အသည်းကွဲရောဂါကို ခံစားဖူးကြတဲ့သူတွေပဲ ထိုရောဂါသည် ဘယ်လောက်ထိ နာကျင်ကြေကွဲရသလဲဆိုတာကို သိကြတာပါ။ ကိုယ် ချစ်တဲ့သူက ကိုယ့်ကို ရုတ်တရက်ကြီးထားသွားတဲ့အခါ ရင်ဘတ်ထဲမှာ ဟာတာတကြီး ခံစားရသလိုလို၊ နှလုံးသားထဲမှာ ဆူးအကြီးကြီးတစ်ချောင်း စိုက်ဝင်သလိုလိုဖြစ်ပြီး ဆောက်တည်ရာမရ ခံစားရတာပါ။

ထိုခံစားချက်မျိုးကို သင် ကိုယ်တိုင်ဖြစ်စေ သင် သူငယ်ချင်းတွေဖြစ်စေ ခံစားဖူးကြပါလိမ့်မယ်။ ထိုကဲ့သို့ ခံစားရပါက ဘယ်လိုနည်းလမ်းတွေနဲ့ ကျော်ဖြတ်နိုင်မလဲ။

အရင်ကထက် ပိုမိုဖက်ရှင်ကျအောင် စတိုင်လ်ကျအောင် ဝတ်စားသွားလာပါ

tips for men who feel heartbroken

သင့်ရည်းစားဟောင်းက သင့်ကို ဘာ့အတွက်ကြောင့် လမ်းခွဲသွားတာလဲ။ ဘယ်လိုအကြောင်းကြောင့်ပဲ လမ်းခွဲနေပါစေ ဒီနည်းလမ်းနဲ့ လက်စားပြန်ချေနိုင်ပါတယ်။ သင့်အတွက်လည်း ဖက်ရှင်ကျ သင့်ရဲ့ရည်းစားဟောင်းသည်လည်း တနုံ့နုံ့နဲ့ ခံစားနေရမှာပါ။ သူ(မ)က သင့်ဆီပြန်လာချင်လို့ပါဆိုရင်တော့ သင့်ဘက်က ပြတ်သားဖို့လိုပါလိမ့်မယ်။ နောက်တစ်ကြိမ်ထပ်ပြီး အသည်းမကွဲချင်ဘူးဆိုရင်ပေါ့။

ဘော်ဒါတွေနဲ့ အချိန်ကုန်ဆုံးပါ

 

tips for men who feel heartbroken

ရည်းစားဟောင်းနဲ့ တွဲနေတုန်းက ဘော်ဒါတွေနဲ့ အချိန်ကုန်ဆုံးဖို့ဆိုတာ မရှိသလောက်ရှားပါတယ်။ အခုဆိုရင် သူ(မ)ကို အချိန်မပေးလို့ စိတ်ကောက်ခံရတာတွေ လိုက်ချော့ရတာတွေမရှိတော့ပါဘူး။ ညကြီးမိုးချုပ် ဘော်ဒါတွေနဲ့ လျှောက်လည်မယ်ဆိုရင်လည်း အောက်ကျနောက်ကျခံပြီး ခွင့်တောင်းနေစရာမလိုတော့ပါဘူူး။ ကိုယ့်ဘော်ဒါတွေနဲ့ လွတ်လွတ်လပ်လပ် အချိန်ကုန်ဆုံးနိုင်ပါတယ်။

ကိုယ့်အတွက်သာ ပိုက်ဆံသုံးပါ

tips for men who feel heartbroken

ရည်းစားဟောင်းနဲ့တုန်းက ဘယ်နှလပြည့် လက်ဆောင်၊ ဘယ်နှနှစ်ပြည့်လက်ဆောင်၊ ဘယ်လိုစပရိုက်လက်ဆောင်စတဲ့ ကုန်ပေါက်တွေချည်းပါပဲ။ အခုဆိုရင် သင့်ပိုက်ဆံများကို ဘယ်သူ့ ဘယ်သူအတွက်မှ အကုန်ခံစရာမလိုဘဲ ကိုယ့်တစ်ယောက်တည်း စိတ်ကြိုက်သုံးနိုင်ပါပြီ။ အရင်ကထက်လည်း ပိုမိုစုမိ ဆောင်းမိဖြစ်တာပေါ့။

ဖူးစာမပါဘူးလို့သာ မှတ်ယူပါ

tips for men who feel heartbroken

ဖူးစာဆိုတာ အတင်းအဓမ္မလုပ်ယူလို့ရတာမဟုတ်ပါဘူး။ ဒါ့အပြင် အသွင်တူမှ အိမ်သူဖြစ်တာပါ။ သင့်နဲ့ ပလဲရနံ့မသင့်တဲ့သူသည် သင့်ဆီမှာ ကြာကြာနေနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် လမ်းခွဲချင်တယ်ဆိုလည်း ပျော်ပျော်ပါးပါးသာ လမ်းခွဲပေးလိုက်ပါ။ ကိုယ့်ကိုမချစ်တဲ့လူအတွက်နဲ့ ဘာ့ကြောင့် စိတ်ပင်ပန်းဆင်းရဲခံနေဦးမှာလဲ။

Source: Aconsciousrethink.com

Featured Image Source: Project4031.org