ကျန်းမာရေးဟာ လူသားတိုင်းအတွက် အရေးကြီးတဲ့ အရာတစ်ခုပါ။ ကျန်းမာမှ ရည်မှန်းချက်အိပ်မက်တွေ အကောင်အထည်ဖော်နိုင်မှာဖြစ်သလို ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်မှာပါ။ ကိုယ်ခံအားနည်းတဲ့ လူတွေဟာ ကျန်းမာရေးကို ပိုပြီးဂရုစိုက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ခံအားနည်းတာကြောင့် ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်နိုင်ပြီး မကြာခဏ နာမကျန်းဖြစ်တက်လို့ပါ။
ဒါကြောင့် kwee page က ကိုယ်ခံအားနည်းသူတွေ ကျန်းမာရေးကို ဘယ်ပုံဘယ်နည်း ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။
အိပ်ရေးဝအောင်အိပ်ပါ

Source: Harvard-Health-Harvard-University
ကျန်းမာရေးနဲ့ အိပ်ရေးဝဝအိပ်ခြင်းက ဆက်နွယ်နေပါတယ်။ အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ တစ်နေ့ကို အိပ်ချိန်အနည်းဆုံး (၇) နာရီမှာ အများဆုံး (၉) နာရီအထိ ရှိသင့်ပါတယ်။ အိပ်စက်မှုက ခွန်အားပြည့်စေသလို ကိုယ်ခံအားကောင်းစေပါတယ်။ ညဉ့်နက်သည့်အထိ ရုပ်ရှင်ကြည့်တာ ဖုန်းသုံးတာ အလုပ်လုပ်တာတွေကို ရှောင်ရှားပေးပါ။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေရွေးချယ်စားသုံးပါ

Soruce: AARP
အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့စကားအတိုင်း အစားအသောက်တွေကို ဆေးဝါးစားသလို ရွေးချယ်မစားသုံးဘူးဆိုရင် ဆေးဝါးတွေကို အစားအစာစားရသလိုမျိုး စားသုံးနေရပါလိမ့်မယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရပြည့်ဝစွာပါဝင် အစားအသောက်တွေကို နေ့စဉ်စားသုံးပေးဖို့ လိုအပ်ပါတယ်။ ပြုပြင်ထားတဲ့အစားအစာတွေ ဆေးဆိုးထားတဲ့ အစားအစာတွေ မကျက်တကျက်ချက်ထားတဲ့ အစားအစာတွေ စားသုံးခြင်းကို အတက်နိုင်ဆုံး ရှောင်ရှားပေးပါ။ အသီးအရွတ်နဲ့ အသားငါးတွေကို သင့်တင့်မျှတအောင် စားသုံးပေးပါ။
တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ

Source: Luxury Lifestyle Magazine
ကိုယ်ခံအားနည်းတဲ့လူတွေဟာ တခြားပုံမှန်လူတွေထက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို တစ်ကြိမ်အနည်းဆုံး ရေပုံမှန်ချိုးပေးပါ။ အဝတ်အစားတွေကိုလည်း ပုံမှန်လျှော်ဖွတ်ပြီး နေရောင်အောက်မှာ ခြောက်သည့်အထိ လှန်းပေးပါ။ ခြေသည်းလက်သည်းတွေပုံမှန်ညှပ်ပေးတာအပြင် ခန္ဓာကိုယ်သန့်ရှင်းရေးကို အမြဲဂရုစိုက်ပေးရပါမယ်။
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ

Source: BetterHelp
ကိုယ်ခံအားနည်းနေတယ်ဆိုရင်တောင်မှသင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလောက်တော့ လုပ်လို့ရပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ လေ့ကျင့်ခန်းလုပ်ပေးပါ။ ခန္ဓာကိုယ်ပေါ့ပါးစေပြီး ကိုယ်ခံအားကောင်းစေမှာပါ။
ဖျားနာနေသူတွေနားမှာမနေပါနဲ့

Source: MarketWatch
သင်က ကိုယ်ခံအားနည်းတဲ့သူဆိုရင် သာမာန်လူတွေထက် ရောဂါပိုး ကူးစက်နိူင်ခြေ ပိုများနေတက်ပါတယ်။ ဒါ့ကြောင့် ဖျားနာနေတဲ့လူတွေအနားကို မကပ်ပါနဲ့။ ဖျားနာသူတွေနဲ့ တစ်ပန်းကန်တည်း တူတူစား၊ တစ်ခါက်တည်း တူတူသောက်တာမျိုးကိုလည်း ရှောင်ပါ။
