နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်ဘူးလို့ အငြင်းပွားနိုင်စရာရှိပါတယ်။ သို့သော်လည်း လူတွေအများစုမေ့ထားတာက ပျော်ရွှင်မှုဆိုတာ မိမိဘဝထဲကနေလာတယ် ဆိုတာပါပဲ။ တခြားသူတွေ ရုပ်ဝတ္ထုတွေအပေါ်မှာ မှီခိုးလွန်းနေ၍သာ ပျော်ရွှင်မှုဆိုတာ ပျောက်ဆုံးနေရတာပါ။ ဒါကြောင့် ဒီတခေါက်မှာတော့ သင့်ဘဝမှာ ပျော်ရွှင်မှုတိုးပွားစေဖို့ လိုက်နာသင့်တဲ့ ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ကိုယ့်ကိုယ်ကို ခွင့်လွှတ်တက်ပါစေ

Source : Freepik
တချို့လူတွေဟာ အမှားတစ်ခုလုပ်မိရင် အဲ့ဒီအမှားအတွက် အချိန်တော်တော်ကြာတဲ့အထိ ကိုယ့်ကိုယ်ကို အပြစ်တင်ခြင်းတွေ လုပ်မိတက်ကြပါတယ်။ တကယ်တော့ အမှားတစ်ခုလုပ်မိတယ်ဆိုရင် အဆိုပါ ကိစ္စတစ်ခုလုံးကို ပြန်လည်ခွဲခြားစိတ်ဖြာပြီး နောက်ထပ်တစ်ကြိမ် ဒီလိုအမှားမျိုး မကျူးလွန်မိအောင် ကိုယ့်ကိုယ်ကိုသတိပေးသင့်တာပါ။ ဒီလိုမှမဟုတ်ပဲ ကိုယ့်ကိုယ့်ကိုအပြစ်တင်နေမယ် မုန်းတီးနေမယ်ဆိုရင် ပျော်စရာတွေပျောက်သွားနိုင်ပါတယ်။ လူတိုင်းတစ်ကြိမ်တစ်ခါတော့ မှားဖူးကြတာပဲ မဟုတ်လား။
(၂) မကောင်းတဲ့လူတွေနဲ့ ဝေးဝေးနေပါ

Source : Karify
သင့်ပတ်ဝန်ကျင်မှာ ကောင်းမွန်တဲ့ မိတ်ဆွေတွေ ချစ်သူရည်းစား နဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတွေများစွာရှိနိုင်သလို သင့်ကိုယ်သင် မကောင်းတဲ့ ခံစားမှုဖြစ်လာအောင်တွန်းပို့ပေးနေတဲ့ မိတ်ဆွေအတုအယောင်တွေလည်းရှိပါတယ်။ ဒီလိုမိတ်ဆွေအတုအယောက်တွေဟာ သင့်ကိုအချိန်တိုင်းစိတ်မပျော်မရွှင်ဖြစ်စေခြင်း ကိုယ့်ကိုယ့်ကိုယုံကြည်မှုပျောက်ဆုံးစေခြင်း အဆိုးမြင်စိတ်များစေခြင်းတွေ ဖြစ်စေချင်ကြပါတယ်။ ဒီလူလိုတွေနဲ့ ဝေးဝေးနေနိုင်လေ သင့်ဘဝမှာ ပျော်ရွှင်ရလေပါပဲ။
(၃) ကိုယ့်ကိုယ့်ကိုကောင်းတဲ့အရာတွေပြောပါ

Source : 123RF.com
တစ်ခါတစ်ရံမှာ လူတွေဟာ စိတ်ထဲကနေ ကိုယ့်ကိုယ့်ကို စကားတွေပြောနေမိတဲ့ အချိန်တွေရှိပါတယ်။ တခြားလူယောက်စီကနေ ကောင်းမွန်တဲ့စကားတွေကို နားထောင်ရရင် ပျော်ရွှင်မှုခံစားရသလိုပဲ သင့်ကိုသင် တစ်ယောက်တည်းစကားပြောတဲ့အချိန် တနည်းအားဖြင့် သင့်ရဲ့ စိတ်နဲ့ စကားပြောတဲ့အချိန်မှာ အကောင်းမြင်စိတ်နဲ့ အပြုသဘောဆောင်တဲ့အတွေးတွေ ၊ ကောင်းမွန်တဲ့ စကားတွေကိုပြောဆိုပါ။ ကောင်းမွန်တဲ့အရာတွေပြောဆိုခြင်းက ကောင်းတဲ့အမှတ်တရတွေ ပြန်လည်တွေးတောခြင်းက သင့်ကိုပျော်ရွှင်မှုတိုးပွားစေမှာပါ။
(၄) ကျန်းမာရေးကို ဦးစားပေးပါ

Source : Intermountain Healthcare
ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကြားမှာ ဆက်နွယ်ချက်တွေ အများကြီးရှိပါတယ်။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာနိုင်မှာဖြစ်သလို ကိုယ်ကျန်းမာမှလည်း စိတ်ချမ်းသာပျော်ရွှင်နိုင်မှာပါ။ ဒါ့ကြောင့် သင့်ရဲ့နေ့စဉ်ဘဝမှာ ကောင်းမွန်တဲ့ ကျန်းမာရေးအလေ့အကျင့်ကောင်းလေးတွေကို မွေးမြူဖို့လိုအပ်ပါတယ်။ အားကစားပုံမှန်လုပ်တာမျိုး အစားအသောက် ထိန်းတာမျိုး အိပ်ချိန်ပြည့်ဝအောင်အိပ်တာမျိုး စိတ်ဖိစီးမှုလျော့နည်းအောင်နေတာမျိုး စသည်ဖြင့် ကျန်းမာရေးကိုကောင်းမွန်စေမယ့် အလေ့အထတွေကို ဦးစားပေးလုပ်ဆောင်သင့်ပါတယ်။
