တစ်လတစ်လ လစာရလိုက် သုံးလိုက် ကုန်လိုက်နဲ့ လုံးလည်ချာလည်လိုက်နေတဲ့ အခြေအနေကြီးကနေ ရုန်းထွက်ချင်နေပြီလား။ ဒါဆိုရင်တော့ သင့်ရဲ့လစဉ်ဝင်ငွေကို ကောင်းမွန်စွာစီမံခန့်ခွဲတက်ဖို့ လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လစဉ်ဝင်ငွေကို အဖက်တင်စေဖို့ ငွေကြေးဆိုင်ရာ တတ်ကျွမ်းသူတွေ အကြံပြုထားတဲ့ စီမံခန့်ခွဲနည်းလမ်းလေးတွေကို မျှဝေပေးပါမယ်။

(၁) စာရင်းဇယားနဲ့သုံးပါ

Stimulus check calculator
Photo : Tom’s Guide

ငွေဆိုတဲ့အမျိုးက စာရင်းဇယားနဲ့စနစ်တကျသုံးတက်မှ တော်ကာကျမှာပါ။  ရှာရခက်သလောက် ကုန်ဖို့မြန်တာကလည်း ငွေပါပဲ။ စာရင်းဇယားနဲ့ ငွေမသုံးတက်ရင် ဝင်ငွေထွက်ငွေ မမျှတပဲ ပရမ်းပတာနဲ့ ငွေထွက်ပေါက်တွေ များနေပါလိမ့်မယ်။

(၂) ပိုက်ဆံစုပါ

Men Saint Documents About Save Money
Photo : Fresh50

လစဉ်ကိုယ့်ဝင်ငွေထဲက ၂၀ ရာခိုင်နှုန်းကို စုငွေအဖြစ်စုဆောင်းထား သင့်ပါတယ်။ ပိုက်ဆံစုတာဟာ ကိုယ့်အတွက် အားတစ်ခုဖြစ်စေသလို အရေးပေါ် ငွေသုံးစရာတွေပေါ်လာတဲ့အခါမှာလည်း လက်ထဲအဆင့်သင်ရှိနေတဲ့အတွက် အချေးအငှားပြဿနာတွေ နည်းစေမှာပါ။

(၃) ရည်မှန်းချက်ထားပါ

 Financial Planning
Photo : Infinity Financial Solutions

မလိုအပ်တဲ့ ငွေသုံးစွဲမှုတွေလျော့ပြီး လက်ထဲပိုက်ဆံကျန်စေဖို့ အကောင်းဆုံးနည်းလမ်းက ငွေကြေးဆိုင်ရာ ရည်မှန်းချက်တစ်ခုထားခြင်းပါ။ ခရီးသွားဖို့ ၊ ကိုယ်ပိုင်အိမ်တစ်လုံးဝယ်ဖို့ ၊ လုပ်ငန်းတစ်ခုထူထည်ဖို့ စသည်ဖြင့် ရည်မှန်းချက်ထားမယ်ပြီး အာ့အတွက်ငွေအနည်းငယ်လတိုင်း ဖယ်ထားမယ်ဆိုရင် ကြားပေါက်ထွက်ငွေတွေ နည်းစေကာ အဖက်တင်စေမှာပါ။

(၄) ရင်းနှီးမြုပ်နှံပါ

 Money Growth

Photo : iStock

ရေရှည်အတွက် ငွေကြေးဆိုင်ရာအပူပင်ကင်းဖို့ဆိုရင် ရင်းနှီးမြုပ်နှံခြင်းက အသင့်တော်ဆုံးပါပဲ။ ရင်းနှီးမြုပ်နှံခြင်းဆိုတာ ငွေကိုငွေနဲ့ရင်းပြီး တိုးပွားလာအောင်လုပ်တာပါ။ ဒါကြောင့် သင့်တော်တဲ့ လုပ်ငန်းတစ်ခုခုမှာ သင့်ဝင်ငွေကိုပြန်ပြီး ရင်းနှီးထားပါ။

Featured Photo : The Fintech Times