အခုခေတ်မှာ သိပ်ပြီး ဂရုတစိုက်ထိန်းသိမ်းစရာ မလိုတဲ့ သားရေတု နဲ့ ရော်ဘာအောက်ခံပြားသုံး Shoes တွေ အများကြီး ဈေးကွက်ထဲ ရောက်နေလို့ ဖိနပ်တိုက်တဲ့ကိစ္စက သိပ်အာရုံမစားရတော့ပါဘူး။ ဒါပေမယ့်လည်း တန်ဖိုးကြီး သားရေအစစ်နဲ့ Leather Shoes တွေ ဝယ်ထားရင်တော့ သေချာထိန်းသိမ်း တိုက်ချွတ်ပေးဖို့ လိုပါပြီ။ ဒီအတွက် နည်းလမ်းတကျ ဖိနပ်တိုက်နိုင်မယ့် အဆင့်လေးတွေ ပြောပြချင်ပါတယ်။

(၁) ဖိနပ်ကြိုးတွေ ဖြည် ၊ ဖိနပ်ထဲ စက္ကူစတွေ ထည့်ပါ

How to Shine Your Shoes the Right Way

Photo: Ties

အဆင့် ၁ အနေနဲ့ Polish မပေအောင် ဖိနပ်ကြိုးတွေကို ချွတ်ထားပါ။ ဖိနပ်အိမ်ထဲ စက္ကူတွေ လုံးပြီး ပြည့်ဖောင်းနေအောင် ထည့်ပေးပါ။

(၂) ဖုန်တွေ ရှင်းပါ

Clean Off Dust & Dirt

Photo: Ties

နောက်တစ်ဆင့်က Dry Brush နဲ့ ဖိနပ်ပေါ်က ဖုန်နဲ့ အညစ်အကြေးတွေ အရင် ဖယ်ရှားပါ။ လက်ဝင်တဲ့နေရာမှာ ဘရပ်ချ်အသေး သုံးပြီး ရှင်းပေးနိုင်ပါတယ်။ ရေဆွတ်ပြီးလည်း ဘရပ်ချ်နဲ့ပွတ်တိုက်နိုင်ပါတယ်။ အတော်အတန် ပြောင်သွားရင် လယ်သာသား ပြောင်လက်လာအောင် T-Shirt ဟောင်း ဒါမှမဟုတ် Shoes ဖိနပ်တိုက်ဖို့ ထုတ်ထားတဲ့ Polishing Cloth နဲ့ ခြောက်သွေ့သန့်ရှင်းသွားအောင်အထိ ထပ်တိုက်ပါ။

(၃) Polish သုတ်ပါ

Apply Polish

Photo: Ties

အပေါ်က အဆင့်တွေ ပြီးသွားရင် Shoe Polish ခရမ် ဒါမှမဟုတ် ဖယောင်းတစ်မျိုးမျိုးကို အဝတ်စနဲ့ ကော်ပြီး ဖိနပ်ပေါ်မှာ စက်ဝိုင်းပုံစံ လိုက်ပြီး သုတ်ပါ။ ပေါလစ်ကို အကြိုအကြားတွေထဲအထိ သေသေသပ်သပ် လိုက်သုတ်ပါ။ ဖိနပ်အောက်ခံဘေးဘောင်တွေလည်း သုတ်ဖို့ မမေ့ပါနဲ့။ ဖိနပ်ခုံဘောင်ကိုတော့ သွားတိုက်တံသုံးပြီး ပေါလစ်တင်နိုင်ပါတယ်။ ပြီးရင် ၁၀ မိနစ်လောက်ကြာအောင် လေသလပ်ခံထားရမှာပါ။

(၄) မြင်းမွေးဘရပ်ချ်နဲ့ သေချာပွတ်သပ်ပါ

Don’t Forget the Welt

Photo: Ties

မြင်းမွေးဘရပ်ချ်အနုစားနဲ့ ပေါလစ်တင်ထားတဲ့ ဖိနပ်ကို သုတ်ပေးရမှာပါ။ ပြီးရင် နူးညံ့တဲ့အဝတ်ပိုင်းနဲ့ မညီမညာဖြစ်ပြီး ပိုထွက်လာတဲ့ ဖယောင်းဆီတွေ သုတ်ပစ်ရမှာပါ။ Shoe မှာ ပေါလစ်သား ညီသွားပြီဆိုရင် နောက်ထပ် ၁၀ မိနစ်လောက် ဒီအတိုင်းထားပေးရမှာပါ။

(၅) အချောသပ်ပါ

Split Shine

Photo: Ties

နောက်ဆုံးအဆင့် အချောသပ်ဖို့ ‌ရေစက်နည်းနည်းကို လက်ချောင်းနဲ့ ယူပြီး ဖိနပ်ပေါ် ရေစက်ချပါ။ ပြီးရင် Polishing Cloth နဲ့ ပေါလစ်ဆီအနည်းငယ်ကို ရေနဲ့ရောပြီး စက်ဝိုင်းပုံစံ ပွတ်ရမှာ ဖြစ်ပါတယ်။ ဖိနပ်တစ်ခုလုံးကို ဒီအတိုင်း လိုက်ပွတ်ပေးရမှာ ဖြစ်ပါတယ်။ သေချာသလောက် စိတ်ကြိုက်ပွတ်ပြီးရင်တော့ နည်းနည်းအခြောက်ခံထားပြီးမှ ကြိုးတွေ ပြန်ချည်ပေးရမှာပါ။