သင့်ရဲ့ဘဝမှာ နောက်ထပ် ၅ နှစ် (သို့) ၁၀ နှစ်လောက်ကျရင် ဘာတွေဖြစ်မလဲဆိုတာကို တွေးကြည့်ဖူးပါသလား။ သင် ယခုလုပ်နေတဲ့အလုပ်တွေကိုပဲ လုပ်နေရမှာလား။ ရေရှည်ပန်းတိုင်တွေ ချမှတ်ပြီးတော့ အောင်မြင်မှုလမ်းကြောင်းများ ဖန်တီးဖို့ရော စဉ်းစားမိပါသလား။

အနာဂတ်နဲ့ပတ်သက်လာရင်  ဖြစ်နိုင်ချေသုံးခု ရှိပါတယ်။ ယခုအခြေအနေနဲ့ အတူတူပဲ ဖြစ်နိုင်သလို ပိုဆိုးခြင်း (သို့) ပိုကောင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ လက်ရှိအခြေအနေထက် ပိုပြီး သာလွန်ကောင်းမွန်တဲ့အခြေအနေမျိုးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ရေရှည်ပန်းတိုင်များ ချမှတ်ထားဖို့ လိုပါတယ်။

Long-Term Goal ရေရှည်ပန်းတိုင်ဆိုတာ ဘာလဲ

long-term goal for real men

ဥပမာ ပြောရမယ်ဆိုရင် အလုပ်အကိုင်နဲ့ ပတ်သက်လို့ နောက်သုံးနှစ်ကြာတဲ့အခါ ဘယ်ရာထူးမှာ ရောက်နေသလဲဆိုတဲ့ ရည်မှန်ချက်မျိုး၊ အိမ်ငှားနေရသူများအနေနဲ့ နောက်ငါးနှစ်လောက်ဆို အိမ်ပိုင်နေရမယ်ဆိုတဲ့ ရည်မှန်းချက်၊ ခန္ဓာကိုယ် ထိန်းချင်သူများအနေနဲ့ နှစ်နှစ်ကြာတဲ့အခါ ကြွက်သာများ တောင့်တင်းပြီး ကြည့်ကောင်းတဲ့ခန္ဓာကိုယ် ပိုင်ဆိုင်ရမယ် စတဲ့ နှစ်ရှည်လများကြာအောင် ကြိုးစားရမယ့်ပန်းတိုင်မျိုးကို ရေရှည်ပန်းတိုင်လို့ ခေါ်ပါတယ်။

သင့်အနေနဲ့ ရေရှည်ပန်းတိုင်မှ ချမှတ်ပြီးသွာတဲ့အခါ အောင်မြင်အောင် ဘယ်လို အကောင်အထည်ဖော်ရမလဲ။

တိကျမှုရှိပါ

rich man in suit fashion

“နောက်ငါးနှစ်ကြာတဲ့အခါ ချမ်းသာရမယ်” ဆိုတာထက် ပိုပြီးတိကျတဲ့ ရည်မှန်းချက်ဖြစ်တဲ့ “နောက်ငါးနှစ်ကြာရင် တိုက်ဘယ်နှလုံး၊ ကားဘယ်နှစီး၊ ဘဏ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိရမယ်” စတဲ့ တိကျတဲ့ ရည်မှန်းချက်များ ချမှတ်ထားဖို့လိုပါတယ်။

ပန်းတိုင်ငယ်များ ချမှတ်ထားပါ

small goals to make you success - lifestyle

သင့်ရဲ့ရေရှည်ရည်မှန်းချက် ပြည့်မြောက်ဖို့အတွက် ပန်းတိုင်ငယ်လေးများ ခွဲထားပါ။ ပန်းတိုင်ငယ်လေးများကို အောင်မြင်အောင် လုပ်ဆောင်ပြီးတဲ့နောက်မှာ သင့်ရဲ့ရေရှည်ပန်းတိုင်ကလည်း အလိုလိုပြည့်မြောက်ပြီးသားဖြစ်သွားပါလိမ့်မယ်။ ပန်းတိုင်ငယ်များ မပိုင်းခြားထားဘူးဆိုရင် သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး အောင်မြင်နိုင်ချေနည်းတတ်ပါတယ်။

သင့်ရဲ့ရေရှည်ပန်းတိုင်ကို မမေ့လျော့ပါစေနဲ့

darts and arrows for success for real men

သင့် ရည်မှန်းချက် ပြည့်မြောက်အောင် ကြိုးစားနေချိန်မှာ စိတ်ဖိစီးမှုများနဲ့ ကြုံတွေ့ရတတ်ပါတယ်။ ထိုအချိန်မျိုးမှာ လက်မြှောက်အရှူံးပေးလိုက်တာမျိုး မလုပ်လိုက်ပါနဲ့။ ပင်ပန်းလာပြီလို့ ခံစားရတဲ့အခါ ခေတ္တခဏအနားယူလိုက်ပြီး အားသစ်သွန်းလောင်းလိုက်ပါ။ အားပြန်ပြည့်သွားတဲ့အခါ သင် ကြိုးစားနေတဲ့အရာကို ဆက်လက်လုပ်ဆောင်လိုက်ပါ။

ဒါဆိုရင်တော့ သင့်ရဲ့ရေရှည်ရည်မှန်းချက်ပန်းတိုင်လေး ပြည့်ဝပြီး အောင်မြင်မှုအသီးအပွင့်ကို ခံစားရပါလိမ့်မယ်။

Source: Lifehack.org