အိပ်မက်တွေက ဈေးကြီးလွန်းတယ် ဆိုတဲ့စကားကို ကျွန်တော်တို့တော်တော်များများ ပြောလေ့ရှိကြတဲ့စကားတစ်ခုဖြစ်ပါတယ်။ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ရန်အတွက် လုံလောက်တဲ့ပိုက်ဆံမရှိဘူးလို့ တွေးထင်ပြီး ကိုယ့်ဘဝကို စိတ်ပျက်လက်ပျက်ဖြစ်လာပြီး ကိုယ့်ရဲ့အိပ်မက်ကို အလျော့ပေးတတ်လာကြပါတယ်။

လောကာမှာ ကိုယ့်ဘက်က အမှန်တကယ်အားစိုက်ထုတ်တဲ့အခါ မဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး။ ကိုယ့်ဘက်က လမ်းတစ်ဝက်မှာ အလျော့မပေးလိုက်ဖို့ပဲ လိုတာပါ။ ဒါဆိုရင် ကိုယ့်ရဲ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ရန်အတွက် ပိုက်ဆံစုဆောင်းနည်းများကို ဝေမျှပေးလိုက်ပါတယ်။

အလုပ်တစ်ခုရှာပါ

tips for men to save money for their dream

ပိုက်ဆံစုဖို့အတွက် အရင်ဦးဆုံး ဝင်ငွေရှိဖို့လိုအပ်ပါတယ်။ ကိုယ့်ဘက်က ဝင်ငွေရှိမှသာ လိုအပ်တဲ့ သုံးစရိတ်၊ စုဆောင်းစရိတ်များကို ခွဲခြမ်းစိတ်ဖြာကာ သုံးသင့်တန်သုံး စုသင့်တန်စုရမှာဖြစ်ပါတယ်။ ဒီထက်ပိုပြီးတော့ ဝင်ငွေပိုရချင်တယ် ကိုယ့်မှာ အချိန်တွေလည်း ပိုလျှံနေသေးတယ်ဆိုရင်တော့ နောက်ထပ်အချိန်ပိုင်းအလုပ်တစ်ခု ထပ်မံရှာဖွေကာ ပိုက်ဆံများများ စုဆောင်းနိုင်ပါတယ်။

Public Transportation ကို များများ အသုံးပြုပါ

tips for men to save money for their dream

Photo Source: Istockphoto.com

ကား၊ တက်စီများ စီးပြီး ရုံးသွားမယ့်အစား အလုပ်နဲ့ နီးတဲ့သူတွေက လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ဝေးတဲ့သူတွေအနေနဲ့ ဘတ်စ်ကား (သို့) ရထားစီးခြင်း စသည့်နည်းလမ်းများဖြင့် အပိုထွက်ငွေကို တားဆီးနိုင်ပါတယ်။

ကိုယ် မလိုအပ်တော့တဲ့ပစ္စည်းများကို ရောင်းချပါ

tips for men to save money for their dream

လက်ပ်တော့အသစ်၊ ဖုန်းအသစ် ဝယ်လိုက်တဲ့အခါ ကိုယ့်မှာရှိတဲ့ ဖုန်းအဟောင်း၊ လက်ပ်တော့အဟောင်းတွေကို မသုံးဖြစ်တော့ဘူးဆိုရင် အထဲက ဒေတာတွေအကုန်ရှင်းပြီး Second Hand ဆိုင်မှာ ရောင်းချလိုက်ပါ။ ဒီလိုဆိုရင် ကိုယ့်အတွက်လည်း အပိုဝင်ငွေရ အခြားသူအတွက်လည်း အကျိုးရှိစေပါတယ်။

အားလပ်ရက် သုံးငွေများကို သေချာစီစစ်ပါ

tips for men to save money for their dream

ဘော်ဒါတွေနဲ့ မုန့်အတူတူထွက်စားတာပဲဖြစ်ဖြစ်၊ အားလပ်ရက်မှာ ခရီးထွက်တာပဲဖြစ်ဖြစ် ထိုအချိန်တွေမှာ အပိုဝင်ငွေများ ကုန်တတ်ပါတယ်။ ထိုသုံးငွေတွေကို သေချာစီစစ်ပြီး ဒီတစ်လအတွက် ဘယ်လောက်စုမလဲဆိုတာ အရင်တွက်ပြီး စုပြီးမှ ကျန်တဲ့ငွေတွေကို သုံးဖို့ချန်ထားပါ။ သုံးဖြုန်းပြီးမှ ကျန်တဲ့ငွေတွေကို စုဆောင်းခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

ကိုယ်ပိုင်စာရင်းစာအုပ်လေး ပြုစုပါ

tips for men to save money for their dream

တစ်ရက်ချင်းစီအလိုက် ကုန်ကျငွေတွေကို ပုံမှန်စာရင်းပြုစုထားပါ။ ထို့နောက် တစ်လပြည့်တဲ့အခါ ကိုယ်ဘယ်လောက် သုံးခဲ့သလဲဆိုတာကို သေချာပြန်တွက်ကြည့်ပါ။ ကိုယ့်တစ်လစာ အသုံးစရိတ်များကို ယှဉ်ကြည့်တဲ့အခါ ယေဘုယျကုန်ကျစရိတ်ထွက်လာပါလိမ့်မယ်။ တစ်လတစ်လ ကိုယ် ဘယ်လောက်စုဖြစ်သလဲဆိုတာကိုလည်း ပြန်တွက်ကြည့်ပါ။ ဒါဆိုရင် အချိန်ကာလ ဘယ်လောက်ကြာတဲ့အခါ ကိုယ့်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ လုံလောက်တဲ့ပိုက်ဆံရရှိမလဲဆိုတာ သိရှိသွားပါလိမ့်မယ်။

ဒီနည်းလမ်းကောင်းလေးတွေကတော့ အိပ်မက်တွေက ဈေးကြီးတယ်ဆိုတဲ့ ယောကျာ်းများအတွက် လက်တွေ့အဆန်ဆုံး နည်းလမ်းကောင်းတွေပဲဖြစ်ပါတယ်။ အားလုံးပဲ အသုံးတည့်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Source: Easygoing.guide

Featured Image Source: Projectboldlife.com