ငွေကြေးအကျပ်အတည်းဖြစ်တဲ့ကာလမျိုးတွေ လူတိုင်းလူတိုင်း ကြုံတွေ့ဖူးကြပါတယ်။ ဒါပေမယ့်သင်က တစ်ခါတစ်လေငွေကြေးကျပ်တည်းတာမျိုးမဟုတ်ပဲ လတိုင်းလိုလို ငွေကြေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရပြီဆိုရင်တော့ အခုပြောပြမယ့်အရာလေးတွေလုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
(၁) မရသေးတဲ့ငွေကိုကြိုသုံးခြင်းအားရှောင်ကျဉ်ပါ
Source : Plain Finances
လွယ်လွယ်ပြောရမယ်ဆိုရင်တော့ အကြွေးယူသုံးခြင်းပါ။ လကုန်မှလစာရမှာဖြစ်ပေမယ့် လစာမခင်ကတည်းက တခြားကငွေလှည့်ထားပြီး ကြိုတင်သုံးထားမယ်ဆိုရင် တကယ်လဲလစာရရော အကြွေးဆပ်တာနဲ့ လက်ထဲမှာရှိကျန်သင့်သလောက်ငွေပမာဏရှိတော့မှာမဟုတ်ပါဘူး။ဒါကြောင့်မရသေးတဲ့ငွေကို ချေးငှားပြီးကြိုတင်သုံးစွဲခြင်းကိုလုံးဝရှောင်ကျဉ်သင့်ပါတယ်။
(၂) ဝင်ငွေထက်ပိုမသုံးမိပါစေနဲ့
Source : News4Jax
ကိုယ့်ရဲ့ တစ်လတာအသုံးစရိတ်က တစ်လုံးရှာထားလို့ရတဲ့ ဝင်ငွေထက်များနေရင် ငွေကြေးကျပ်တည်းမှုပြဿနာကလည်း သံသရာလည်လို့ဆုံးမှာမဟုတ်ပါဘူး။ကိုယ်မှာတစ်လကို သဲုံးသိန်းဝင်ငွေရှိတယ်ဆိုရင် အသုံးစရိတ်ကို သုံးသိန်းထက်မကျော်ဖို့ စီစစ်ပြီးသုံးစွဲသင့်ပါတယ်။ဝင်ငွေနဲ့ ထွက်ငွေမမျှပဲသုံးမိရင် အချိန်တန်တဲ့အခါကိုယ်ပဲ ငွေကြေးဆိုင်ရာအခက်ခဲတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။
(၃) ငွေကြေးစီမံခန့်ခွဲပါ
Source : Dreamstime
လကုန်ရက်လိုလစာရတဲ့အချိန်ကတည်းက မဖြစ်မနေသုံးရမယ့် ကုန်ကျစရိတ်တွေ တစ်ကိုယ်ရေသုံးကုန်ကျစရိတ်တွေ အားလုံးကိုသေချာစနစ်တကျစီမံခန့်ခွဲထားဖို့လိုပါတယ်။ ဖြစ်နိုင်ရင် ဝင်ငွေရဲ့ သုံးပုံတစ်ပုံကိုမဖြစ်မနေစုနိုင်အောင်လုပ်ပါ။ ပိုက်ဆံကလက်ထဲရှိနေရင်သုံးမိနေတက်တာကြောင့် မဖြစ်မနေသုံးရမယ့် ပိုက်ဆံကလွဲရင် ပိုတဲ့ပိုက်ဆံကို ဘဏ်ထဲမှာစုထားမျိုးလုပ်သင့်ပါတယ်။
(၄) မလိုအပ်တဲ့နေရာတွေမှာစိတ်အလိုမလိုက်ပါနဲ့
Source : Success Magazine
အသုံးအဆောင်ပစ္စည်းတွေဝယ်ဖို့စဉ်းစားမိပြီဆိုရင် ပထမအချက်အနေနဲ့ မဖြစ်မနေလိုအပ်နေပြီလားဆိုတာ ကိုယ့်ကိုယ်ကိုပြန်မေးဖို့လိုပါတယ်။ ဥပမာနောက်ဆုံးပေါ်ဖုန်းတစ်လုံးလဲကိုင်ဖို့တွေးမိတာမျိုး ဈေးကြီးပေးရတဲ့ Branded အဝတ်အစားတွေ အသုံးအဆောင်ပစ္စည်းတွေ ဒီလိုမျိုးတွေက တကယ်ရောလိုအပ်ပါရဲ့လားကိုယ်ကိုယ်မေးကြည့်ပါ။ အမှန်တကယ်လိုအပ်တဲ့အခြေအနေတစ်ခုမရှိသေးပဲ စိတ်အလိုလိုက်မိရင်တော့ ငွေကြေးအကျပ်အတည်းကဖြစ်နေအုန်းမှာပါ။ဒါ့ကြောင့်တစ်ခုခုဝယ်တော့မယ်ဆိုရင် အနည်းဆုံး ၂ ရက်လောက်အချိန်ပေးပြီး တကယ်ဝယ်သင့်မဝယ်သင့်ကိုစဉ်းစားဆုံးဖြတ်သင့်ပါတယ်။