဖက် အစာပြေစားချင်စိတ်ကိုလည်း မဖြစ်စေပါဘူး။ ဝိတ်လျှော့တဲ့နေရာမှာတော့ ပရိုတင်းစားသုံးတာ အကောင်းဆုံးပါ။

ပရိုတင်းဓာတ်ရနိုင်တဲ့ အစားအစာတွေကတော့

  • အသားများ (အမဲသား၊ ကြက်သား၊ ဝက်သား၊ သိုးသား အစရှိသဖြင့်)
  • ငါးနဲ့ပင်လယ်စာ (ဆာလ်မွန်ငါး၊ ထရောက်ရေချိုငါး၊ ပုဇွန် အစရှိသဖြင့်)
  • ကြက်ဥ

Carbohydrate နည်းတဲ့ ဟင်းသီးဟင်းရွတ်တွေ မှာ ကျန်းမာရေးအတွက်လိုအပ်တဲ့ အမျှင်ဓာတ်တွေ၊ ဗီတာမင်တွေ ပါဝင်ပါတယ်။ ဒီအစားအစာတွေကိုများများစားပေးဖို့ လိုပါတယ်။

Carbohydrate ဟင်းသီးဟင်းရွက်များ

Source: twohealthykitchens.com

  • ဘရိုကိုလီ
  • ပန်းဂေါ်ဖီ
  • ခရမ်းချဉ်သီး
  • ဂေါ်ဖီထုပ်
  • သခွားသီး
  • ကိုက်လန်
  • ဆလပ်ရွတ်

အဆီတွေ စားဖို့မကြောက်ပါနဲ့။ တချို့တွေက ဝိတ်ချပြီဆိုရင် အဆီလုံးဝမစားတာတွေလုပ်တာ တွေ့ရပါတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အရာတွေကို မျှပြီး စားသုံးဖို့လိုပါတယ်။ အဆီပါတဲ့ အရာဆိုတိုင်း မုန့်ဆီကြော်တို့ ခေါက်ဆွဲကြော်တို့စားရမယ်လို့ပြောတာမဟုတ်ပါ။ ကျန်းမာရေးနဲ့ ညီတဲ့ အဆီတွေကို ရွေးချယ်စားသုံးဖို့ အကြံပေးချင်ပါတယ်။

ကျန်းမာရေးနဲ့ညီတဲ့ အဆီတွေရနိုင်တဲ့ အစားအစာတွေကတော့

  • သံလွင်ဆီ
  • ထောပတ်ဆီ
  • ငါးကြီးဆီ တို့ကို မျှတစွာစာပေးသင့်ပါတယ်။

(၃) တစ်ပတ်ကို ၃ ကြိမ်လောက် ဝိတ်မပေးပါ

Source: Men’s Journal

ဝိတ်ချဖို့အကောင်းဆုံးရွေးချယ်မူကတော့ တစ်ပတ်ကို ၃-၄ ကြိမ်လောက် Gym သွားပေးတာပါပဲ။ သွေးပူလေ့ကျင့်ခန်းလေးတွေလုပ်ပေးပြီးတော့ ဝိတ်အချို့မပေးပါ။ ဝိတ်မခြင်းက ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ ကယ်လိုရီတော်တော်များများကို လောင်ကျွမ်းစေပြီးတော့ ဇီဝဖြစ်ပျက်မှု နှေးသွားခြင်းမှလည်းကာကွယ်ပေးပါတယ်။ ဝိတ်မ မချင်ဘူး ဆိုရင်တော့ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာနဲ့ ရေကူးတာတွေ စတဲ့ အားကစားတွေကို နေ့စဉ်ပုံမှန်ပြုလုပ်ပေရင်းနဲ့ လည်း ဝိတ်ချနိုင်ပါတယ်။

ဒီအချက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် တစ်ပတ်ကို ၃-၅ ပေါင် အထိကျနိုင်ပါတယ်။