ဒီဇိုင်းကြိုက်လို့ ဝယ်လာတဲ့ တီရှပ်လေးတွေ အိမ်ရောက်လို့ ဝတ်ကြည့်မှ ပွနေတာမျိုး ကြုံဖူးကြမှာပါ။ တီရှပ်ဆိုတာ သိပ်အပွကြီး ဝတ်ရင် ဖားဖားလျားလျားနဲ့ ကြည့်ရ အင်မတန်ဆိုးပါတယ်။ ဒီတော့ ကိုယ့်အိမ်မှာတင် တီရှပ်ဆိုဒ်ကို ကျုံ့သွားအောင် လုပ်လို့ရမယ့် နည်းလမ်းလေးတွေ သိထားရင် အဆင်ပြေသွားမှာပါ။

Photo: The Trendspotter

အဆင့် (၁) အဝတ်လျှော်စက်ထဲ အမြင့်ဆုံးအပူချိန်ထားပြီး လျှော်ပါ။ တစ်ခုရှိတာက Graphic Tee တွေဆိုရင်တော့ ဆေးတွေ ကွာနိုင်ပြီး ပျက်စီးနိုင်ပါတယ်။

အဆင့် (၂) Dryer ကို Hottest Setting ထားပြီး အခြောက်ခံပါ။

Photo: The Trendspotter

အဝတ်လျှော်စက် မရှိရင်လည်း ဖြစ်ပါတယ်။ ရေနွေးတစ်အိုးလောက် ဆူအောင် တည်လိုက်ပါ။ အဝတ်စိမ်လို့ ရလောက်အောင် ရေနွေးများများစားစား ရပြီဆိုရင် ပုံးတစ်လုံးထဲ ဆူနေတဲ့ ရေနွေးထည့်ထားပါ။ ၅ မိနစ်လောက် ကြာရင် ဆွဲထုတ်လိုက်ပါ။ မိနစ် ၂၀ လောက် အထိလည်း ထားလို့ ရပါတယ်။ အကောင်းဆုံးက ၁၀ မိနစ်လောက် စိမ်ထားတာပဲ ဖြစ်ပါတယ်။ တစ်ခု မှတ်ထားရမှာက ရေပူလေလေ တီရှပ်ကျုံ့တာ မြန်လေလေပါပဲ။ ဒါကြောင့် တီရှပ်အရွယ်အစား နည်းနည်းပဲ သေးပြီး ကျုံ့သွားချင်ရင် အင်္ကျီမစိမ်ခင် ရေကို နည်းနည်းလေး အအေးစောင့်သင့်ပါတယ်။