ဗောက်တွေဟာ ဆံပင်ကျန်းမာရေးပျက်စီးနေပြီဆိုပြီး အချက်ပြနေတဲ့ လက္ခဏာတစ်ခုပါ။ အဆီများတဲ့ အသားအရေပိုင်ရှင်တွေမှာ ဗောက်တွေ့ရတတ်သလို ခေါင်းကို စနစ်တကျ မလျှော်သူတွေလည်း ဗောက်ထပါတယ်။

ဆံပင်ကို သန့်ရှင်းမှု အားနည်းလို့ မှိုတွေ ပေါက်ပွားရာကနေ ဦးရေပြား ယားယံလာပြီး ဆံသားတစ်ဝိုက် ဗောက်ကွက်တွေ ထလာပါလိမ့်မယ်။ ဗောက်ထပြီဆိုရင် ခေါင်းထဲမှာ ရွစိရွစိနဲ့ အလွန်အနေရခက်သလို ကုပ်လိုက်လို့ ဗောက်ဖတ်တွေ ထွက်လာရင်လည်း အတော်လေး ရွံစရာကောင်းပါတယ်။

ဒါကြောင့် ဗောက်မထအောင် ဘယ်လိုလုပ်သင့်သလဲဆိုတာ အကြံပြုချင်ပါတယ်။

(၁) မှန်ကန်တဲ့ Shampoo ရွေးပါ

Photo: Freepik

ဆံပင်ကျွတ်တာ ၊ ယားယံခြောက်သွေ့တာက ဦးရေပြားမှာ ဗောက်ထစေနိုင်ပါတယ်။ ဒါကြောင့် အရေပြားမခြောက်စေမယ့် သဘာဝခေါင်းလျှော်ရည်မျိုးကို ရွေးချယ်သင့်ပါတယ်။

Shampoo တွေဟာ ဆံပင်နဲ့ ဦးရေပြားမှာ ရှိတဲ့ အဆီနဲ့ အညစ်အကြေးတွေ ဖယ်ရှားဖို့ ထုတ်ထားတာပါ။ ဒါပေမယ့်လည်း ကိုယ့်ဦးရေပြားဟာ သဘာဝအဆီနဲ့ အစိုဓါတ်ထိန်းထားဖို့ လိုပါတယ်။ လက်ဖက်ဆီနဲ့ ပရုပ်ပါတဲ့ Shampoo မျိုး သုံးတာ အကောင်းဆုံးပါပဲ။ ခေါင်းကိုလည်း ခဏခဏ လျှော်လွန်းတာ မကောင်းပါဘူး။ ဒါ့ကြောင့် တစ်ရက်ခြားတစ်ခါဖြစ်စေ တစ်ပတ်မှာ ၃ ခါလောက်ပဲ ဖြစ်စေ ခေါင်းလျှော်သင့်ပါတယ်။

(၂) Conditioner သုံးဖို့ မမေ့ပါနဲ့

Photo: Freepik

Conditioner သုံးခြင်းဟာ ဆံပင်နဲ့ ဦးရေပြားအတွက် မရှိမဖြစ် လိုအပ်တဲ့ သဘာဝအာဟာရဓါတ်တွေနဲ့ အစိုဓါတ်ပေးဖို့ ပါပဲ။ Hair Conditioner ဆိုတာ ဆံပင်အရှည်ထားသူတွေအတွက်တင် မဟုတ်ပါဘူး။ ဆံပင်အတို ညှပ်ထားသူတွေလည်း သုံးပေးဖို့ လိုပါတယ်။

အစိုဓါတ်ထိန်းနိုင်ပြီး အသားအရေကို ချိန်ညှိပေးမယ့် ပါဝင်ပစ္စည်းတွေ ပါတဲ့ Conditioner မျိုး ရွေးပါ။ ဥပမာ- Omega-6 Fatty Acid ၊ ထောပတ်သီးအဆီ ၊ ရှားဇောင်းလက်ပတ်နဲ့ ပရုပ်လိုမျိုး ။ Conditioner ကိုတော့ တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်အထိ သုံးသင့်ပါတယ်။

(၃) ရေပူချိုးတာမျိုး ရှောင်ပါ

Photo: thenewgentleman

ရေကြက်သီးနွေးလေး ချိုးတာမျိုးပဲ လုပ်ပါ။ Hot Shower မျိုး ရှောင်ပါ။ ရေပူချိုးတာကြောင့် ‌ဗောက်မဖြစ်ပေမယ့် ဦးရေပြား အစိုဓါတ်ခမ်းခြောက်ပြီး ယားယံစေလို့ ဖြစ်ပါတယ်။ ဒါမျိုးက ဗောက်ဖြစ်ရင် ပိုပြီး အခြေအနေဆိုးသွားနိုင်ပါတယ်။ ဒီနည်းလေးတွေ လုပ်ပေးမယ်ဆိုရင်တော့ ဗောက်မဖြစ်အောင် တားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။