ကျောက်ကပ်က သွေးတွင်းက အသုံးမလိုတဲ့အရာတွေနဲ့ အပိုဖြစ်နေတဲ့ အရည်တွေကို ဆီးအဖြစ်ပြောင်လဲပြီး စွန့်ထုတ်ပေးပါတယ်။ အဆိုပါ လုပ်ငန်းစဉ်တွေကို ကျောက်ကပ်က မလုပ်တော့ဘူးဆိုရင် ကျောက်ကပ်ပျက်စီးနေလို့ပါပဲ။ ကျောက်ကပ် ကျန်းမာရေးက အလွန်အရေးကြီးပါတယ်။ ကျောက်ကပ်ရောဂါတစ်စုံတစ်ရာမဖြစ်ခြင် ကာကွယ်ထားတာကို ပိုပြီးကောင်းပါတယ်။

သွေးတွင်းသကြားပါဝင်မှု သတိထားပါ

Source: Life Line Screening

ဆီးချိုဟာ နှလုံးရောဂါနဲ့ ကျောက်ကပ်ပျက်စီးခြင်းကို ပိုပြီးဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သွေးတွင်းသကြားပါဝင်မှုကို ထိန်းညှိပေးဖို့ လိုအပ်ပါတယ်။

ဝိတ်ထိန်းပါ

Source: HealthCare atHOME

အဝလွန်ခြင်းကလည်း ကျောက်ကပ်ပျက်စီးခြင်းကို ဖြစ်စေပါတယ်။ အဝလွန်ခြင်းနဲ့ သွေးဖိအား များခြင်းကို သတိထားစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

ရေလုံလုံလောက်လောက် သောက်ပေးပါ

Source: Vitality Magazine

ရေဓာတ်မလုံလောက်ခြင်းက ကျောက်ကပ်ဆီကို သွေးစီးဆင်းမှု လျှော့ကျစေပြီး ပျက်စီးမှုဖြစ်စေနိုင်ပါတယ်။ ရေကို လုံလောက်အောင် မသောက်ဘူး၊ ရေသောက်နည်းမယ်ဆိုရင် သွေးထဲမှာ အဆိပ်တွေစုလာပြီး ကျောက်ကပ်က စွန့်ထုတ်စစ်ထုတ်နိုင်မှု ကျဆင်းသွားမှာပါ။

ဆေးလိပ် မသောက်ပါနဲ့

Source: European Commission

ဆေးလိပ်သောက်ခြင်းကလည်း ကျောက်ကပ်သို့ သွေးစီးဆင်းမှု လျှော့ကျစေပါတယ်။ ဒီလိုမျိုး သွေးပို့လွှတ်ရောက်ရှိမှု နည်းသွားတဲ့ အစိတ် အပိုင်းထဲမှာ ကျောက်ကပ်လည်း ပါပါတယ်။ သွေးစီးဆင်းရောက်ရှိမှု နည်းသွားတဲ့အခါ ကျောက်ကပ်က အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။

ကိုယ်လက်လှုပ်ရှားမှု ရှိနေပါစေ

Source: Country Living Magazine

ရေကူးတာ၊ လမ်းလျှောက်တာ နဲ့ ပြေးတာစတဲ့ကိုယ်လက်လှုပ်ရှားမှုတွေကို စိတ်ဖိစီးမှုကို လျှော့ကျစေကာ ဆီးချိုနဲ့သွေးဖိအားကို ထိန်းညှိပေးပါတယ်။ ရုံးမှာ ကိုယ့်စားပွဲ သန့်ရှင်းရေးလုပ်တာ၊ ကော်ဖီထဖျော်တာ၊ နားနေချိန်မှာ စားပွဲတင် တင်းနစ်ကစားတာ၊ အိမ်မှာ အိမ်မှုကိစ္စ လုပ်တာ၊ ချက်ပြုတ်၊ အိမ်သန့်ရှင်းရေး လုပ်တာစတဲ့ အလုပ်တွေက လေ့ကျင့်ခန်း သီးသန့်လုပ်နေစရာ မလိုအောင် အကျိုးရှိစေနိုင်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေစားပါ

Source: Gaspari Nutrition

ကျောက်ကပ် ပြဿနာ အများစုက သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ တို့လို ရောဂါအခံတွေ ကနေ နောက်ဆက်တွဲ ဖြစ်လာတတ်တာပါ။ ဒါ့ကြောင့် ဒီရောဂါတွေကို ကာကွယ်ဖို့ ကျန်းမာရေးနဲ့ ညီအောင် စားသောက် နေထိုင်တာ အသက်ရှည်ဆေးတစ်မျိုးပါပဲ။ အဆီ၊ အငန် တွေလျှော့စားပါ၊ အတုအယောင် မှန်သမျှ ရှောင်ပါ၊ အဆိပ်အတောက်  ဖြစ်စေမယ့် ဓာတုပစ္စည်းပါဝင်နိုင်တဲ့ အစားအသောက် တွေ ရှောင်ပါ။