စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်တော့မယ်ဆိုပြီး ဆုံးဖြတ်ချက်တစ်ခု အခိုင်အမာချတဲ့နေ့ကစလို့ ကိုယ့် စီးပွားရေး တစ်စထက်တစ်စ ကြီးပွားတိုးတက်လာအောင် ဘယ်လိုကြိုးစားရမလဲဆိုတာ နေ့တိုင်းစဉ်းစားရမှာပါ။ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ အခက်အခဲတွေ၊ အတားအဆီးတွေကို ရင်ဆိုင်ကျော်လွှားနိုင်မှ အောင်မြင်မှုကို ဆွတ်ခူးနိုင်မှာပဲဖြစ်ပါတယ်။

ဒီဆောင်းပါးလေးထဲမှာတော့ စီးပွားရေးသမားများ နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲ၊ အတားအဆီးတွေကို ရင်ဆိုင်ကျော်လွှားနိုင်မယ့် နည်းလမ်းအချို့ကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

အကောင်းမြင်စိတ်ရှိသူများကို သင့်အနားမှာ ထားထားပါ။

Source: csipbl.com

သင့် ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်ရှိတဲ့သူတွေနဲ့ ပြည့်နှက်နေမယ်ဆိုရင် သင့်ရဲ့ ပန်းတိုင်ကို ပိုမိုအာရုံစူးစိုက်နိုင်မှာပဲဖြစ်ပါတယ်။ မကောင်းမြင်စိတ်ရှိတဲ့သူတွေကတော့ သင့်ကို အားလျော့စေမှာပဲဖြစ်ပါတယ်။ မကောင်းမြင်စိတ်ရှိတဲ့သူတွေရဲ့ စကားကို နားယောင်နေမိမယ်ဆိုရင်တော့ သင့်အတွက် ဆိုးကျိုးတွေပဲရရှိမှာဖြစ်ပါတယ်။

အကောင်းမြင်စိတ် မွေးမြူထားပါ။

Source: shutterstock.com

သင့်အနားမှာ ရှိတဲ့သူတွေဆီမှာပဲ အကောင်းမြင်စိတ်ရှိလို့မဖြစ်ပါဘူး။ သင့်ဆီမှာလည်း အကောင်းမြင်စိတ်ရှိရပါမယ်။ စိတ်ပျက်အားလျော့ပြီး မကောင်းတဲ့အတွေးတွေပဲ ခေါင်းထဲဝင်လာနေမယ်ဆိုရင် စိတ်ကို ဖြေလျော့ထားပြီး စိတ်အေးချမ်းသွားအောင် တရားများများထိုင်ပေးပါ။

ဘယ်တော့မှ အရှုံးမပေးပါနဲ့။

Source: meaningfullife.com

အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက များလွန်းလို့ လက်လျော့ပစ်ချင်စိတ်တွေပေါ်လာတဲ့နေ့ရက်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ အဲ့ဒီလို အရှုံးပေးချင်စိတ်တွေ တဖွားဖွားပေါ်လာတိုင်း သင် ဘာ့ကြောင့်စတင်လုပ်ဆောင်ခဲ့လဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ဒီနေရာအထိရောက်လာပြီးမှ လက်မြှောက်အရှုံးပေးလိုက်ဖို့ တန်ရဲ့လားလို့ ပြန်မေးကြည့်လိုက်ပါဦး။ သင် ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်သွားမှာကို မစိုးရိမ်ဘူးလား။

အလုပ်ချည်းပဲ ဖိမလုပ်ပါနဲ့။

Source: sonru.com

အလုပ်ကြိုးစားတာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ လူဆိုတာက အသွေးအသားနဲ့ တည်ဆောက်ထားတာပါ။ စက်ရုပ်တွေတောင်မှာ အားကုန်သွားတဲ့အခါ၊ သတ်မှတ်ရက်ကျော်လွန်သွားတဲ့အခါ ကောင်းစွာ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ သင့်မှာလည်း အလုပ်လုပ်ချိန်၊ စားချိန်၊ နားချိန်တွေကို သီးသန့်ခွဲထားပေးပါ။ အလုပ်ချည်းပဲ အလွန်အကျွံလုပ်နေပြီး မိမိစိတ်ကို ဘယ်လိုအနားပေးရမလဲဆိုတာ မသိရင်တော့ စိတ်ဖိစီးမှုတွေနဲ့ ပိနေပြီး ကြာရင် စိတ်ကျရောဂါလည်း ခံစားရနိုင်ပါတယ်။

အတားအဆီး၊ အခက်အခဲများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲလိုက်ပါ။

Source: videoblocks.com

အခက်အခဲတွေနဲ့ နေ့တိုင်းကြုံတွေ့နေရလို့ စိတ်ပျက်မသွားဘဲ ထိုအခက်အခဲတွေကနေ ကိုယ့်အတွက် အကျိုးအမြတ်ဘယ်လိုရရှိနိုင်မလဲဆိုတဲ့ ကွက်ကျော်မြင်တတ်တဲ့စိတ်က စီးပွားရေးသမားတစ်ယောက်မှာ မဖြစ်မနေရှိသင့်တဲ့ စိတ်ဓာတ်တစ်ခုပဲဖြစ်ပါတယ်။