လူတွေအားလုံးရဲ့လူနေမှုဘဝထဲကိုရောက်လာတဲ့ ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ ကာလမှာ လူနေမှုပုံစံအသစ်နဲ့နေ ထိုင်ဖို့ အားလုံးကလေ့လာနေကြမှာပါ။ ရုတ်တရတ်ပြောင်းလဲသွားတဲ့ ကမ္ဘာကြီးရဲ့ပြောင်းလဲမှုတစိတ်တပိုင်းဖြစ် တာနဲ့အညီ လူတွေအားလုံးကလဲ ဒီပြောင်းလဲမှုနဲ့အတူလိုက်လျောညီထွေမှုရှိအောင် ကြိုးစားရပါတယ်။ အခု ပြောပြပေးမယ့် အချက်တွေကတော့သင့်ကို New Normal Lifestyle မှာ လိုက်လျောညီထွေရှိအောင်ကူညီ မယ့်အချက်လေးတွေဖြစ်ပါတယ်။
(၁) နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကို အသစ်ပြောင်းပါ
Source : Working Solutions
သင့်ရဲ့တနေ့တာလုပ်ငန်းဆောင်တာတွေကို သင်လုပ်ဆောင်တဲ့ပုံစံကို new normal မှာအသစ်ပြန်လည်ဖန်တီး သင့်ပါတယ်။ နေ့စဉ်လုပ်စဉ် ဒါမှမဟုတ် အချိန်ဇယားအသစ်က နေ့စဉ်ဘဝကိုပိုအဆင်ပြေစေဖို့ကူညီပေးနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အလုပ်နဲ့ အားလပ်ချိန်၊ မိသားစုကိုပေးတဲ့အချိန်တွေကို သေချာပြန်ရေးဆွဲဖို့အကြုံပြုပါ တယ်။
(၂) ကော်ဖီဘရိတ်အချိန်သတ်မှတ်ပါ
Source : iStock
တကယ်လို့သင်က အိမ်ကပဲအလုပ်လုပ်နေရတယ်ဆိုပါစို့။ ဒါဆို သင့်ရဲ့သူငယ်ချင်းတွေနဲ့ အွန်လိုင်းကနေကော် ဖီသောက်ရင်းစကားပြောတဲ့အချိန်မျိုးလုပ်ပေးတာကောင်းပါတယ်။ ဒါကသင့်အတွက် သင့်ကိုယ်သင့်ဂရုစိုက် ပေးတဲ့အချက်တချက်ပါပဲ။ အိမ်ကနေ အလုပ်လုပ်ရင်း အနားယူချိန်ပေးပြီး စကားဝိုင်းလေးတခုဖန်တီးတာ သင့် စိတ်ကိုကောင်းတဲ့အပြောင်းအလဲဖြစ်စေမှာပါ။
(၃) ပိတ်ရက်တွေမှာ အပြည့်အဝအနားယူပါ
Source : Twenty20
အိမ်ကနေ အလုပ်လုပ်ရတဲ့အခါ ယခင်ကထက်အီးမေးလ်တွေ အလုပ်စီမံကိန်းတွေကသင်နဲ့ပိုနီးနီးစပ်စပ်ရှိနေပါ လိမ့်မယ်။ ဒါ့ကြောင့် သင့်အနေနဲ့အချိန်တိုင်း အီးမေးလ်တွေ၊ အလုပ်တာဝန်တွေကိုစစ်နေရနိုင်ပေမယ့် စနေ၊ တနင်္ဂနွေလိုပိတ်ရက်တွေမှာတော့ အပြည့်အဝအနားယူဖို့အကြံပေးချင်ပါတယ်။
(၄) သင့်ကိုယ်သင် နေထိုင်မှုပုံစံအဟောင်း Old Normal Life ကို လွမ်းဆွတ်ခွင့်ပြုပါ
Source : Shutterstock
ကူးစက်မြန်ရောဂါကြောင့် လူတွေအားလုံးနေထိုင်စားသောက်ပုံတွေပြောင်းလဲသွားပါတယ်။ သင့်အနေနဲ့ နေ သားကျနေတဲ့ လူနေမှုပုံစံဟောင်းကိုစွန့်လွှတ်ပြီး အပြောင်းအလဲကိုမဖြစ်မနေလက်ခံရတဲ့အတွက် စိတ်ခံစား ချက်အဆင်မပြေတာမျိုးရှိနိုင်ပါတယ်။ စိတ်ဆိုးတာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာ ဘယ်လိုခံစားမှုမျိုး ပဲဖြစ်ဖြစ် အသိအမှတ်ပြုလိုက်ပါ။ သင်နေသားကျနေထိုင်ခဲ့တာတွေကိုလွမ်းလို့ရပါတယ် ပြီးရင်တော့လွှတ်ချလိုက်ပါ။