အနေနီးတဲ့ သမီးရည်းစားစုံတွဲတွေတောင် စိတ်အခန့်မသင့်တဲ့အခါ နားလည်မှုလွဲသွားတဲ့အခါမျိုးမှာတောင် ပြတ်တတ်ကြရင် အနေဝေးနေတဲ့ LDRS စုံတွဲတွေဆိုရင် ပြတ်နိုင်ချေရာခိုင်နှုန်းပိုများပါတယ်။ သင့်အနေနဲ့ သင့်တို့ရဲ့ LDRS ဆက်ဆံရေးကို ပိုမိုခိုင်မြဲချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့်အချက်များကို လိုက်နာသင့်ပါတယ်။

ကိုယ့်ကောင်မလေးရဲ့ကိုယ်ပိုင်ဘဝကို အသေးစိတ်မခြယ်လှယ်ပါနဲ့

tips for men who has a long distance relationship

Photo Source: Weddingguide.com

အနေဝေးလို့ဆိုပြီး ချုပ်ချယ်ခြင်းသည် အခြေအနေကို ပိုမိုဆိုးရွာလာစေတာကြောင့် မချုပ်ချယ်ပါနဲ့။ သူ့အပေါ် စိတ်ဝင်တစားရှိပေးရမှာတော့ မှန်ပေမယ့် ထိုအဆင့်ထက်ကျော်လွန်ပြီး အရာအားလုံးကို သိချင်စိတ်ပြင်းပြနေခြင်းသည် သင့်တို့ရဲ့LDRS ကို ထိခိုက်စေပါတယ်။

နှစ်ယောက် အဆက်အသွယ်မပြတ်ဖို့အတွက် စမတ်ဖုန်းကိုပဲ အားမကိုးပါနဲ့

tips for men who has a long distance relationship

နှစ်ပတ်လည်နေ့တွေ၊ နှစ်ယောက်သားအမှတ်တရနေ့တွေမှာ ထိတွေ့ကိုင်တွယ်လို့ရမယ့် လက်ဆောင်ပစ္စည်းလေးတွေ ဝယ်ပေးလိုက်ပါ။ လိုင်းပေါ်မှာချည်းပဲ တွေ့ရရုံနဲ့ မပြီးသွားပါဘူး။ သူ(မ) နှစ်သက်တဲ့ ရေမွှေးလေးပဲဖြစ်ဖြစ်၊ ဂါဝန်လှလှလေးပဲဖြစ်ဖြစ် ဝယ်ပေးလိုက်ပါ။ သင် ဝယ်ပေးထားတဲ့ ပစ္စည်းကို ကြည့်တဲ့အခါ သင့်ကို သတိရတဲ့စိတ်တွေ တိုးပွားလာမှာအမှန်ပါပဲ။

နှစ်ယောက်အတူ ဗီဒီယိုကောလ်ပြောတဲ့အခါ အချိန်အကြာကြီးပြောဖို့ထက် သူ(မ) အလွမ်းပြေသည်အထိ အဖော်ပြုပေးပါ

tips for men who has a long distance relationship

ကိုယ့်ကောင်မလေးက စကားပြောလို့မဝသေးဘဲနဲ့ ကိုယ့်ဘက်ကစတင်ပြီး နှုတ်ဆက်စကား စမပြောမိပါစေနဲ့။ ကိုယ့်ကောင်မလေးက အလွမ်းပြေပြီ စကားပြောလို့ဝသွားတဲ့အခါ ဘာမှပြောစရာမရှိတော့ဘဲ သူ(မ)ဘက်ကစတင်ပြီး အိပ်စက်ဖို့ နှုတ်ဆက်အနမ်း တောင်းဆိုပါလိမ့်မယ်။ ထိုအခါကျမှ ဗီဒီယိုကောလ် ချလိုက်ပါ။

တစ်ယောက်တည်း အထီးကျန်တယ်လို့ မယူဆပါနဲ့

 

tips for men who has a long distance relationship

LDRS သည် ဆိုးတာတွေလည်း ရှိသလို ကောင်းတာတွေလည်း ရှိပါတယ်။ ဆိုးတဲ့အချက်ကတော့ ကိုယ့်ကောင်မလေးအနားမှာ အချိန်တိုင်းရှိမနေပေးနိုင်တာပါ။ လေလှိုင်းပေါ်မှာပဲ အဖော်ပြုနေရတဲ့အတွက်ကြောင့် ကြာလာတဲ့အခါ အထီးကျန်သလို ခံစားရပါလိမ့်မယ်။ အဲ့ဒီလိုခံစားရတဲ့အခါ ကိုယ့်ရဲ့စိတ်ကို အကောင်းဘက်က ပြန်တွေးပေးရပါမယ်။ ကိုယ် တစ်ယောက်တည်းရှိတဲ့အချိန်ကို အထီးကျန်တယ်လို့ မယူဆဘဲ ကိုယ့်ကိုယ်ပိုင်သီးသန့်အချိန်ကို စိတ်လွတ်လက်လွတ်ကုန်ဆုံးပေးလိုက်ပါ။

တစ်ယောက်နဲ့တစ်ယောက် ရိုးသားမှုရှိပါစေ

tips for men who has a long distance relationship

သင်တို့နှစ်ဦးသားက ဝေးနေရတဲ့အတွက်ကြောင့် သာမန်စုံတွဲတွေထက်ကို ပိုရိုးသားဖို့လိုအပ်ပါတယ်။ နှစ်ဦးသားကြားမှာ တစ်ယောက်မကြိုက်တာတွေကို ပွင့်ပွင့်လင်းလင်းပြောပြထားပါ။ သူ(မ)ဘက်က တစ်စုံတစ်ရာ အမှားပြုလုပ်ခဲ့သည်ရှိသော် သင့်ဘက်ကလည်း ခွင့်လွှတ်ပေးဖို့ ဝန်မလေးပါနဲ့။ ရိုးသားမှု၊ နားလည်ခွင့်လွှတ်မှုသည် သမီးရည်းစားနှစ်ယောက်အကြား ရှိသင့်ရှိထိုက်တဲ့ အခြေခံအချက်လေးပဲဖြစ်ပါတယ်။

Source: Brightside.me