ပေါင်းသင်းဆက်ဆံရေး စည်းသတ်မှတ်တယ်ဆိုတာ လူတစ်ယောက်အတွက် သူဘယ်လိုလူဖြစ်တယ် ဆိုတဲ့ ကိုယ်ပိုင်ဝိသေသလက္ခဏာရပ်တွေနဲ့ ပတ်သတ်လို့အရေးကြီးတဲ့အရာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ ဘဝကိုကျေနပ်ပျော်ရွှင်စေဖို့အတွက်ပါ အရေးပါတဲ့ကဏ္ဍတခုဖြစ်ပါတယ်။ အခုပြောပြမှာက လူတယောက်ဟာ ကိုယ်အတွက်အရေးကြီးတဲ့ ကောင်းမွန်မှန်ကန်တဲ့ကိုယ်ပိုင်စည်းတခုကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို ပြောပြ ပေးမှာဖြစ်ပါတယ်။

(၁) တခြားသူတွေနဲ့ အပြန်အလှန်ဆက်သွယ်ပြောဆိုတဲ့အခါ သင့်ရဲ့ခံစားချက်တွေကိုဖော်ပြပါ

Source : Workopolis

တကယ်လို့သင်ဟာ တခြားသူတွေနဲ့ဆက်ဆံတဲ့အခါ ခံစားချက်တွေကိုဖုံးကွယ်ထားတတ်တဲ့သူဆိုရင် ခံစားချက်တွေကို ဖယ်ထုတ်မယ့်အစား ကိုယ့်ကိုယ်ကို ကိုယ်ဘယ်လိုခံစားနေရလဲ ဘာကြောင့်ခံစားရတာလဲ စိတ်လုံခြုံမှုရှိဖို့အတွက်ဘာတွေလုပ်ဖို့လိုမလဲစတဲ့ မေးခွန်းတွေပြန်မေးသင့်ပါတယ်။ သင့်ရဲ့စိတ်ခံစားမှုနဲ့ ပတ်သတ်တဲ့ နားလည်နိုင်မှုကို တိုးတက်အောင်လုပ်တာက သင့်ကိုသင်ပိုပြီးပျော်ရွှင်လာဖို့အပြင် ဆက်ဆံရေးပိုကောင်းလာ အောင်ကူညီပေးပါတယ်။

(၂) ကိုယ်ပိုင်စည်းသတ်မှတ်ထားသူတွေကို ကျေးဇူးတင်ပါ

Source : Creative Market

နောက်တခုကတော့ ကိုယ်ချစ်ရတဲ့သူတွေက သူတို့ကိုယ်ပိုင်စည်းသတ်မှတ်ထားတဲ့သူတွေဆိုရင် သူတို့ကို ကျေးဇူးတင်ပါ။ လူတွေက သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ နှစ်သက်မှု၊ မနှစ်သက်မှုတွေကို လွတ်လပ်စွာခံစားခွင့်ရဖို့ ကိုယ်ပိုင်စည်းမျဉ်းထားတတ်ကြတဲ့အခါ အဲ့လိုသတ်မှတ်မထားသူတွေအနေနဲ့ အပြန်အလှန်ဆက်သွယ်မှုတခုခု ကို ကန့်သတ်လိုက်တာဖြစ်ဖြစ်လုပ်ခံရတဲ့အခါ စိတ်ဆိုးတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီလို ကိုယ့်အနားမှာ ကိုယ်ပိုင်စည်းမျဉ်းထားတတ်တဲ့လူတွေရှိရင် ကျေးဇူးတင်ပါ ပြီးရင် သင်အတွက်လဲလိုအပ်တဲ့စည်းဘောင် တခုထားဖို့ကြိုးစားပါ။

(၃) သင့်အတွက် အဆိပ်တောက်ဖြစ်စေတဲ့ ခင်မင်မှုမျိုးကိုရပ်လိုက်ပါ

Source : Showbiz Cheat Sheet

တကယ်လို့ သင့်မှာ အသုံးလိုမှသင့်ကိုသတိရတဲ့သူငယ်ချင်း ဒါမှမဟုတ် ချစ်သူရည်းစားဆက်ဆံရေးမျိုး ရှိနေ ခဲ့ရင် ချက်ချင်းရပ်လိုက်ဖို့ကခက်ခဲနိုင်ပေမယ့် ရပ်ပြစ်ဖို့ကိုကြိုးစားသင့်ပါတယ်။ ဒီလိုတဖက်သတ်ဆက်ဆံရေး မျိုးကို ရပ်ဆဲလိုက်တာက တကိုယ်ကောင်းဆန်တာမဟုတ်ပါဘူး။ ကောင်းမွန်မှန်ကန်တဲ့ဆက်ဆံရေး ဆိုတာ တဖက်သတ်ပေးဆပ်ရတာမျိုးမဟုတ်ဘဲ နှစ်ဦးနှစ်ဖက်အပြန်အလှန်အားပေးကူညီတာဖြစ်ပါတယ်။ ဒါ့ကြောင့် ရေရှည်မှာ မကောင်းတဲ့ဆက်ဆံရေးတွေကို ရပ်လိုက်ဖို့စဉ်းစားသင့်ပါတယ်။