လူသားတစ်ယောက်ချင်းစီက ဘဝတိုက်ပွဲမှာ အောင်မြင်စွာတိုက်ပွဲဝင်နိုင်ဖို့ ကြိုးစားရုန်းကန်နေကြသူတွေပါပဲ။ ဘဝအချိုးအကွေ့ တစ်နေရာရာမှာ မိသားစုအရေးကြောင့်ပဲဖြစ်စေ၊ လူမှုရေး၊ စီးပွားရေး၊ အချစ်ရေး စတဲ့ အကြောင်းအမျိုးမျိုးကြောင့် စိတ်ညစ်တတ်၊ စိတ်ဖိစီးတတ်ကြပါတယ်။

ဘယ်လိုအကြောင်းမျိုးကြောင့် စိတ်ဖိစီးမှု ခံစားနေရပါစေ ထိုစိတ်ဖိစီးမှုဒဏ်ကနေ ရုန်းမထွက်နိုင်ဘူးဆိုရင် နောက်ဆက်တွဲကျန်းမာရေးပြဿနာအဖြစ် မိမိရဲ့စိတ်ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။

ဒါဆိုရင် စိတ်ကျန်းမာရေးကို မထိခိုက်ဖို့ရန်အတွက် စိတ်ဖိစီးမှုဒဏ်ကို ဘ်လိုရင်ဆိုင် ကျော်လွှားရမလဲ။

ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ပါ

Photo : Freepik.com

စိတ်ဖိစီးမှုဒဏ်ကြောင့် စိတ်ညစ်လာပြီဆိုရင် အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူရှိုက်ပါ။ နေ့ခင်းနေ့လည် အားတဲ့အချိန်တွေမှာ ပေါ့ပေါ့ပါးပါးအားကစားများ ပြုလုပ်ပေးလိုက်ပါ။ အားကစား ပြုလုပ်ခြင်းက ညဘက်မှာ ကောင်းမွန် နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်အောင် ကူညီပေးပါလိမ့်မယ်။

အိပ်ရေးဝဝအိပ်ပါ

Photo : Freepik.com

စိတ်ဖိစီးမှုဒဏ်ကြောင့် ညဘက်မှာ တော်တော်နဲ့ အိပ်မရ ဖြစ်တတ်ပါတယ်။ အိပ်ရေးပျက်ပါ များလာရင်တော့ စိတ်ကျရောဂါ ခံစားရနိုင်ချေ များလာပါပြီ။ ဒါ့ကြောင့် ညအိပ်ရာဝင်ခါနီး နာရီဝက် (သို့) တစ်နာရီအလိုကတည်းက ဖုန်းသုံးခြင်း၊ ကွန်ပျူတာသုံးခြင်း၊ တီဗွီကြည့်ခြင်းတို့ကို ရပ်တန့်လိုက်ပြီး စောစောအိပ်ဖို့ ပြင်ဆင်ပါ။

မိမိယုံကြည်ရသူတစ်ယောက်ယောက်ထံ ရင်ဖွင့်ပါ

Photo Source: iistockphoto.com

မိမိခံစားရတဲ့ စိတ်ညစ်စရာအကြောင်းအရာများကို ခင်မင်ရင်းနှီးသူ တစ်ယောက်ယောက်ထံ ရင်ဖွင့်ခြင်းက စိတ်ဖိစီးမှုကို ထက်ဝက်ခန့် လျော့ချပေးနိုင်ပါတယ်။ သင့်မိတ်ဆွေကလည်း သင့်အတွက် အကြံဉာဏ်ကောင်းတွေ ပေးစွမ်းနိုင်ပါလိမ့်မယ်။

ပြည့်ပြည့်ဝဝ အနားယူပါ

Photo : Freepik.com

အလုပ် အရမ်းများတဲ့သူတွေအနေနဲ့ တနေကုန် အလုပ်ချည်းလုပ်နေရတဲ့အခါ မိမိကိုယ်ကို အနားပေးဖို့ မေ့လျော့လာတတ်ပါတယ်။ သင့်ခန္ဓာကိုယ်က အလုပ်များများ လုပ်နိုင်ပေမယ့် သင့်ရဲ့မသိစိတ်ကတော့ သူ့ကို အနားပေးဖို့ တောင်းဆိုနေတတ်ပါတယ်။

ဒါ့ကြောင့် အလုပ်လုပ်တာလည်း လုပ်၊ နားချိန်လည်း အပြည့်အဝ ယူသင့်ပါတယ်။ ဒါမှ ကိုယ်ရော စိတ်ပါ ကျန်းမာရွှင်လန်းပြီး မိမိလုပ်ဆောင်သမျှအရာတိုင်းက အောင်မြင်နေမှာဖြစ်ပါတယ်။