သဘာဝကျကျအရောင်နဲ့ စတင်ပါ

အဓိကအရောင်တွေဖြစ်တဲ့ အနီ၊ အပြာ၊ အစိမ်း၊ အဝါတို့လို Pop color ( အရောင်တောက်တောက် ) တွေလို မဟုတ်ဘဲ Neutral color ( မနုလွန်းမရင့်လွန်း သဘာဝကျတဲ့အရောင်) တွေက တခြားဘာအရောင် နဲ့မဆိုတွဲ လို့အဆင်ပြေပါတယ်။ အရောင်တမျိုးထဲကိုပဲအသားပေးဝတ်ဆင်တာက သင့်ကိုခေတ်မီပုံပေါက်စေပြီး အဝတ် အစားရွေးရတာလဲ လွယ်ကူစေပါတယ်။ Neutral color (သဘာဝအရောင်) များ – အနက်၊ နက်ပြာ၊ မီးခို၊ အညို၊ သံလွင်သီးရောင် ။

မဝတ်ခင် ကာလာတရောင်ကိုပဲအရင်ရွေးပြီးမှ လိုက်ဖက်ပေါ်လွင်အောင်ထပ်ရွေးချယ်ပါ

သင့်ရဲ့ဝတ်စုံအတွက် မှန်ကန်တဲ့အရောင်ရွေးချယ်ပြီးပြီဆိုရင် နောက်တဆင့်ကသင်ကိုင်မယ့်အိတ်ဖြစ်စေ၊ နာရီ ဖြစ်စေ၊ ဖိနပ်ဖြစ်စေ သင်ပထမဆုံးရွေးထားတဲ့ကာလာနဲ့အနီးစပ်ဆုံးဖြစ်မယ့် ဒုတိယကာလာကိုရွေးပါ။ အဲ့လို သင့်ဝတ်စုံအတွက်အရောင်နှစ်မျိုးလောက်ကစားတာမျိုးမဟုတ်ဘဲ နောက်ထပ်တတိယကာလာတမျိုးထပ်ထည့် လိုက်ရင် ကြည့်တဲ့လူအတွက်အာရုံများပြီးရှုပ်သွားစေနိုင်ပါတယ်။

ကိုက်ညီမှုရှိတာထက် ထပ်မံဖြည့်စွက်ဖို့ရွေးပါ

သင့်ရဲ့ဝတ်စုံအတွက် ပထမကာလာ ဒုတိယကာလာတွေရွေးချယ်ပြီးအဆင်ပြေသွားပြီဆိုရင်တော့ အခုဖြည့် စွက်အရောင်တခု ထပ်ရွေးဖို့အချိန်ပါ။ ဖြည့်စွက်အရောင်အတွက်ခေါင်းမစားရအောင် အောက်က color wheel ကိုကြည့်နိုင်ပါတယ်။ (color wheel ပုံ) အနီနဲ့ အစိမ်း ၊ အပြာနဲ့ လိမ္မော် ၊
အဝါနဲ့ ခရမ်း ။

အလွယ်ဆုံးပြောရရင် ကိုက်ညီတဲ့အရောင်တွေဆိုတာ color wheel ထဲက ဆန့်ကျင်ဘက်မြားပြထားတဲ့ အရောင်တွေကိုပြောတာပါ။ ဥပမာ သင်ကအင်္ကျ ီအနီရောင်နဲ့ ဘောင်းဘီအစိမ်းရောင်ကိုဝတ်ချင်တယ်ဆိုရင် သင့်ပုံစံက ခရစ်စမတ်ပွဲတော်ဆင်နွှဲတော့မလိုဖြစ်နေပါလိမ့်မယ်။ အနီရောင်ကို ဖြည့်စွက်ကာလာဖြစ်တဲ့ neutral color စိမ်းဖန့်ဖန့်သံလွင်သီးရောင်နဲ့ တွဲလို့ရပါတယ်။ ဒါ့ကြောင့် ကိုက်ညီတဲ့အရောင်တွေအတိုင်းမတွဲဘဲ ဖြည့်စွက်အရောင်ဖြစ်ဖို့ပဲရွေးပါ။ အားလုံးအဆင်ပြေကြပါစေ။