ငယ်တုန်းရွယ်တုန်း အများက အားကျစရာကောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်မျိုး ပိုင်ဆိုင်ခဲ့ဖူးတယ်ဆိုတာ ပုံပြင်မဟုတ်ကြောင်း လက်ရှိကိုယ့် Body နဲ့ သက်သေပြလို့ ရပါတယ်။ ကိုယ်ခန္ဓာဆိုတာ ထိန်းသိမ်းတတ်ရင် ကြာကြာနုပျိုပြီး အရွယ်တင်ပါတယ်။ တကယ်တော့ သင့်ကိုယ်ခန္ဓာကို ပုံကျလှပနေအောင် ထိန်းသိမ်းဖို့ အခြေခံအလွယ်ဆုံးအဆင့် ၃ ဆင့်ပဲ ရှိပါတယ်။

(၁) ကျန်းကျန်းမာမာစားပါ

Photo: Freepik

သင်ကြိုက်ပါတယ်ဆိုတဲ့ Pizza နဲ့ Donut တွေစားသုံးမှုကို ဖြတ်တောက်လိုက်ပါ။ ကျန်းမာရေးနဲ့ မညီတဲ့ အစားအစာတွေအစား ကျန်းမာရေးနဲ့ ညီညွတ်ပြီး အဆီနည်းတဲ့ အစားအသောက်တွေ ပိုစားဖြစ်တာဟာ သင့်ကိုယ်ခန္ဓာဖွဲ့စည်းပုံအတွက် ကောင်းပါတယ်။ နေ့တိုင်းမှာ လတ်ဆတ်တဲ့ အသားငါး အသီးအရွက် စားပါ။ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာတွေ ၊ အချိုများ ၊ အငံများတဲ့ အစားအစာတွေ ရှောင်ပါ။

(၂) ကိုယ်လက်လှုပ်ရှားပါ

Photo: Freepik

တက်ကြွထက်သန်တဲ့ ကိုယ်လက်လှုပ်ရှားမှု ရှိခြင်းက သင့်ရဲ့ ကိုယ်ခန္ဓာပုံပန်းသဏ္ဍာန်ပေါ် သက်ရောက်မှုအကြီးကြီး ရှိပါတယ်။ ကိုယ်လက်ကြံ့ခိုင်ရေးအတွက် Gym မကစားနိုင်ရင်တောင် ၊ လမ်းများများလျှောက်တာ ၊ ထိုက်ကျိ/ယောဂကစားတာ ၊ အပင်စိုက်တာ နောက်ဆုံး ကခုန်တာအထိ လုပ်ပေးခြင်းဟာ ကိုယ်အလေးချိန် ကျပြီး အဆီကျသွယ်လျလာစေနိုင်ပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ Diet နှစ်ခုပေါင်းပြီး ပုံမှန်လုပ်ဖြစ်တယ်ဆိုရင် ကိုယ်လုံးကိုယ်ပေါက် လှပဖို့ သေချာပါတယ်။

(၃) ရေဓါတ်ဖြည့်ပါ

Photo: Freepik

ရေဓါတ်ရဲ့ အရေးကြီးမှုကတော့ ပြောစရာ လိုမယ်မထင်ပါဘူး။ ဖိအားများလာချိန်မှာ နှလုံးခုန်နှုန်း မြင့်မားလာပြီး အသက်ရှုမှု ပြင်းထန်လာတတ်ပါတယ်။ ရလဒ်ကတော့ ခန္ဓာကိုယ်ဟာ အရည်ဓါတ်ဆုံးရှုံးလာတာပါပဲ။ ထပ်ပြီး ပြောရမယ်ဆိုရင် လူတွေဟာ စိတ်ရှုပ်ထွေးနောက်ကျလာချိန်မှာ စားဖို့ သောက်ဖို့ပါ မေ့တဲ့ အထိ ဖြစ်တတ်ပါတယ်။ ဒီလိုမျိုး စိတ်ဖိစီးမှုများလေလေ ပုံမှန်ထက် ရေကို ပိုသောက်ပေးဖို့ လိုတယ်ဆိုတာ သတိရလိုက်ပါ။

ဗိုက်ဆာတယ်လို့ ခံစားရရင် သံပုရာရည် ခပ်နွေးနွေးလေး သောက်သင့်ပါတယ်။ များသောအားဖြင့် လူတွေက ဗိုက်ဆာတယ်လို့ ထင်ပြီး စားလိုက်ပေမယ့် တကယ်တမ်းမှာတော့ ခန္ဓာကိုယ်က ရေဓါတ် ပိုပြီး လိုအပ်နေတတ်ပါတယ်။ ရေများများသောက်သုံးခြင်းဟာ ကိုယ်တွင်းအင်္ဂါစနစ် သန့်ရှင်းစေပြီး ကယ်လိုရီကျဆင်းစေသလို အသားအရေလည်း ကြည်လင်သန့်ရှင်းစေပါတယ်။

အခုပြောတဲ့ နည်းလမ်း ၃ ခုကို ပုံမှန် အလေ့အကျင့်လို‌ နေ့တိုင်း လုပ်ဆောင်သွားမယ်ဆိုရင် နုပျိုပေါ့ပါးပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။