Negative ဆန်တဲ့အတွေးအမြင်တွေဆိုတာ သင့်ဘဝရဲ့ ပျော်ရွှင်မှုကို တိုက်စားနေတဲ့ အကြီးမားဆုံး အရာတစ်ခုပါ။ အဆိုးမြင်စိတ်တွေများလာရင် ဘဝရဲ့ ရှင်သန်ခြင်းအဓိပ္ပါယ်တွေမဲ့လာပြီး အရာရာကို လက်မြှောက်အရှုံးပေးချင်တဲ့စိတ်တွေ ဖြစ်လာတက်ပါတယ်။ သင့်ဘဝကို အရိုးရှင်းဆုံးနဲ့ ပျော်ရွှင်စွာဖြတ်သန်းချင်တယ်ဆိုရင်တော့ အဆိုးမြင်စိတ်တွေ ထိန်းချုပ်တားဆီးဖို့  သေချာပေါက်လိုပါတယ်။

ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အဆိုးမြင်တဲ့စိတ်တွေကို ထိန်းချုပ်နိုင်မယ့် အခြေခံကျဆုံး နည်းလမ်း ၃ ခုကို ပြောပြပေးချင်ပါတယ်။

(၁) အဆိပ်အတောက်ဆန်တဲ့ အရာတွေနဲ့ အဆက်ဖြတ်ပါ

Asia man sitting thinking

Photo : Freepik

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ Negative သဘောဆောင်တဲ့ အဆိပ်အတောက်ဆန်တဲ့ အရာတွေ အများကြီးရှိပါတယ်။ လူမှုကွန်ယက်ပေါ်က သတင်းဆိုးတွေ ၊ မိတ်ဆွေအတုအယောင်တွေ ၊ ပျော်ရွှင်မှုမရှိတဲ့ အချစ်ရေး စတဲ့အရာတွေပါပဲ။ ဒီလို အဆိပ်အတောက်ဆန်တဲ့အရာတွေက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေအပေါ် ဆိုးရွားတဲ့သက်ရောက်မှုရှိစေပြီး အဆိုးမြင်စိတ်တွေ များလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တက်နိုင်သလောက် အဆိပ်အတောက်ဆန်တဲ့အရာတွေကို မိမိဘဝထဲက ဖယ်ထုတ်ရှင်းလင်းလိုက်ပါ။

(၂) မကောင်းတဲ့အတွေးတွေစစ်ထုတ်ပြီး ကောင်းတဲ့အရာတွေများများတွေးပါ

 man sitting thinking

Photo : HelpGuide.org

သင့်ခေါင်းထဲကို ဝင်လာတဲ့အတွေးမှန်သမျှကို ပြန်လည်ဆန်းစစ်ပြီး မကောင်းမြင်တဲ့ အတွေးတွေပေါ်လာရင် စစ်ထုတ်ဖယ်ရှားဖို့ ကိုယ့်ကိုယ်ကို သတိပေးရပါမယ်။ မကောင်းတဲ့အတွေးတွေ ၊ အပျက်သဘောင်ဆောင်တာတွေ တွေးမိနေပြီဆို ချက်ချင်းပဲ ရပ်တန့်လိုက်ပါ။ မကောင်းတဲ့အတွေးတွေနေရာမှာ  အပြုသဘောဆောင်တာတွေ များများပြောင်းတွေးကြည့်ပါ။ အကောင်းဘက်က တွေးပေးခြင်းဟာ ဘဝမှာကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေ အခက်အခဲ ပြဿနာတွေကိုတောင်မှာ စိတ်ပင်ပန်းမှုနည်းနည်းနဲ့ အေးအေးဆေးဆေးကျော်ဖြတ်သွားနိုင်မှာ ဖြစ်ပါတယ်။

(၃) လက်ရှိပစ္စုပန်ကိုပဲ အပြည့်အဝအာရုံစိုက်ပါ

man sitting thinking

Photo : Northwestern Medicine

အဆိုးမြင်စိတ်တွေနည်းချင်ရင် နောက်ကြောင်းလည်းပြန်မလှည့်ပါနဲ့ ၊ ရှေ့ကိုလည်းကြိုမတွေးပါနဲ့ လို့ လူကြီးသူမတွေ ဆုံးမထားကြပါတယ်။ ဟုတ်ပါတယ် အတိတ်ကိုပြန်သွားပြီ ပူဆွေးသောကရောက်တာ ၊ အနာဂတ်ကိုကြိုတွေးပြီး ပူပင်ရတာတွေဟာ သင့်ကိုအဆိုးမြင်စိတ်နဲ့ စိတ်ပင်ပန်းမှုတွေပဲ ပိုဖြစ်စေမှာပါ။ အဓိက ကတော့လက်ရှိပစ္စုပန်ကိုပဲ အာရုံစိုက်ပြီး အကောင်းဆုံးလုပ်ဆောင်နေဖို့ပဲ အရေးကြီးတာဖြစ်ပါတယ်။

Featured Photo : O*Diaries – Womanizer