အသေးအဖွဲအရာလေးများကို အထင်မသေးလိုက်ပါနဲ့။ သင် ပြုလုပ်လိုက်တဲ့ အပြုအမူအသေးအမွှားလေးကအစ သင့်ကောင်မလေးကို ပျော်ရွှင်ကြည်နူးလာအောင် ကမ္ဘာပေါ်မှာ အချစ်ခံရဆုံးလူသားအဖြစ် ခံစားသွားရအောင် ကူညီပေးနိုင်ပါတယ်။

ဘယ်လိုအသေးအဖွဲအပြုအမူတွေက သင့်ကောင်မလေးကို ပျော်ရွှင်အောင် ဖန်တီးပေးနိုင်သလဲဆိုတော့ …

သူ(မ)ကို ချစ်ကြောင်း ပြောပါ

tips for men to make their girls the luckiest

သူ(မ)ကို ဘယ်လောက်ချစ်ကြောင်း ပြောပြဖို့မမေ့ပါနဲ့။ များသောအားဖြင့် သမီးရည်းစား စုံတွဲများ၊ လက်ထပ်ပြီးသွားသောစုံတွဲများသည် ကိုယ့်ချစ်သူကို ချစ်တယ်ဆိုတဲ့စကား ပြောဖို့ မေ့နေတတ်ကြပါတယ်။ အချိန်တဖြည်းဖြည်းကြာလာတဲ့အခါ ထိုစကားမျိုး ပြောဖို့တောင် သတိမရကြတော့ပါဘူး။ ထိုကဲ့သို့ မဖြစ်ရလေအောင် သူ(မ)ကို သင့်ရဲ့အချစ်တွေ ပြသဖို့ လိုအပ်ပါတယ်။

ကိုယ် မှားတဲ့အခါ တောင်းပန်ပါ

tips for men to make their girls the luckiest

လူတစ်ယောက်ရဲ့မာန်မာနက ဧဝရတ်တောင်ထက်အောင် ကြီးမားပါတယ်။ တခါတလေ ကိုယ့်ရဲ့ယောကျာ်းမာနကို နောက်ထားပြီး တောင်းပန်လိုက်တဲ့အခါ သေးသိမ်သွားသလို ခံစားရကောင်း ခံစားရပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ရဲ့အမှားအတွက် တောင်းပန်ခြင်းသည် ရင့်ကျက်ပြီး လူကြီးလူကောင်းဆန်သောယောကျာ်းများရဲ့အပြုအမူဖြစ်ပါတယ်။ သင့်ကောင်မလေးလည်း သင်နဲ့ အမြန်ဆုံးပြန်ပြေလည်ဖို့အတွက် အကြောင်းအရာရသွားတာပေါ့။

အမှတ်တရနေ့ရက်များကို သတိရကြောင်းပြပါ

tips for men to make their girls the luckiest

သင်တို့နှစ်ယောက်အတွက် အဓိပ္ပာယ်ရှိတဲ့နေ့ရက်များကို သတိရကြောင်း ပြသခြင်းသည်လည်း သူ(မ)သည် သင့်အတွက် အရေးကြီးတဲ့လူသားတစ်ယောက်ပါလားဆိုတဲ့ ခံစားချက်မျိုး ပေးစွမ်းပါတယ်။ အလုပ်များတဲ့ရက်တွေမှာ မေ့သွားတာမျိုးရှိနိုင်တာကြောင့် Google Calendar သုံးပြီး Alarm ပေးထားနိုင်ပါတယ်။

နှစ်ယောက်အတူတူရှိနေချိန်မှာ သူ(မ)ကို လျစ်လျူမရှုပါနဲ့

tips for men to make their girls the luckiest

သင့်ကောင်မလေးက ဘေးနားမှာရှိနေရဲ့သားနဲ့ ဆွဲဆောင်မှုရှိတဲ့ အခြားကောင်မလေးဆီသို့ အာရုံရောက်သွားတာမျိုး၊ ကိုယ့်ကောင်မလေးကို မေ့သွားပြီး အခြားသူတွေနဲ့သာ စကားလက်ဆုံကျနေတာမျိုး၊ ဖုန်းချည်းပဲ သုံးနေတာမျိုး စတာတွေကို မပြုလုပ်သင့်ပါဘူး။ ကိုယ့်ကောင်မလေးကို ဂရုစိုက်ကြောင်း ပြသပြီး သူ(မ)သည် သင့်အတွက် အရေးပါကြောင်း ပြသပေးလိုက်ပါ။

Source: Lovepanky.com

Featured Image Source: Missmillersphotography.com