အသက် (၂၀) ကျော်ဆိုတဲ့အရွယ်ဟာ မိတ်ဆွေအသစ်တွေရှာဖွေဖို့အကောင်းဆုံးအရွယ် လို့ပြောလို့ရပါတယ်။ ဒီခေတ်ကြီးမှာ လူငယ်တွေတော်တော်များများမှာ facebook ၊ twitter တို့လို ဆိုရှယ်မီဒီယာတွေပေါ်ကတဆင့် သိရတဲ့အပေါင်းအသင်းတွေက များပါတယ်။ ဒီအပေါင်းအသင်းတွေက အပြင်က အပေါင်းအသင်းတွေလို အဆင်မပြေပါဘူး။

ဒီနေ့ kwee page က အပြင်လောကမှာ သူငယ်ချင်းအသစ်တွေရအောင် ဘယ်လိုမိတ်ဖွဲ့ကြမလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။

အသိမိတ်ဆွေတွေထဲက ရှာဖွေပါ

Source: The Spruce

ယခုလက်ရှိ သင်နဲ့ သူငယ်ချင်းမဟုတ်ဘဲနဲ့ အဆက်အသွယ်ပြုလုပ်လျက်ရှိတဲ့လူတွေထဲကနေ ရှာဖွေပါ။ သင့်ပတ်ဝန်းကျင်မှာ သင်နဲ့မျက်မှန်းတန်းမိနေသူတွေ ရှိတတ်ကြပါတယ်။ သူစိမ်းတွေတွေ့တိုင်း  ပြုံးပြပြီး မိတ်လိုက်ဖွဲ့နေလို့တောအဆင်မပြေပါဘူး။ မျက်မှန်းတန်းမိ၊ မေးထူးခေါ်ပြောရှိလက်စသူနဲ့ ပိုပြီးရင်းနှီးအောင်မိတ်ဖွဲ့တာ ပိုပြီးအဆင်ပြေပါလိမ့်မယ်။ ဒီလိုမိတ်ဖွဲ့ရင်း သင့်အနေနဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာပြီဆိုရင်တော့ သူစိမ်းတွေနဲ့စတင်ပြီး မိတ်ဖွဲ့လို့ရပါပြီ။

ကိုယ်နဲ့ဝါသနာတူတဲ့သူတွေကို ရှာဖွေပါ

Source: Stocksy United

ဝါသနာပါတာတွေကို လုပ်ရင်းနဲ့လည်း ကိုယ်နဲ့ဝါသနာတူမိတ်ဆွေအသစ်တွေ ရလာနိုင်ပါတယ်။ ဒါကြောင့် ဂီတာသင်တန်း (သို့) ဟင်းချက်သင်တန်း တက်တာမျိုးပြုလုပ်ပါ။ ကိုယ့်အတွက်လည်း အကျိုးမယုတ်စေပါဘူး။ အဖွဲ့လိုက်ကစားရတဲ့ အားကစား ဥပမာ ဘောလုံးကစားတာကလည်း သူငယ်ချင်းအသစ်တွေ အများကြီးတွေ့နိုင်တဲ့ နည်းလမ်းတခုဖြစ်ပါတယ်။

ကိုယ်နဲ့သူငယ်ချင်းဖြစ်လာနိုင်မယ့် လူတွေကို အချိန်ပေးပါ

Source: Health Essential

ကိုယ်နဲ့အဆင်ပြေလောက်မယ့်သူတွေ့ပြီဆိုတာနဲ့ သူတို့ကို အချိန်ပေးပါ။ ရုပ်ရှင်သွားကြည့်တာ၊ ဈေးဝယ်ထွက်တာ (သို့) အားကစားအတူတကွ လုပ်တာ တွေပြုလုပ်ပေးပါ။ သူတို့လိုအပ်တဲ့အချိန်မှာ ကူညီပေးနိူင်အောင် ကြိုးစားပါ။

တကယ်လို့ တစုံတယောက်ကသင့်ကိုအပြင်သွားဖို့ပဲ ဖြစ်ဖြစ်၊ တခုခုလုပ်ဖို့ပဲ ဖြစ်ဖြစ် ဖိတ်ခေါ်ရင် (မတတ်သာလွန်းတဲ့အနေအထားမျိုးကလွဲပြီး) မငြင်းမိပါစေနဲ့။ မိတ်ဆွေ အသူငယ်ချင်းအပေါင်းအသင်းတွေ အသစ်တွေ ရနိူင်မယ့်အခွင့်အရေးကို အပြည့်အဝအသုံးချပါ။