သမိုင်းကြောင်းအရ လူတွေ ဘောင်းဘီဝတ်လာတာ နှစ်ပေါင်း ၃၀၀ လောက် ရှိပြီလို့ ဆိုပါတယ်။ရှည်လျားလှတဲ့ သမိုင်းကြောင်းနဲ့လာတဲ့ ဘောင်းဘီတွေအကြောင်းက ပြောစရာတွေက ရှိနေတုန်းပါပဲ။ ဒီတစ်ခေါက်ပြောချင်တာက ယောင်္ကျားလေးတွေအတွက် အကြမ်းခံပြီး အမျိုးမျိုး ရေလဲဝတ်နိုင်မယ့် ချည်ဘောင်းဘီအတွက် Style Guide ဖြစ်ပါတယ်။

ချည်သားဘောင်းဘီတွေဟာ ဒီနေ့ခေတ် Modern Man တွေရဲ့ အမှတ်လက္ခဏာတစ်ခုဖြစ်ပြီး Slim Cutting ဒီဇိုင်း ၊ ခြေထောက်အတွက် အဆင်ပြေတဲ့ ခြေပေါက်ကျဉ်း Narrow Leg Opening နဲ့ လာပါတယ်။ ဝတ်ရတာ သက်တောင့်သက်သာရှိပြီး ပွဲဝင်လို့ ရတဲ့ အမျိုးအစားဖြစ်လို့ ချည်ဘောင်းဘီကို ဘယ်လိုမျိုး အမိုက်စားဖြစ်အောင် ဝတ်ရမလဲနဲ့ ပတ်သက်ပြီး အကြံတချို့ပေးချင်ပါတယ်။

Closeup fashion image of luxury watch on wrist of man.body detail of a business man.Man's hand in a white shirt and blue jacket in a pants pocket closeup

Photo: lsmensclothing

Trousers လို့ခေါ်တဲ့ ချည်ဘောင်းဘီတွေကို ရိုးရိုး Casual နဲ့ Smart Casual ပုံစံမျိုးအတွက် ဝတ်ကြသလို လုပ်ငန်းခွင်တွေနဲ့ ပွဲတွေရှိလို့ ဝတ်ချင်ရင်လည်း Formal & Business Case မျိုးမှာ ဝတ်လို့ ရပါတယ်။ များသောအားဖြင့် ပုံစံအမျိုးမျိုး ရှိကြတဲ့အထဲမှာ ဒီနေ့ခေတ် Smart Casual အဖြစ် အဝတ်များကြတဲ့ ချည်ဘောင်းဘီတွေက Chino နဲ့ ကာကီဘောင်းဘီတွေ ဖြစ်ပါတယ်။

Chino တွေဟာ ဝါချည်ကနေ ထုတ်ထားတဲ့ Classic Slim-Fit Trousers တန်းမှာ ပါပါတယ်။ Chino တွေကို အကောင်းဆုံး Smart Casual Pant တွေအဖြစ် လူသိများပါတယ်။ ချည်သားဖြစ်လို့ ပေါင်ကျကောင်း Good Stretch ဖြစ်ပါတယ်။ Slim Fit နဲ့လာသလို Tapered ဒါမှမဟုတ် Straight Fit မျိုးလည်း ထွက်ပါတယ်။ ခါးကို ဒုက္ခမပေးတဲ့ ဘောင်းဘီအမျိုးအစား ဖြစ်ပြီး ဝတ်စုံပြည့် Dress Up ဝတ်ရာမှာလည်း သုံးသလို နေ့စဉ်ဝတ် ဖက်ရှင်အဖြစ်လည်း သုံးနိုင်ပါတယ်။

များသောအားဖြင့် Chino ဘောင်းဘီတွေကို ပရော်ဖက်ရှင်နယ်နဲ့ Casual Environment တွေမှာ ဝတ်လေ့ ရှိပါတယ်။ စမတ်ကျချင်တယ် ၊ ပွဲတက်ဖို့အတွက် ဝတ်တော့မယ်ဆိုရင် Oxford Shirt လို လူကြီးလူကောင်းဆန်ဆန် သပ်ရပ်ပြီး အရည်အသွေးကောင်းတဲ့ Shirt တွေနဲ့ ဝတ်လို့ ရှိပါတယ်။ Smart Casual ဖြစ်ဖို့ဆို Polo Shirt နဲ့ တွဲဝတ်သင့်ပြီး ပေါ့ပေါ့ပါးပါးဆို Loafer ဖိနပ်နဲ့ Plain Tee ရှပ်တွေနဲ့ တွဲဝတ်နိုင်ပါတယ်။

စတိုင်မိချင်တယ်ဆိုရင် Chino ကို Boot တွေ Sneakers တွေနဲ့ တွဲဖက်လို့ ရပါတယ်။ အပေါ်က Shirt ကတော့ တီရှပ် ၊ ပိုလိုရှပ် ၊ ရက်ဘီရှပ် ၊ ဟန်လ်လေ ရှပ် စတာတွေနဲ့ ဝတ်နိုင်ပါတယ်။ ပေါ့ပေါ့ပါးပါး စတိုင်အတွက်ဆို အောက်က Chino ဘောင်းဘီနဲ့ အပေါ်မှာ တီရှပ်ကိုမှ ရှပ်လက်ရှည်အပါးနဲ့ Layering လုပ် ဝတ်နိုင်ပါတယ်။ Chino တွေနဲ့ ဆင်ပေမယ့် လုပ်ငန်းခွင်မှာ အဝတ်များတာက ကာကီတွေ ဖြစ်ပါတယ်။

MEN’S PANTS STYLING GUIDE

Photo: lifestylebyps

ကာကီဘောင်းဘီတွေဟာ စစ်ဘက်မှာ ဝတ်ဆင်လာခဲ့တဲ့ ဘောင်းဘီတွေက စပါတယ်။ ဒီဘက်ခေတ်မှာ ကာကီတွေကို Casual Business ပတ်ဝန်းကျင်မှာ ဝတ်လို့ရအောင် ထုတ်လာပါတယ်။ ကာကီတွေက Chino တွေထက် အကြမ်းခံပြီး ခါးအကျ မတူပါဘူး။ ကာကီဘောင်းဘီကောင်းဝယ်ချင်ရင် Cotton သားကို ရွေးသင့်ပါတယ်။ ခါးမှာ Fit & Flexible ဖြစ်စေလို့ ဖြစ်ပါတယ်။

ကာကီဝယ်ဆိုရင် Straight Leg ရှောင်ပါ။ Slim ဒါမှမဟုတ် Skinny Fit က ပိုပြီး စတိုင်ကျစေပါတယ်။ ဘောင်းဘီသားတွေကတော့ သက်တောင့်သက်သာရှိပြီး ဆွဲဆန့်နိုင်မယ့် Good Stretch ဖြစ်ဖို့လိုပါတယ်။ ကာကီဝတ်မယ်ဆိုရင် ပိုလိုရှပ်တွေက အကောင်းဆုံးပါပဲ။ ဖိနပ်အနေနဲ့ Boat Shoes ၊ Loafer နဲ့ Sneakers တွေ တွဲစီးဖို့ ရွေးနိုင်ပါတယ်။ ပြောရရင် ကာကီဘောင်းဘီရှည်တွေက နေရာတိုင်းနဲ့ သင့်လျော်တဲ့ ဖက်ရှင်ပါပဲ။