တစ်ချို့ရက်တွေမှာ ဘာမှမလုပ်ချင်မကိုင်ချင်လောက်အောင်ပဲ ပျင်းနေတဲ့အချိန်မျိုးတွေကြုံဖူးကြမယ် ထင်ပါတယ်။ အားလပ်ရက်တွေလိုထွေထွေထူးထူးလုပ်စရာမရှိတဲ့အချိန် ပျင်းတာက ပြဿနာမရှိပေမယ့် လုပ်စရာအလုပ်တွေတန်းစီးရှိနေတဲ့ နေ့မျိုးတွေမှာ ပျင်းနေရင်တော့ အလုပ်ပြီးမြောက်ဖို့ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်လာနိုင်ပါတယ်။ ဒီတော့ ဘာမှမလုပ်ချင်မကိုင်ချင် ပျင်းရိနေတဲ့စိတ်ကို တွန်းလှန်နိုင်ဖို့ နည်းလမ်းကောင်းတချို့ကိုပြောပြပေးချင်ပါတယ်။

ပေါ့ပေါ့ပါးပါးအလုပ်တစ်ခုနဲ့စတင်ပါ

programmer using digital tablet while sitting at workplace near african american colleague

Photo : Crello

ခေါင်းထဲမှာ စီထားတဲ့ မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်တွေထဲက ကိုယ်လတ်တ လော ထလုပ်ရလွယ်မယ့် ပေါ့ပေါ့ပါးပါး တာဝန်တစ်ခုကို ပထမဆုံးထလုပ်လိုက်ပါ။ ကိုယ်ကိုယ်တိုင်လည်း စိတ်ပါမယ့်အလုပ်တစ်ခုဖြစ်ပါစေ။

မလုပ်မဖြစ် လုပ်ရမှာတွေကို စိတ်ထဲစီကြည့်ပါ

Thoughtful businessman working with laptop in armchair

Photo : Crello

ကိုယ်က ပျင်းနေပေမယ့်လည်း မလုပ်မဖြစ်လုပ်ရမယ့် တာဝန်တွေ၊ ဝတ္တရားတွေကတော့ ရှိနေစမြဲပါပဲ။ ဒီတော့ ကိုယ်မဖြစ်မနေ လုပ်ရမယ့် အလုပ်တွေကို အရင်ဆုံး ခေါင်းထဲမှာစီကြည့်ပါ။ အစဉ်လိုက်တိုင်း ကိုယ်လုပ်ရမယ့်အလုပ်တွေကို စဉ်းစားကြည့်လိုက်ပါ။

ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်လိုက်ပါ

handsome businessman with laptop showing ok sign

Photo : Crello

အချိန်တစ်ခုသတ်မှတ်ပြီး ဒီအချိန်အတွင်းမှာ ကိုယ်မဖြစ်မနေလုပ်ရမယ့် အလုပ်ဘယ်နှခုကို ပြီးမြောက်အောင်လုပ်မယ်ဆိုပြီး ကိုယ့်ဘာသာကိုယ် ရေရွတ်စိန်ခေါ်လိုက်ပါ။ ပျင်းရိနေမယ့်အစား ဒီတစ်နာရီအတွင်းမှာ ဒါမှမဟုတ် ဒီတစ်နေ့အတွင်းမှာ ငါဘယ်အလုပ်တွေကို ပြီးမြောက်အောင်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပါ။

ကိုယ့်ကိုယ်ကိုယ် ဆုချပါ

man in earphones listening music near laptop in cafe

Photo : Crello

ကိုယ့်ဘာသာ တစ်ကိုယ်တည်း ရေရွတ်စိန်ခေါ်ထားတဲ့ အရာတွေကို ကိုယ်တကယ် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ်ဆုချလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အပျင်းတစ်နေတဲ့ သင့်အတွက် ဒီလိုလုပ်ဆောင်မှုတွေကို တကယ်ဆောင်ရွက်နိုင်ခဲ့တယ်ဆိုရင် ဒါဟာထိုက်တန်ပါတယ်။ ကိုယ် တကယ်လိုချင်နေတဲ့ လိုအပ်နေတဲ့အရာတစ်ခုခုကို ကိုယ့်ကိုယ်ကိုယ် လက်ဆောင်အဖြစ် ချီးမြှင့်လိုက်ပါ။

Featured Photo Source : Crello