ဝန်ထမ်းတော်တော်များများဟာ သူတို့ အလုပ်ကို မကြိုက်ကြပါဘူး။ မနက်တိုင်း တာဝန်အရ ရုံးသွား ၊ အလုပ်လုပ်ပြီး အိမ်ပြန်ဆိုတဲ့ သံသရာထဲမှာ နေထိုင်ရင် ပိုလို့တောင် အလုပ်ကို မုန်းလာကြပါတယ်။ ဒီထဲမှာ သင်လည်း ပါနေရင် ကိုယ့်အလုပ်ကို မုန်းနေတာကို ရပ်တန်ဖို့ ဒီအချက်လေးတွေ လုပ်ပေးသင့်ပါတယ်။

(၁) မတူကွဲပြားတာလေး လုပ်ပေးပါ

Photo: Freepik

ဘာမှမလုပ်ရင် ဘာမှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ အလုပ်မှာ စိတ်အပြောင်းအလဲ ဖြစ်ရင် ပျော်လာနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လုပ်ရိုးလုပ်စဉ်ကနေ ခွဲထွက်ပြီး ကိုယ်စိတ်ဝင်စားတဲ့ အရာလေးတွေလည်း စမ်းလုပ်ကြည့်သင့်ပါတယ်။ ဥပမာ- ဂီတသင်တန်းတက်တာ ၊ ခရီးသွားတာ ၊ ဘာသာစကားသစ် သင်တာ ၊ အလုပ်သစ်ရှာတာ ၊ ပိုကောင်းတဲ့ ပန်းတိုင်လေးတွေ ထားတာမျိုးပေါ့။ အရေးကြီးတာက သက်တောင့်သက်သာ အလိုက်သင့် နေနေတဲ့ ပုံစံကနေ ကိုယ့်ကိုယ်ကိုယ် ဆွဲထုတ်လိုက်ဖို့ ဖြစ်ပါတယ်။ ကိုယ့်ကို Motivation ပေးမယ့် စိန်ခေါ်မှုသစ်တွေကို လက်ခံလိုက်ပါ။ လက်ရှိအနေအထားထက် ပိုကောင်းမယ့် ၊ ကိုယ်လည်း ပိုကျေနပ်မယ့်အရာတွေနောက်ကို လိုက်ကြည့်လိုက်ပါ။

(၂) အကောင်းမြင်စိတ်မွေးပါ

Photo: Freepik

သဘောထားပြောင်းလဲခြင်း သိပ်ကို အရေးကြီးပါတယ်။ သင့်အမြင်တွေကြောင့် စိတ်ပင်ပန်းခဲ့ရတာတွေလည်း အများကြီး ရှိနိုင်ပါတယ်။ အလုပ်မှာ ပျော်ချင်တယ်ဆိုရင် လက်ရှိအနေအထားလေးကို ကောင်းမွန်တဲ့အသွင်နဲ့ မြင်နိုင်အောင် လုပ်ဖို့ လိုပါတယ်။ အပြုသဘောမြင်တတ်ခြင်းဟာ အလုပ်ကို မုန်းနေတာကို ရပ်တန့်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။

(၃) ရုံးထဲမှာ မိတ်ဆွေတွေ ရှိပါစေ

Photo: Freepik

သင့်အလုပ်က လူတွေနဲ့ အဆင်မပြေရင် သင့်လောကကြီးက စိတ်ပျက်စရာကြီး ဖြစ်မှာပါ။ ကိုယ်ရောက်နေတဲ့ နေရာမှာ ကိုယ့်ကို ချစ်ခင်တဲ့ ၊ ကိုယ်ကလည်း ချစ်ခင်ရတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ရှိပါစေ။ ဒါဆိုရင် ဘယ်နေရာရောက်ရောက် ပျော်စရာကောင်းမှာအမှန်ပါပဲ။