ဒီတစ်ပတ် Weekend ကိုဘယ်လိုမျိုး ဖြတ်သန်းကြမယ်လို့ စိတ်ကူးထားကြလဲ။ မကြာသေးခင်ကမှ နှစ်သစ်ကူးသင်္ကြန် ရုံးပိတ်ရက်ရှည်ကြီးကို ဖြတ်သန်းခဲ့ကြပေမယ့်လည်း သင်္ကြန်ကဲတာဘာညာနဲ့ဆိုတော့ ကောင်းကောင်းအနားယူခဲ့ကြရမယ် မထင်ပါဘူး။ ဒါကြောင့် အခုတစ်ပတ် ရုံးပိတ်ရက် အားလပ်ရက်လေးကို အနားလည်းယူရင်း ကိုယ့်အတွက် အကျိုးလည်းရှိစေမယ့် Weekend ဖြတ်သန်းနည်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) အခန်းရှင်းပါ

Source : Man Nowhere

ရာသီဥတုကလည်း ပူပြင်းလှတာကြောင့် အားလပ်ရက်မှာ အပြင်ထွက်လည်ဖို့ အဆင်မပြေနိုင်ဘူး ထင်ပါတယ်။ ဒါကြောင့် အိမ်မှာပဲ နားနားနေနေနေရင်း ကိုယ့်အိမ်ခန်းလေးကို သန့်ရှင်းရေးလုပ်သင့်ပါတယ်။ ပစ္စည်းလေးတွေ နေရာတကျပြန်ထားမယ်။ လွှင့်ပစ်သင့်တဲ့အရာတွေကို လွှင့်ပစ်ပြီး နှစ်သစ်မှာ စိတ်သစ်၊ လူသစ် ၊ အသုံးအဆောင်ပစ္စည်းအသစ်တွေနဲ့ လန်းလန်းဆန်းဆန်းဖြတ်သန်းပါ။

(၂) ရုပ်ရှင်သွားကြည့်ပါ

Source : istockphoto.com

ရုပ်ရှင်ရုံမှာ အသစ်စက်စက် ဇာတ်ကားအသစ်တွေကိုသွားကြည့်ရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအနေနဲ့ Weekend မှာရုပ်ရှင်သွားကြည့်ရင်း အပန်းဖြေသင့်ပါတယ်။ ရုံထဲမှာတော့ မပူပေမယ့် နေ့လည်နေ့ခင်းသွားလာရတဲ့အချိန်က အလွန်ပူပြင်းလှတာကြောင့် ညနေဘက်ပွဲစဉ်တွေကို ရွေးချယ်သင့်ပါတယ်။ အခုဆိုရင်ရုပ်ရှင်လက်မှတ်တွေကိုလည်း ကိုယ်တိုင် သွားဝယ်စရာမလိုတော့ဘဲ Online ကနေ Booking တင်လို့ ရနေပြီဖြစ်တာကြောင့် အပူဒဏ်ရှောင်ရှာပြီးသား ဖြစ်မယ်ထင်ပါတယ်။

(၃) Free Seminar တွေတက်ပါ

Source : engineering.tamu.edu

အခုခေတ်လူတွေတော်တော်များများ ပညာရေးနဲ့ ဗဟုသုတပိုင်းဆိုင်ရာကို အဓိကဦးစားပေးလာကြပြီပဲဖြစ်ပါတယ်။ ဒီလိုပညာလိုလားတဲ့သူတွေအတွက် မကြာခဏဆိုသလိုလည်း ပညာရေးနဲ့ ပတ်သက်တဲ့ပွဲတွေ ၊ လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံဖလှယ်ပွဲတွေ အများကြီးပြုလုပ်လာတာ တွေ့ရပါတယ်။ Online မှာလည်း ပြုလုပ်မယ့်ပွဲတွေကို ကြော်ငြာပေးထားတာကြောင့် ကိုယ်စိတ်ဝင်စားတဲ့ Seminar တွေတွေ့ရင် လိုက်တက်ကြည့်ဖို့ တိုက်တွန်းပါတယ်။ တကယ်ကိုအတွေ့အကြုံပြည့်ဝပြီး သက်ဆိုင်ရာနယ်ပယ်အလိုက် အောင်မြင်နေသူတွေက ပြန်လည် Sharing လုပ်ပေးတဲ့ ပွဲတွေဖြစ်တာမလို့ အများကြီးအကျိုးရှိစေမှာ သေချာပါတယ်။

(၄) စာအုပ်ဆိုင်သွားပါ

Source : iStock

ခန္ဓာတောင့်တင်းခိုင်မာပြီး ကြွက်သားတွေကိတ်လာဖို့ Gym ဆော့ရသလို ကိုယ့်ရဲ့ ဦးနောက်လေးကိတ်လာပြီး ဗဟုသုတတွေ အများကြီးရှိနေဖို့ စာဖတ်များများဖတ်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ပိတ်ရက်မှာ စာအုပ်အရောင်းဆိုင်ကြီးတွေကို သွားပြီး ကိုယ်ကြိုက်တဲ့စာအုပ်လေးတွေ စိတ်ကြိုက်ရွေးချယ် ဝယ်ယူပါ။ Social Mediaတွေ လျော့သုံးပြီး စာအုပ်လေးတွေ ဖတ်မယ်ဆိုရင် တကယ့်ကို အကျိုးရှိတဲ့ ရုံးပိတ်ရက်လေးဖြစ်မယ်ဆိုတာ အာမခံပါတယ်။