ယောကျာ်းလေးတော်တော်များများကတော့ မုတ်ဆိတ်မထားဘူးဆိုရင် တစ်ပတ်ကို အနည်းဆုံး ၁ ခါတော့ မုတ်ဆိတ်ရိတ်ရလေ့ရှိပါတယ်။ တကယ်လို့ မျက်နှာမှာ အမွေးအမျှင်မရှိစေချင်တဲ့သူဆိုရင် အခုပြောမယ့် စနစ်တကျ မုတ်ဆိတ်ရိတ်နည်းကို သိထားသင့်ပါတယ်။

(၁) ပြင်ဆင်ခြင်း

Source: Tiege Hanley

မုတ်ဆိတ်မရိတ်ခင် အရင်ဆုံး ပြင်ဆင်ထားရမှာက မျက်နှာပေါ်က နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေးတွေ နူးညံ့နေစေဖို့ ပါ။ မုတ်ဆိတ်မွေးတွေမှာ အဆီနဲ့ အညစ်အကြေးတွေ ကပ်နေတယ်ဆိုရင် မုတ်ဆိတ်ရိတ်ဓါးကို ကောင်းကောင်း သုံးလို့ရမှာ မဟုတ်ပါဘူး။
အရင်ဆုံး မျက်နှာကို ရေခပ်နွေးနွေးလေးနဲ့ သစ်ပေးပြီး မိနစ်အနည်းငယ်လောက် ဒီအတိုင်း ထားပေးပါ။ ရေနွေးကြောင့် မျက်နှာအသားအရေဟာ နူးညံ့သွားပြီး မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေးတွေလည်း ပျော့ပျောင်းလာမှာ ဖြစ်ပါတယ်။

(၂) Shaving Cream သုတ်လိမ်းခြင်း

Source: Shutterstock

ဘရိတ်ဒါးကို မျက်နှာပေါ် ဒီအတိုင်း တင်တာဟာ နည်းလမ်းမကျပါဘူး။ Shaving Cream ကောင်းကောင်းလိမ်းပြီးမှ မုတ်ဆိတ်ရိတ်ဖို့ သတိရပါ။ ခြောက်နေတဲ့ အရေပြားပေါ်မှာ ချက်ချင်းကြီး မုတ်ဆိတ်မရိတ်မိစေဖို့လည်း မမေ့ပါနဲ့။ ဖြစ်နိုင်ရင် Shaving Cream ကို ဘရပ်ခ်ျတစ်မျိုးမျိုးနဲ့ မျက်နှာအနှံ့ သုတ်ပြီးတာနဲ့ ၁-၂ မိနစ် ထားလိုက်ပါ။ ပြီးရင်တော့ မုတ်ဆိတ်စရိတ်ရမယ့် အပိုင်း ရောက်လာပါပြီ။

(၃) မုတ်ဆိတ်စရိတ်ခြင်း

Source: go.harveynorman.ie

မုတ်ဆိတ်ရိတ်ရာမှာ သတိထားရမှာက မျက်နှာပေါ်က အမွေးအမျှင်တွေ ပေါက်ရောက်တဲ့ ဦးတည်ရာအတိုင်း အလိုက်သင့် ရိတ်ပေးဖို့ပါ။ အဲသလို ရိတ်ရာမှာလည်း မုတ်ဆိတ်ဓါးကို အားနဲအရမ်းမဖိပဲ မုတ်ဆိတ်ရိတ်ချက်ကိုလည်း တစ်ချက်ချင်း တိုနိုင်သမျှ တိုတိုဖြစ်ပါစေ။ ဓါးနဲ့ အရမ်းဖိပြီး ရိတ်မယ်ဆိုရင် ဓါးရှဖို့ အတော်လေး ဖြစ်နိုင်ခြေများလာနိုင်ပါတယ်။ နောက်တစ်ခုက ရိတ်ပြီးသား တစ်နေရာတည်းကို နှစ်ခါ ပြန်မရိတ်သင့်ပါဘူး။ ဒီအတွက် ဓါးကို အသစ်ပဲ သုံးသင့်ပါတယ်။

(၄) နောက်ထပ် ရိတ်ခြင်း

Source: frustratedyouth.com

တစ်ခါရိတ်ပြီးလို့ လက်မရောက်တဲ့ နေရာတွေ ၊ မုတ်ဆိတ်စတွေ ကျန်နေခဲ့တဲ့ နေရာတွေကို ရေဆေးသန့်ရှင်းရေးလုပ်ပြီး တွေ့တယ်ဆိုရင် နောက်တစ်ကြိမ် ထပ်ပြီး ရိတ်နိုင်ပါတယ်။ တစ်ခုရှိတာက မုတ်ဆိတ်ဓါးတစ်လက်ကို အများဆုံး ၆ ကြိမ် ၇ ကြိမ်သုံးပြီးရင် အသစ်လဲသင့်ပါတယ်။

(၅) After Shaving

Source: Balding Beards

မုတ်ဆိတ်ရိတ်ပြီးသွားပြီဆိုရင် ရေအေးအေးနဲ့ သန့်ရှင်းပေးပါ။ ဒါဆိုရင် ချွေးပေါက်တွေ ကျဉ်းသွားမှာပါ။ သဘာဝပါဝင်ပစ္စည်းတွေ ဖြစ်တဲ့ လက်ဖက်ဆီလိုမျိုး After-Shave Lotion တစ်မျိုးမျိုးကို မုတ်ဆိတ်ရိတ်ထားတဲ့ နေရာမှာ သုတ်လိမ်းပေးသင့်ပါတယ်။ မုတ်ဆိတ်ရိတ်ဓါးကိုတော့ ဘက်တီးရီးယားတွေ မကပ်တွယ်နိုင်စေဖို့ အေးပြီး ခြောက်သွေ့တဲ့ နေရာမှာ သိမ်းထားရမှာပါ။
ဒါဆိုရင်တော့ ပြီးပြည့်စုံပြီး စနစ်ကျတဲ့ မုတ်ဆိတ်ရိတ်နည်းတစ်ခု ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။