လူသားများ ကြုံတွေ့နေရတဲ့ နေ့ရက်တိုင်းသည် ပျော်ရွှင်မှုတွေနဲ့သာ ကြုံတွေ့နေရမှာမဟုတ်ပါဘူး။ ရံဖန်ရံခါမှာလည်း စိတ်ညစ်စရာ၊ စိတ်ရှုပ်ထွေးစရာ၊ ဝမ်းနည်းစရာများလည်း ကြုံတွေ့ရတတ်ပါတယ်။ ကိုယ်တိုင် စိတ်ညစ်နေရတာထက် ကိုယ်ချစ်ရတဲ့ ကိုယ့်ချစ်သူကောင်မလေးက ဝမ်းနည်းနေတာကို မြင်ရတဲ့အခါ ပိုစိတ်ညစ်ရတယ်မဟုတ်လား။

သူ(မ) စိတ်ညစ်နေတဲ့အချိန်မှာ တစ်ယောက်တည်း လွှတ်မထားဘဲနဲ့ သူ(မ) ပြန်လည်ပျော်ရွှင်လာအောင် သင်ကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။

ဘယ်လိုနည်းလမ်းမျိုးနဲ့ ဝမ်းနည်းနေတဲ့ ကိုယ့်ကောင်မလေးကို ပြန်လည်ပျော်ရွှင်လာအောင် ပြုလုပ်နိုင်မလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

ဟာသရုပ်ရှင်များ အတူတူကြည့်ပါ

tips for men to console their girlfriend

Photo Source: Nohat.cc

ရုပ်ရှင်များသည် လက်တွေ့ဘဝထဲက ရုန်းထွက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ သူတို့က သင့်ရဲ့စိတ်ကို ဇာတ်လမ်းထဲမှာပဲ စီးနင်းမြောပါသွားပြီး ကိုယ့်ရဲ့ပြဿနာကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားအောင် ကူညီပေးနိုင်ပါတယ်။

ဝမ်းနည်းနေချိန်မှာ အလွမ်းအဆွေးဇာတ်ကားတွေ မရွေးချယ်မိဖို့လည်းလိုအပ်ပါတယ်။ ပျော်ပျော်ပါးပါးနဲ့ ရယ်ရယ်မောမောကြည့်ရှုနိုင်မယ့် ဟာသဇာတ်မြူးကားများကိုသာ ရွေးချယ်ကြည့်ရှုပါ။

သူ(မ)နဲ့ စကားစမြည်ပြောပါ

tips for men to console their girlfriend

တချို့တွေကလည်း သူတို့စိတ်ညစ်ရတဲ့အကြောင်းကို ရင်ဖွင့်ချင်သူတွေလည်း ရှိသလို စိတ်ညစ်စရာတွေကို မေ့မေ့ပျောက်ပျောက်ထားပြီး အခြားသောအကြောင်းအရာများကိုသာ စကားစမြည်ပြောချင်ကြသူတွေလည်း ရှိပါလိမ့်မယ်။

သင့်ကောင်မလေးက ဘယ်အမျိုးအစားထဲမှာ ပါသလဲဆိုတာကို သေသေချာချာသိထားဖို့လိုအပ်ပါလိမ့်မယ်။ ဒါမှသာလျှင် သူ(မ) စိတ်ညစ်စရာများပြေပျောက်ပြီး ပြန်လည်ပျော်ရွှင်လာအောင် ဖန်တီးနိုင်မှာမဟုတ်လား။

အတူတူ လေကောင်းလေသန့်ထွက်ရှုပါ

tips for men to console their girlfriend

Photo Source: Continental-hurghada.com

တခါတရံမှာ လေကောင်းလေသန့်ရှုရှိုက်လိုက်ခြင်းသည်လည်း သင် အလိုအပ်ဆုံးကုသမှုတစ်ခု ဖြစ်နိုင်ပါတယ်။ အတူတူ လမ်းလျှောက်ထွက်ပါ။ စက်ဘီးစီးထွက်ပါ။ အားလပ်ရက်မှာ ပျော်ပွဲစားထွက်ရင်း တန်ဖိုးရှိတဲ့အချိန်ကို အတူတူ ကုန်ဆုံးနိုင်ပါတယ်။ သဘာဝနဲ့ ထိတွေ့ပေးခြင်းသည်လည်း လူသားရဲ့စိတ်ဖိစီးစရာများကို ဖယ်ရှားပေးပြီး ပြန်လည်ပျော်ရွှင်လာအောင် ဖန်တီးပေးနိုင်ပါတယ်။

သူ(မ)ကို အံ့အားသင့်သွားအောင် စပရိုက်တိုက်ပါ

tips for men to console their girlfriend

ပန်းစည်းလေးပဲဖြစ်ဖြစ်၊ သူ(မ)နှစ်သက်တတ်တဲ့ လက်ဆောင်တစ်ခုခု (သို့) သူ(မ) နှစ်သက်တဲ့ မုန့်ပဲသွားရေစာတစ်ခုခုကို သူ(မ) မမျှော်လင့်တဲ့အချိန်မှာ လက်ဆောင်ပေးလိုက်ပါ။ သင် ကိုယ်တိုင် သူ့အိမ်ကို သွားမပို့ပေးနိုင်ရင်တောင်မှ Delivery Service နဲ့ ပို့ပေးနိုင်ပါတယ်။ စိတ်ညစ်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ စပရိုက်တိုက်ခံလိုက်ရတဲ့အတွက်ကြောင့် သူ(မ)ရဲ့စိတ်လည်း အပြောင်းအလဲဖြစ်သွားမှာ အမှန်ပါပဲ။

Source: Lovepanky.com

Featured Image Source: Lovepanky.com