Relationship တစ်ခုတည်ဆောက်ပြီဆိုရင် ပျော်ရွှင်ရတဲ့ အချိန်တွေရှိသလို ပြဿနာတွေနဲ့ စိတ်ညစ်ရတဲ့အချိန်တွေဆိုတာလည်းရှိပါတယ်။တစ်ခါတစ်လေ ဘာမဟုတ်တဲ့အကြောင်းအရာလေးတစ်ခုကနေ အကြီးအကျယ် ရန်ဖြစ်စကားများရတာမျိုးတွေ ကြုံရတက်ပါတယ်။ သင်အခုလက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ရေးမှာ အမြဲလိုလိုပြဿနာတွေနဲ့ ပိတ်လှောင်မွန်းကျပ်နေရတယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်တွေ လုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။
(၁) ညှိနှိုင်းပါ

Source : Shutterstock
တစ်ယောက်နဲ့ တစ်ယောက်ညှိနှိုင်းပြောဆိုဆက်ဆံခြင်းက ပြဿနာတွေတော်တော်များများကိုဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတစ်ခုပါ။ ကိုယ်က ဘယ်လိုအရာတွေမကြိုက်ဘူးလဲ သူကရောဘယ်အရာတွေမကြိုက်ဘူးလဲ စသည်ဖြင့် မကြိုက်တဲ့အချက်တွေ တစ်ယောက်နဲ့တစ်ယောက်ပြောပြပြီး ညှိနှိုင်းမယ်ဆိုရင် လက်ရှိ ပြဿနာဖြစ်နေရတဲ့ အခြေအနေထက် ကောင်းမွန်တဲ့ရလဒ်တစ်ခု ထွက်လာမှာဖြစ်ပါတယ်။
(၂) နားထောင်ပေးပါ

Source : Shutterstock
စကားများရန်ဖြစ်ကြပြီဆိုရင် ကိုယ့်ရဲ့အတ္တကိုရှေ့တန်းတင်မိကြတာ သဘာဝပါ။ကိုယ်မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အနိုင်မခံအရှုံးမပေးချင်တဲ့ စိတ်တွေနဲ့ စကားနိုင်လုကြတာမျိူးရှိပါတယ်။တကယ်တော့ တစ်ဖက်ကခံစားချက်မှာ ကိုယ်မမြင်နိုင်တဲ့အရာတွေ ရှိနေတက်ပါတယ်။ဒါကြောင့်ဒေါသစိတ်တွေလျော့ပြီး အရင်ဆုံးတစ်ဖက်ကလူရဲ့စကားတွေကို သေချာနားထောင်ပေးဖို့ အကြံပြုချင်ပါတယ်။
(၃) အလျော့ပေးပါ

Source : Shutterstock
မိန်းကလေးအများစုကတော့ အနိုင်လိုချင်စိတ် ကိုယ်ချစ်သူအပေါ်ဆိုးချင်တဲ့ စိတ်တွေကြောင့် တော်ရုံအလျော့ပေးမှာမဟုတ်ပါဘူး။ယောကျာ်းလေးတွေဘက်ကပဲ အလျော့ပေးရမှာဖြစ်ပါတယ်။တစ်ဘက်နဲ့ တစ်ဘက်ပြဿနာတွေကို ဆွဲဆန့်နေကြမယ်ဆိုရင် အခြေအနေက ပိုမိုတင်းမာလာဖို့ပဲရှိပါတယ်။တစ်ဖက်ကလျော့ရင်တစ်ဖက်ကလည်းသူ အလိုလိုလျေ့ာလာမှာပါ။ဒါကြောင့်ပြဿနာဖြစ်ပြီဆိုရင် ကိုယ့်ဘက်က အတက်နိုင်ဆုံးအလျော့ပေးဖို့ အကြံပြုချင်ပါတယ်။
(၄) အရွဲ့မတိုက်ပါနဲ့

Source : Shutterstock
စုံတွဲတော်တော်များများ ပြဿနာဖြစ်ကြတဲ့အခါ တစ်ယောက်ကိုတစ်ယောက်အရွဲ့တိုက်ကြတာမျိုး လုပ်တက်ကြပါတယ်။တကယ်တော့ အရွဲ့တိုက်တယ်ဆိုတာ ပြဿနာကို ပြေလည်သွားဖို့ထက် ပြဿနာပိုကြီးဖို့ကိုဦးတည်နေပြီး မလိုလားအပ်တဲ့ ဆိုးကျိုးတွေကိုလည်း ဖြစ်စေပါတယ်။ဒါကြောင့်ရန်ဖြစ်ရင် တစ်ယောက်ကိုတစ်ယောက် အရွဲ့မတိုက်မိဖို့ ထိန်းချုပ်သင့်ပါတယ်။ ဒါဆိုပြဿနာနည်းပြီး ရန်ဖြစ်ရတဲ့အခြေအနေတွေ လျော့နည်းသွားမှာပါ။
