သင်ဟာ လူတွေနဲ့ ထိတွေ့ဆက်ဆံရမှာကြောက်ပြီး တစ်ကိုယ်တည်း တသီးတသန့် နေတက်တဲ့ Introvert တစ်ယောက်လား။ Introvert ဖြစ်တယ်ဆိုတာ အားနည်းချက်တစ်ခု မဟုတ်ပါဘူး။ သို့သော်တစ်ချိန်မှာ လူတွေနဲ့မဖြစ်မနေ ထိတွေ့ဆက်ဆံဖို့လိုလာတဲ့အခါ ၊ အလုပ်အကိုင် လိုအပ်ချက်တွေအရ လူတွေရှေ့ထွက်ရတဲ့အခါမျိုးမှာ အခက်အခဲမဖြစ်စေဖို့ ပြုပြင်ပြောင်းလဲလို့ရနိုင်မယ့် နည်းလမ်းကောင်းတချို့ကို ပြောပြပေးချင်ပါတယ်။

(၁) တစ်ကိုယ်တည်း အချိန်မကုန်ဆုံးပါနဲ့

African American man showing thumb up, telling story to interested attentive friends, sitting, drinking coffee in cafe together, smiling multiethnic friends discussing, talking, chatting

Photo : Unsplash

Introvert တွေဟာ အချိန်တော်တော်များများကို တစ်ကိုယ်တည်း တသီးတသန့်နေတက်ကြတာများပါတယ်။ တကယ်တော့ လူတွေကြားထဲဝင်ဆန့်ဖို့ဆိုတာ လူတွေနဲ့များများ ထိတွေ့ဆက်ဆံပေးရမှာပါ။ ဒါကြောင့် အားလပ်ချိန်တွေမှာ အမြဲတမ်းတစ်ယောက်တည်းဖြတ်သန်းတာထက် မိသားစုဝင်တွေ ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အချိန်များများပိုကုန်ဆုံးသင့်ပါတယ်။

(၂) ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ

 Young man posing infront of mirror

Photo : Freepik

လူစိမ်းတွေနဲ့ စကားပြောဆိုဖို့ ဆိုတာ သာမာန်လူတွေအတွက်တောင် အခက်အခဲအနည်းငယ်ရှိနိုင်ပါတယ်။ ဒါပေမယ့် ပြောလေ့ပြောထရှိဖို့ပါပဲ။ တစ်ကြိမ်နှစ်ကြိမ်လောက် ကြိုးစားပြီး ပြောဆိုကြည့်လိုက်တာနဲ့ နောက်ပိုင်းတဖြေးဖြေးကျင့်သားရလာရင် အဆင်ပြေသွားမှာပါ။ ဒါကြောင့် အရင်ဆုံးလူစိမ်းတွေနဲ့ စကားပြောကြည့်ဖို့ ကိုယ့်ကိုယ်ကို စိန်ခေါ်ကြည့်ပါ။ အနည်းဆုံးတော့ သူငယ်ချင်းတွေရှေ့မှာထွက်ပြီး အတွေ့ အကြုံကောင်းတွေ မျှဝေပြောဆိုတာ ၊ တစ်နေ့တာကြုံတွေ့ရမှုတွေကို မိသားစုဝင်တွေထံ ပြန်လည်မျှဝေတာ ၊ တစ်ယောက်တည်းမှန်ရှေ့ရပ်ပြီး စကားပြောကြည့်တာမျိုးနဲ့ လေ့ကျင့်ယူလို့ရနိုင်ပါတယ်။

(၃) လူမှု့အဝန်းအဝိုင်းကို ချဲ့ထွင်ပါ

 Two Young Men Greeting On City Street With Fist Bump

Photo : iStock

Introvert အများစုက ပေါင်းနေကျ သူငယ်ချင်းတစ်ယောက်လောက်ရှိရင်ပဲ သူတို့အတွက် အဆင်ပြေနေပြီလို့ ယူဆတက်ကြသူတွေပါ။ လူတွေနဲ့ပိုပြီး ထိတွေ့ဆက်ဆံပြောဆို နိုင်ဖို့ဆို သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေး အဝန်းအဝိုင်းကို ချဲ့ထွင်ဖို့ လိုမှာဖြစ်ပါတယ်။ ဒါကြောင့် သင်တန်းတွေတက်တာ ၊ လူမှုရေးအသင်းအဖွဲ့တွေမှာ လုပ်အားပေးတာ စတဲ့ လှုပ်ရှားမှုတွေမှာပါဝင်ပြီး သူစိမ်းတွေနဲ့ မိတ်ဆွေအသစ်တွေဖွဲ့ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၄) အတွေးတွေကို စကားသံအဖြစ် ပြောင်းလဲလိုက်ပါ

 Men talking and clapping in group

Photo : SpunOut

Introvert တွေက များသောအားဖြင့် တစ်ယောက်တည်း စိတ်အာရုံထဲမှာပဲ အတွေးတွေနဲ့ ရှင်သန်လေ့ရှိကြပါတယ်။ Extrovert တွေကတော့ အတွေးတွေကို စကားအဖြစ် အသံထွက်ပြောကြသူတွေပါ။ ဆိုတော့ သင့်အနေနဲ့ အတွေးတွေထဲမှာပဲ လွင့်မျောမနေပဲ ကိုယ့်ရဲ့စိတ်ကူး စိတ်သန်းတွေကို တခြားသူတွေကိုမျှဝေတာ ၊ အကြံဉာဏ်ကောင်းတွေပေးတာစသည်ဖြင့် အတွေးတွေကို ပါးစပ်ကနေ ဖွင့်ဟ ပြောဆိုခွင့်ပြုလိုက်ပါ။ ကိုယ်ပြောလိုက်တာမှားသွားမလား ဆိုတာမျိုးလည်း စိုးရိမ်စိတ်မများပါနဲ့။ လူတွေနဲ့ များများပြောဆိုဆက်ဆံဖို့ပဲ အရေးကြီးတာဖြစ်ပါတယ်။

Featured Photo : AskMen