ဘာကြောင့် Gym သွားပြီး အလေးမရသလဲ ၊ Workout ကစားရသလဲလို့ မေးရင် အကုန်လုံးလိုလိုက ဗလတောင့်တောင့် ၊ အဆီပိုမရှိ ကျစ်လျစ်ကျားလျားတဲ့ ဘော်ဒီလိုချင်တာကြောင့်လို့ ဖြေပါလိမ့်မယ်။ ဒါပေမယ့် Workout ကို တကယ့်အစီအစဉ်တကျ ၊ အချိန်နဲ့ ဇယားနဲ့ လုပ်မှသာ ကိုယ့်စိတ်ကူးထဲက ဘော်ဒီမျိုး ရမှာပါ။

(၁) ပန်းတိုင်ချပါ

Source: pexels

Wings ပြီးရင် Chest ဆော့မယ်ဆိုတာမျိုး အစီအစဉ်အတိုင်း မစဉ်းစားခင်မှာ ကိုယ့်ကိုယ်ကို ပြန်မေးရမှာက ဘာလို့ ငါ Workout လုပ်တာလဲဆိုတဲ့ အချက် ဖြစ်ပါတယ်။ တစ်ချို့သူတွေက ရင်အုပ်ကောင်းချင်လို့ ၊ တစ်ချို့က ဝိတ်ကျချင်လို့ စသည်ဖြင့် အမျိုးမျိုး အထွေထွေ ရှိပါတယ်။ အရင်ဆုံး ကိုယ်ဖြစ်ချင်တဲ့ ပုံစံကို အရင်ဆုံး ချမှတ်ထားရမှာပါ။

(၂) အားမယ့်အချိန် ရှာပါ

Source: pexels

ကိုယ်က တစ်ပတ်ကို ၃ ရက် ကစားလို့ ရမလား ၊ ၄ ရက်လား ၅ ရက်လား။ အားမယ့်အချိန်နဲ့ အရင်ဆုံး ချိန်ရမှာပါ။ နောက်တစ်ခုက ကိုယ့်အနေအထားက အချိန်ပိုပေးပြီး ခပ်ပြင်းပြင်း ကစားရမှာလား ပုံမှန်ကစားနေရင်ကို ရပြီိလား ကြည့်ပါ။ တကယ်လို့ Workout လုပ်တာ အကြိမ်ရေ နည်းရင် အဓိက မဖြစ်မနေကစားရမယ့် လေ့ကျင့်ခန်းတွေ တစ်ခုမကျန် ကစားဖို့လည်း စီစဉ်ထားဖို့ လိုပါတယ်။

(၃) သွေးပူလေ့ကျင့်ခန်း

Source: pexels

Warm-Ups လုပ်တာကတော့ ခန္ဓာကိုယ်ဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေအတွက် အဆင်သင့်ဖြစ်အောင် ကိုယ့်ကိုယ်ကို ညှိလိုက်တာ ဖြစ်ပြီး အကြောအချဉ်တွေ မနာအောင်လည်း ကြိုကစားရပါတယ်။ Warm-Ups လုပ်ရာမှာလည်း ဒီနေ့ ကိုယ်ကစားမယ့် ခန္ဓာကိုယ်အပိုင်းနဲ့ ပိုပြီး လိုက်ဖက်တဲ့ သွေးပူလေ့ကျင့်ခန်းပဲ ကစားရမှာပါ။

(၄) ဦးစားပေး ကစားရမယ့် အပိုင်း သတ်မှတ်ပါ

Source: pexels

ဘယ်အပိုင်းကို ဦးစားပေးကစားရမလဲဆိုတာကတော့ ကိုယ့်ရဲ့ Trainer နဲ့ အရင်ဆုံး ဆွေးနွေး အကြံတောင်းပြီး မကျန်အောင် ကစားသွားဖို့ လိုပါတယ်။ Squat လိုမျိုး အောက်ပိုင်းထိုင်တာ Shoulder ကစားတာ ၊ pull-up ဆွဲတာတွေကို ပေါင်းပြီး ကစားတာဟာ ကြွက်သားသန်မာမှုနဲ့ အဆီပို လောက်ကျွမ်းမှုကို ပိုမြန်စေပါတယ်။

(၅) တစ်နေ့ ဘယ်လောက် ကစားဖြစ်သလဲ ကြည့်ပါ

Source: pexels

ကိုယ်ကစားနေတဲ့ Workout ဘယ်လောက် ထိရောက်မှု ရှိသလဲ သိဖို့ ပုံမှန် Track လုပ်သင့်ပါတယ်။ ဒီနေ့ ဘယ်လောက် ကြာအောင် ကစားဖြစ်သလဲ ၊ ဘယ်နှစ် ကီလိုကို ဘယ်နှစ်ကြိမ် မ ခဲ့သလဲ စသည်ဖြင့် မှတ်ထားသင့်ပါတယ်။

(၆) အနားယူချိန်ပေးပါ

Source: pexels

နေ့ တိုင်း Workout လုပ်စရာ မလိုပါဘူး။ တစ်ပတ်မှာ တစ်ရက် နှစ်ရက်လောက် အပြင်မှာ သူငယ်ချင်းတွေနဲ့ ဘောလုံး စုကန်တာတို့ လုပ်နိုင်သလို အားမွေးတဲ့အနေနဲ့ ကောင်းကောင်းအနားယူနိုင်ပါတယ်။

(၇) အစားအသောက်မှန်ပါစေ

Source: pexels

အာဟာရပြည့်ဝတဲ့ အစားအသောက်ကိုလည်း ပုံမှန်စားပေးဖို့ လိုသလို ဖြည့်စွက်အစာ ၊ ပရိုတိန်းပေါများတဲ့ အစားအစာနဲ့ ကာဗွန်ဟိုက်ဒရိတ်မြင့်တဲ့ အစားအစာတွေလည်း စားပေးသင့်ပါတယ်။ ဒါဆိုရင်တော့ Workout ကစားရာမှာ ပိုပြီး ခရီးတွင်မှာ ဖြစ်ပါတယ်။