ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လျော့ကျဖို့ ဘယ်သူမဆို အပြင်ထွက်တိုင်း Mask တပ်လာရပြီ ဖြစ်ပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာကလည်း လူကြားသူကြားထဲ သွားမယ်ဆိုရင် Face Mask ကို မဖြစ်မနေ တပ်သွားဖို့ တိုက်တွန်းထားပါတယ်။ အခုဆို ပုံမှန် Face Mask နဲ့အတူ အဝတ် Mask တွေလည်း သုံးလာကြပြီ ဖြစ်လို့ အဝတ် Mask နဲ့ စတိုင်ကျအောင် နေနည်းလေး မျှဝေချင်ပါတယ်။

(၁) ကိုယ်ဝတ်ထားတာနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းရွေးပါ

Photo: greeleytribune

ဖက်ရှင်ရဲ့ သော့ချက်တစ်ခုက လိုက်ဖက်အောင် ဝတ်တတ်ဖို့ပါပဲ။ ကိုယ့်မျက်နှာမှာ တပ်ထားတဲ့ အဝတ် Mask ဟာ ကိုယ်ဝတ်ထားတဲ့ အဝတ်အစားတွေနဲ့ လိုက်ဖက်ဖို့ အရေးကြီးပါတယ်။ Mask ရဲ့ အရောင် နဲ့ အကွက်ဟာ ကိုယ်ဝတ်ထားတဲ့ အင်္ကျီ ၊ ဘောင်ဘီ ကာလာ ဒီဇိုင်းတွေနဲ့ အဆင်ပြေပြေ ရှိရမှာပါ။ ဥပမာ_Denim Jean ဆိုရင် Monochrome ကာလာမျိုး ရွေးသင့်ပြီး ဗြောင်ကာလာရှပ်ဆိုရင် ကာလာပါတဲ့ Mask တပ်တာမျိုး ဖြစ်ပါတယ်။ အကွက်အစင်း ဝတ်တယ်ဆိုရင်လည်း ကိုယ်ဝတ်တဲ့ ဖက်ရှင်နဲ့ ကိုယ်တပ်ထားတဲ့ Mask ဟာ Match ဖြစ်ဖို့ လိုပါတယ်။

(၂) အရောင့်ရင့်ရင့် ရွေးချယ်ပါ

Photo: Pinterest

Cloth Mask ရွေးမယ်ဆိုရင် အရောင်ရင့်ရင့် ဒါမှမဟုတ် အကွက်ရင့်ရင့် Bold Print ပုံတွေ စဉ်းစားပါ။ အကွက်ရင့် အရာင်ရင့်တွေဟာ ကိုယ့်ရဲ့ Personality ကို ပြနိုင်ပါတယ်။ ကိုယ့်ရဲ့ သွင်ပြင်ကိုလည်း ပိုပြီး ဆွဲဆောင်မှုအားကောင်းစေပါတယ်။ ဒါပေမယ့်လည်း အပေါ်မှာ ပြောခဲ့သလို ကိုယ်ဝတ်တဲ့ အဝတ်အစားနဲ့ လိုက်တဲ့ ကာလာ Tone ရွေးတာကတော့ အကောင်းဆုံးပါပဲ။

နောက်ဆုံးအနေနဲ့ ပြောချင်တာက ဖက်ရှင်ကျဖို့ထက် ကျန်းမာရေးအတွက် စိတ်ချရတဲ့ ချုပ်ရိုးချုပ်သားဟုတ်/မဟုတ် ၊ နှာခေါင်းနဲ့ ပါးစပ်တွေ တကယ်လုံ/မလုံ ၊ အရည်အမှုန်အစက်တွေ မဝင်အောင် ကာကွယ်နိုင်/မကာကွယ်နိုင် နဲ့ ဝတ်ရတာ သက်တောင့်သက်သာ ရှိ/မရှိဆိုတဲ့ အချက်တွေကို အဓိကထားပြီး ရွေးချယ်ဖို့ ဖြစ်ပါတယ်။