အကျင့်ဆိုတာ နေ့စဉ်သင်မစဉ်းစားဘဲ လုပ်လိုက်မိတဲ့အရာတွေပါ။ သင့်ဘဝရဲ့ ၄၀ ရာခိုင်နှုန်းလောက်က အလေ့အကျင့်တွေနဲ့ ဖွဲ့စည်းထားပြီးတော့ သင်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အလေ့အကျင့်တွေကပဲ သင့်ကိုပုံဖော်ထားတာပါ။ အကျင့်တွေက သင့်ဘဝကိုတည်ဆောက်နိုင်သလို ဖျက်လဲဖျက်ဆီးနိုင်ပါတယ်။ သင့်ဘဝကိုပိုကောင်းလာချင်တယ်ဆိုရင် အလေ့အကျင့်ကောင်းတွေနဲ့တည်ဆောက်ဖို့လိုပါတယ်။ အခုပြောပြပေးမှာက ကိုယ်တည်ဆောက်ချင်တဲ့ အလေ့အကျင့်ကောင်းတွေကို ဘယ်လိုစွဲမြဲအောင်လုပ်ရမလဲဆိုတဲ့နည်းလမ်းတွေကို ပြောပြပေးမှာဖြစ်ပါတယ်။

(၁) အသေးအဖွဲ့လေးကနေစပါ

Source : Business News Daily

လူအများစုက အပြောင်းအလဲ ကြီးကြီးမားမားတွေကို မြန်နိုင်သလောက်မြန်မြန်လုပ်ချင်ကြပါတယ်။ တစ်လ အတွင်းဝိတ်ကျအောင်ဆိုပြီး တစ်ပတ်ကိုအားကစားရုံ ၃ ခုလောက်သွားတာ၊ ညစာမစားဘဲတစ်ရက်လောက် ပဲနေတာစသဖြင့် လုပ်တတ်ကြပါတယ်။ သုတေသနပြုချက်တွေအရ စိတ်စွမ်းအားဟာကြွက်သားတွေရဲ့ အလုပ်လုပ်ပုံနဲ့ အတူတူပါပဲ။ တချိန်တည်းအများကြီးအသုံးပြုတဲ့အခါ ပင်ပန်းနွမ်းနယ်လာတတ်သလို နည်းနည်း စီအကြိမ်များစွာလေ့ကျင့်မှာ သာလိုချင်တဲ့ပန်းတိုင်ကိုရမှာပါ။ ဒါ့ကြောင့် သင်လိုချင်တဲ့အလေ့အကျင့်တခုရဖို့ ဆိုရင် သေးငယ်တဲ့အလေ့အကျင့်လေးတခုကနေစတင်ဖို့ အကြံပြုချင်ပါတယ်။

(၂) တစ်ကြိမ်မှာတစ်ခုပဲလုပ်ပါ

Source : Business 2 Community

တကယ်လို့သင်က အလေ့အကျင့်အသစ်တွေရဖို့ကြိုးစားနေသူတဦးဆိုရင် တကြိမ်မှာအလေ့အကျင့်တခုထက်ပို ကိုင်တွယ်ဖို့မကြိုးစားသင့်ပါဘူး။ ဥပမာ-သင်က ဝိတ်ချနေတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တာရော အစားရှောင် တာရောကိုတပြိုက်နက်မလုပ်ဘဲ လေ့ကျင့်ခန်းလုပ်တဲ့အလေ့အကျင့်ရအောင်အရင်လုပ်ပြီးမှ အစားရှောင်တဲ့ အလေ့အကျင့်ကိုလုပ်တာမျိုးုလုပ်ပေးပါ။ ဒါဆိုရင် ဒုတိယအလေ့အကျင့်က ပထမအလေ့အကျင့်ကိုအထောက် အကူပြုတဲ့အတွက် သင့်ရဲ့ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့အလေ့အကျင့်ကိုလဲပိုစွဲမြဲစေပါလိမ့်မယ်။

(၃) သင့်ရဲ့အလေ့အကျင့်အပေါ် မှတ်သားထားပါ

Source : Financial Regulation Journal

အားစိုက်ထုတ်မှုများလာတဲ့အခါ ကြိုးစားထားတဲ့အရာကိုလက်လွှတ်ဖို့ပိုခက်ခဲလာတာကို သင်ကြုံဖူးမှာပါ။ သင့်ရဲ့အလေ့အကျင့်အတွက် ကြိုးစားအားထုတ်ထားတဲ့အရာတွေကို သင့်ရဲ့အလုပ်စားပွဲ၊ ဘီဒို ဒါမှမဟုတ် သင်နေ့စဉ်အသုံးပြုနေတဲ့အရာတစ်ခုအနီးနားမှာမှတ်သားထားပါ။ ဒါက အမြင်အားဖြင့် သင့်ကိုယ်ကိုသတိပေးမှု ပြုလုပ်နိုင်တဲ့အလွန်လိမ္မာပါးနပ်တဲ့နည်းလမ်းတခုဖြစ်ပါတယ်။ ဒါ့ကြောင့် ပြက္ခဒိန်တခုရှာပြီး သင့်အလေ့အကျင့် အတွက်နေ့စဉ်မှတ်သားထားပါ။ ဒါဆို သင့်ရဲ့တာဝန်ကဒီအမှတ်အသားတွေကိုမဖျောက်ဖြတ်မိအောင်ကြိုးစားဖို့ဖြစ်သွားပါပြီ။

(၄) ရှင်းလင်းတဲ့ရည်ရွယ်ချက်ထားရှိပါ

Source : FlexJobs

တကယ်လို့သင်က အလေ့အကျင့်အသစ်တည်ဆောက်တာနဲ့ပတ်သတ်လို့ တကယ်အလေးအနက်ထားတယ် ဆိုရင်ဘာကြောင့်ပဲဖြစ်ဖြစ် လုံးဝမဖြတ်လိုက်ပါနဲ့။ ဥပမာ – သင် ၈ပတ်အတွင်း ဝိတ်ကျဖို့ တနေ့ကို ၁နာရီလေ့ ကျင့်ခန်းလုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် အကြောင်းပြချက်မပေးဘဲရအောင်လုပ်ပါ။ တကယ်လို့ လေ့ကျင့်ခန်း လုပ်မယ့် အချိန်နဲ့နေရာကိုပါ သတ်မှတ်ထားနိုင်ရင်ပိုကောင်းပါတယ်။ သင်ရည်ရွယ်ထားတဲ့အလေ့အကျင့်အတိုင်း နေ့စဉ်လုပ်ဖြစ်ခဲ့ရင်လဲ သင့်ကိုယ်သင်ဂုဏ်ပြုဖို့မမေ့ပါနဲ့။ ဒါက အနာဂတ်မှာ ပိုမိုကြီးမားတဲ့အောင်မြင်မှုတွေဖန်တီးဖို့ သင့်ကိုခွန်အားပေးပါလိမ့်မယ်။