သင့်အသည်း ၊ ကျောက်ကပ်နဲ့ ဆီးအိမ်တွေဟာ အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေချည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူတော်တော်များများဟာ ဒီအင်္ဂါအစိတ်အပိုင်းတွေကို ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ကျန်းမာတဲ့လူတစ်ယောက် အဖြစ် ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ဖို့ဆိုရင် အသည်းနဲ့ ကျောက်ကပ်တွေမှာ အဆိပ်အတောက် ၊ အညစ်အကြေးတွေ ရှင်းထုတ်ပေးဖို့ လိုပါတယ်။
(၁) အချိုရည်နဲ့ ဆားစားသုံးမှု လျှော့ပါ
Photo:AARP
ကော်ဖီ ၊ အချိုရည် ၊ ဆားနဲ့ ပရိုတိန်း မြင့်မားတဲ့ အစားအစာတွေကို အများကြီး စားတာ ရှောင်ပါ။ အရက်သေစာ ရှောင်ကြဉ်ပါ။ ဒီလို ရှောင်ကြဉ်လိုက်ခြင်းအားဖြင့် ကိုယ်တွင်းထဲက အဆိပ်အတောက်တွေကို သန့်စင်ဖို့ အချိန်ပိုရသွားမှာ ဖြစ်ပြီး နေလို့ထိုင်လို့ ပိုကောင်းလာမှာ ဖြစ်ပါတယ်။ ဒီအစား ရေနွေးကြမ်း ၊ ရေနဲ့ ဘယ်ရီသီးတွေ စားပေးတာဟာ ကိုယ်တွင်း အဆိပ်အတောက်တွေ ရှင်းထုတ်ပေးဖို့ ကူညီပေးနိုင်ပါတယ်။
(၂) ဗိုက်တာမင်ဓါတ် ပြည့်ဝပါစေ
Photo: Sunwarrior
ကျောက်ကပ်ကျန်းမာရေးအတွက် ဗိုက်တာမင် B-6 ၊ Omega-3s နဲ့ ပိုတက်ဆီယမ်စစ်ထရိတ်တို့ လုံလောက်ဖို့ လိုပါတယ်။ ဒီဓါတ်တွေဟာ ကျောက်တည်တဲ့ ရောဂါ ဖြစ်နိုင်ခြေနည်းအောင် လျှော့ချပေးနိုင်ပါတယ်။ ရေလုံလောက်အောင် သောက်ခြင်းဟာ ကျောက်ကပ်ထဲက ပိုလျှံစွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားပေးနိုင်သလို စပျစ် ၊ ဘယ်ရီနဲ့ စစ်ထရစ်အက်ဆစ်ပါ သံပုရာ ၊ လိမ္မော်နဲ့ ဖရဲသီးတွေဟာ ကျောက်ကပ်ရဲ့ မိတ်ဆွေတွေပါပဲ။ ပင်လယ်ရေညှိတွေဟာ ဆီးချိုကြောင့် ဖြစ်တဲ့ ကျောက်ကပ်နဲ့ အသည်း ပျက်စီးခြင်းကို လျှော့ချပေးနိုင်တယ်လို့လည်း တွေ့ရှိထားပါတယ်။
(၃) သောကနည်းအောင် နေပါ
Photo: Freepik
သောကနဲ့ ဖိစီးမှုဟာ သင့်ကိုယ်တွင်း အင်္ဂါတွေကို ဖျက်ဆီးနိုင်အောင်အထိ အင်အားကြီးပါတယ်။ သောကများသူဟာ အစာအိမ်နဲ့ အသည်းတွေ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှု လျော့ပါးဖို့ အသက်ရှုလေ့ကျင့်ခန်း နဲ့ တရားမှတ်တဲ့ နည်းစနစ်တွေ ကျင့်သုံးသင့်ပါတယ်။ Hydrotherapy လို့ခေါ်တဲ့ ရေနဲ့ ကိုယ်တွင်းလည်ပတ်မှု စနစ်ကို ကျန်းမာအောင် လုပ်တဲ့ နည်းလမ်းလည်း သုံးနိုင်ပါတယ်။
(၄) တစ်ပတ် နှစ်ရက် ကျောက်ကပ် သန့်ရှင်းပါ
Photo: brightside
တစ်ပတ်မှာ နှစ်ရက် ကျောက်ကပ်သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါတယ်။ မနက်စာကို လီမွန် ၊ ဂျင်း ၊ ဗိရွတ် ၈ အောင်စစီနဲ့ အချို လက်ဖက်ရည်ဇွန်း ၄ ပုံတစ်ပုံ နဲ့ ခရမ်ဘယ်ရီခြောက် ဖျော်ရည်သောက်ပါ။ နေ့လည်စာကို Almond Milk တစ်ဇွန်း ၊ Tofu ဇွန်းတစ်ဝက် ၊ Berrry ခွက်ရဲ့ လေးပုံတစ်ပုံ ၊ Spinach ခွက်တစ်ဝက် ၊ Apple ခွက်တစ်ဝက်နဲ့ ဖရုံစေ့ စားပွဲတင် ဇွန်း ၂ ဇွန်းကို Smoothie လုပ် သောက်ပါ။ ညစာကို အရွက်သုတ်နဲ့ ကြက်သား/ငါး /တိုဖူး ၄အောင်စ ၊ စပျစ်ရည်ခွက်ဝက်နဲ့ စားပေးနိုင်ပါတယ်။
ဒ့ါအပြင် အသည်းအတွက် လေ့ကျင့်ခန်းတွေလည်း လုပ်ပေးလို့ ရပါတယ်။ အကြောလျှော့တာ ၊ ယောဂကျင့်တာဟာ အသည်းနဲ့ ဆီးအိမ်ကျန်းမာရေးအတွက် ကောင်းပါတယ်။