Business Dress တွေကို အခုခေတ်မှာ ပေါ့ပေါ့ပါးပါး ပုံစံပြောင်း ဝတ်လာကြပါပြီ။ Shoes အ‌ရောင်နဲ့ပတ်သက်ပြီးလည်း အရင်ခေတ်ကလို Black Shoes ကိုပဲ အထိုင်ထားပြီး ဝတ်စရာတော့ မလိုပါဘူး။ ဒီတစ်ခေါက်မှာတော့ Suit အရောင်ပေါ်လိုက်ပြီး တွဲဝတ်သင့်တဲ့ Dress Shoes ကာလာလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) Navy Blue Suit

Color Shoes Go With A Navy Blue Suit

Photo: Real Men Real Style

Navy Blue (နက်ပြာ) ရောင်အနောက်တိုင်း ဝတ်စုံနဲ့ လိုက်ဖက်တဲ့ Shoes ကာလာတွေကတော့ အနက်ရောင် ၊ အညိုရောင် နဲ့ နီညိုရောင်တွေပါပဲ။ လုပ်ငန်းအစည်းအဝေးလို Formal ပွဲအတွက်ဆို Black ကာလာရွေးသင့်ပြီး နည်းနည်း သက်တောင့်သက်သာရှိတဲ့ နေရာတွေအတွက်ဆို အညိုရောင် Brown ကာလာ Shoes တွေ စီးသင့်ပါတယ်။ စိတ်လက်ပေါ့ပါးပြီး ဖန်တီးမှုပိုရှိစေချင်တယ်ဆိုရင် နီညိုရောင် Burgundy ကာလာ စီးသင့်ပါတယ်။

(၂) Gray Suit

Color Shoes Go With A Gray Suit

Photo: Real Men Real Style

Gray Suit ကလည်း Navy Blue လိုပါပဲ။ လိုက်ဖက်တဲ့ Shoes အရောင်တွေချင်း တူပါတယ်။ Gray Suit က Navy Blue နဲ့စာရင် သိပ် Formal မကျတဲ့ဖက်ရှင်ပါ။ ဒါကြောင့် Casual / Social ပုံစံအတွက်ဆို အညိုနဲ့ နီညိုရင့် Burgundy Shoes တွေ စီးပြီး နည်းနည်းပို Formal ကျချင်ရင် အနက်ရောင် စီးရမှာပါ။

(၃) Charcoal Suit

Color Shoes Go With A Charcoal Suit

Photo: Real Men Real Style

ကျောက်မီးသွေး‌ရောင် Charcoal Suit ဝတ်ရင် ရှောင်ရမယ့်ဖိနပ်အရောင်က အညိုရောင်ပါ။ အနက်နဲ့ နီညိုရင့်တွေ ဝတ်နိုင်ပါတယ်။ Plain Black Shoes တွေကတော့ အလိုက်ဖက်ဆုံးဖြစ်ပါတယ်။

(၄) Brown Suit

Color Shoes Go With A Brown Suit

Photo: Real Men Real Style

Brown Suit နဲ့ အလိုက်ဖက်ဆုံး Shoes ကာလာက အညိုရောင်ပါ။ Brown Shoes က Brown Suit ထက် ကာလာရင့်လေ ပိုကောင်းလေပါပဲ။ Burgundy ကာလာလိုမျိုး နီညိုရင့်တွေနဲ့လည်း အဆင်ပြေပါတယ်။ ရှောင်ရမှာက အနက်‌ရောင် ဖြစ်ပါတယ်။

(၅) Black Suit

Color Shoes Go With A Black Suit

Photo: Real Men Real Style

သင်က အနက်ရောင် Black Suit ဝတ်တတ်ရင် Shoes ဖိနပ်ကို တစ်ရောင်ပဲ စီးသင့်ပါတယ်။ အဲ့ဒါကတော့ အနက်ရောင် ဖြစ်ပါတယ်။ ကျန်တဲ့ အညိုရောင်နဲ့နီညိုရောင် Burgundy ကာလာတွေကတော့ ရှောင်ရမယ့်အရောင်ထဲမှာ ပါပါတယ်။

Featured Photo: Real Men Real Style